Pages

30 October 2009

တည်မြဲခွင့်ရှိပေမယ့် ...

မိုင်တွေကွာဝေးနေပါစေ
ဘယ်တော့မှ မဆွေးဘူး
မင်းကိုချစ်တဲ့ သွေးတွေ ငါ့နှလုံးသားထဲ
စီးဆင်းနေတယ် ...
လှည့်ပြေးနေတဲ့ အတွေးတွေနဲ့
ပျော်မွေ့တဲ့ နားခိုရာဟာလဲ
အမြဲတမ်း မင်းအကြောင်းတွေသာဖြစ်တယ်
အသက်ရှင်နေသရွေ့ပေါ့ ...
မမေ့လျော့တဲ့ စိတ်နဲ့
ငါ့နှလုံးသားမှာ အနက်ရှိုင်းဆုံး
မင်းရှိမယ် ...
အစွဲလန်းကြီးတဲ့ ငါ့အတွက်
အချစ်ကိုပြောင်းလဲဖို့ရာ
အချစ်ဆိုတာ အသုံးမဝင်တော့ပါဘူး
ငါ့ရင်ဘက်ထဲက နင့်အတွက် တစ်စုံတစ်ရာ
ခိုင်မှာသေချာနေတုန်းပဲ
အမုန်းဝင်္ကပါ တစ်ခုမှန်းသိတဲ့နောက်
ထွက်ပေါက်ကို မရှာဖွေချင်တော့ဘူး
မင်းပေးတဲ့ အမုန်းဆူး
ငါ့နှလုံးသားကို ဆူးပါစေတော့
မခွဲတမ်းချစ်ခွင့်မရှိပေမယ့်
အမြဲတမ်းတော့ ချစ်တယ် ...

0 comments:

Post a Comment