Pages

24 October 2009

အပြစ်မမြင်ပါ ချစ်သူ ............

အေးချမ်းလွန်းတဲ့ ဆောင်းမနက်မှာ
ငါ့ ရင်ထဲ က အပူ မီးကြောင့် မအေးနိုင်ပါ ချစ်သူ...
နင့် ကို လေ အားလုံးကပြောနေကြတယ်
ရက်စက်မှု အပေါင်း သရဖူ ဆောင်း
ဘီလူးခေါင်း နဲ့ မင်းသားလေးတဲ့...
အများရဲ့ စကား မယုံကြည်ဘဲ
နင့် ကို ယုံလို့ ...
ရဲရဲ ဝံ့ဝံ့ မျက်စိမှိတ် ချစ်မိခဲ့တဲ့
ငါ့ မှာတော့ လေ...
နင် ပေးခဲ့တဲ့ လွမ်းဆွတ်ဝေဒနာ
ရင်မှာ ပိုက်လို့...
အများတကာရဲ့ မေးငေါ့ ပြစ်တင်
အတင်းစကားများကြား
မျောနေခဲ့တယ်...
နင် ကတော့လေ
အချိုးမပြောင်း..
နောက်တစ်ယောက်နဲ့
အကြည့်ချင်းဆုံအပြုံးဖလှယ်ကြည်နူးနေပြန်တယ်နော်
နင် ပျော်နေတယ် မဟုတ်လား ချစ်သူ
ငါ မျက်ရည် နဲ့ နင်ပျော်ဖို့ အတွက် ခြေဆေးမယ် ဆိုရင်တောင်....
နင့် ကို ငါ အပြစ်မမြင် ထာဝရ ခွင့်လွှတ်နေပါ့မယ် ချစ်သူ

0 comments:

Post a Comment