Pages

28 October 2009

သတိတရားနှင့် သက်ဆိုင်သောစကားများ

1။ သတိဆိုတာ အာရုံများနှင့် ဆက်ဆံတယ်။ သမာဓိဆိုတာ အာရုံတစ်မျိုးတည်းနဲ့ပဲ ဆက်ဆံတယ်။ သတိကို အရှိန်ရလာအောင် လုပ်ပါ။ သမာဓိက သူ့အလိုလိုဖြစ်သွားမယ်။ ကိုယ်က အတင်းလုပ်စရာ မလိုဘူးနော်။ သတိကိုသာ အရှိန်ရလာအောင် လုပ်ရမယ်။

* * * * ** * * ** ** * ** ** ** * ** ** * ** ** * **

2။ အမှုမဲ့ အမှတ်မဲ့ ဆိုတာက၊
အမှုမဲံလို့ အမှတ်မဲ့တာပဲ။

* * * * ** ** ** * ** * ** ** * ** * ** *

3။ သတိတရားနှင့် ပတ်သက်ပြီး ပြောရရင်၊ သတိတစ်လုံး လက်ကိုင်သုံး၊ ပြုံးပြုံးလွန်ချမ်းသာဆိုသော စကားအတိုင်း နေရာတကာမှာ သတိဟာ တမံပဲ။

* * ** * ** *** * ** *** ** **

4။ သတိမြဲမြံ၊ ပစ္စုပ၌န် မှတ်ရန် အလုပ်ချိန်
သတိ၊ သတိ၊ အစဉ်ရှိ၊ မိမိ အကျိုးရ။

* * * * * * * * * ** * * * * * * *

5။ စိတ်မပုတ်အောင် သတိဆောင်၊ သိုလှောင်သိမ်းပြီးသုံး။
သတိနှင့်သာ၊ သိုလှောင်ပါ၊ ဘယ်ခါ စိတ်မပျောက်။
မိမိစိတ်ထဲ သတိစွဲ၊ အမြဲအရောင်တောက်။

* * * ** * * ** * ** * ** * ** *

6။ သတိရှေ့သွား၊ ပြုသူကား၊ ကြီးပွားတိုးတက်ရာ
သတိကင်းမဲ့၊ မြုတုံခဲ့၊ ကဲ့ရဲ့ဖွယ်ရာသာ။

* * * * * ** * * * * * ** *

0 comments:

Post a Comment