Pages

15 November 2009

3

ချစ်သူရေ
လူတွေမှာ မာန်တွေ၊ မာနတွေ၊ အတ္တတွေ၊ အ၀ိဇ္ဖာတွေ၊ ငါမှငါသိ၊ ငါမှငါတတ်၊ ငါမှ သူများထက်သာဆိုတဲ့ လူတွေရှိတတ်တယ်။ အဲဒီလို လူမျိုးတွေက ချစ်သူကို လာပြီး ပြိုင်မယ်ဆိုရင်၊ ချစ်သူလုပ်နေတဲ့ အလုပ်ကို ရေငုံနှုတ်ပိတ်နေပစ်လိုက်ပါ။ အဲချစ်သူက သန့်သန့်နဲ့ ချစ်သူလုပ်နေတာတွေ ခရေစေ့တွင်းကျသွားပြီး ပြောလိုက်ရင်တော့
ချစ်သူကိ ပြိုင်တဲ့လူရဲ့ ပါးစပ်က ထွက်လာမယ့်စကားတွေက ပန်းပွင့်တွေမဖြစ်နိုင်ဘူး။ လေပြေ လေညှင်းတွေ မဖြစ်နိုင်ဘူး။ အေးမြတဲ့ နှင်းစက်တွေ မဖြစ်နိုင်ဘူး။ ကြည်နှုးစရာ အရယ်အပြုံးတွေစကားတွေ မဖြစ်နိုင်ဘူး
အဲဒီလူရဲ့ နှုတ်က ထွက်လာမယ့် စကားတွေဟာ မာရ်နတ်စစ်သည်တွေရဲ့ အသံထက်ကြောက်စရာကောင်းတဲ့ စကား၊ သေမင်းရဲ့ ရယ်သံလို ကြောက်စရာစကားတွေပဲ ထွက်လာလိမ့်မယ်....
ဘာပြုလို့လဲဆိုရင်
အဲဒီလူဟာ ချစ်သူကို အမြဲတန်းပြိုင်ပြီး ချစ်သူကို အမြဲတန်းရန်ပြုနေလို့ပါပဲ။
ချစ်သူအပေါ်ထားတဲ့ မနာလိုစိတ်တွေဟာ၊ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားစွာ ပြပါလိမ့်မယ်။ ချစ်သူရေ
သတိထားနော် ။

0 comments:

Post a Comment