Pages

15 November 2009

4

ချစ်သူရေ......
  • လောကမှာ လူတွေကို မခင်မင်လို့မရဘူး။ မိတ်ဆွေအဖြစ် မပေါင်းသင်းလို့မရဘူး။ ခင်ခင် မင်မင်နဲ့ ခေါ်ရ ပြောရ၊ တစ်ဦးနဲ့တစ်ဦး အကူအညီယူကြရတယ်လေ။ ချစ်သူကတော့ စစ်မှန်တဲ့ မိတ်ဆွေကိုရှာပြီး ပေါင်းသင်းချင်မှာ ပဲလေ.........
  • ဒါပေမယ့် ......... ချစ်သူရယ်
  • အတုတွေ အများကြီးပါ။ ပြုံးသလိုလိုနဲ့ ရင်ထဲက ငိုနေတာတွေ၊ အလိုလိုက်သလိုလိုနဲ့ ရင်ထဲ ခံပြင်းနေ တာတွေ၊ ကြည့်ဖြူသလိုလိုနဲ့ ရင်ထဲ ဒေါသဖြစ်နေတဲ့လူတွေ........
  • အဲဒီလူတွေရှိတယ်။ ပြောရရင်....... မိတ်ဆွေ အတုတွေပေါ့။ အဲသလို မိတ်ဆွေတွေကို ဝေးဝေးက ရှောင်ပါ။ ချစ်သူက ဝေးဝေးရှောင်လေ အဲဒီလူရဲ့ ရင်ထဲ ခံစားရလေပါ။ ဒါပေမယ့် ကိုယ့်ကို ဓားနဲ့ထိုးသတ်မယ့်လူကို ချစ်သူကျောပိုးထားရင်တော့ ချစ်သူတရားခံပဲပေါ့...............
  • တကယ်တော့......
  • အပြောချိုချိုနဲ့............. အပြုံးမြမြပြုံးပြီး ...........လိုလားဟန်ပြနေတဲ့ လူရဲ့ မျက်လုံးတွေက စကားပြောတတ်ကြတယ်။
  • ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ မနာလိုစိတ်က မျက်လုံးတွေကို ထင်ဟက်နေစမြဲပဲ မဟုတ်လား..........

0 comments:

Post a Comment