Pages

1 November 2009

* * ဖူးစာရေး နတ်မင်းသို့တောင်းခံလွှာ * *

** ဖူးစာရေး နတ်မင်းကြီးရယ်
မဆုံစေချင်ရင်လည်း
မကြုံပေးပါနဲ့လား။

** ခဏတာ တွေ့ကြုံရပြီး
တစ်သက်တာ မမေ့နိုင်တဲ့ ချစ်ခြင်းတွေနဲ့
ခဏ်မခတ်လိုကပါနဲ့။

** မျက်လုံးစာ မတတ်တဲ့
ချစ်သမီးအတွက်
ဖွင့်ဟသံတွေလည်း
မပိတ်ပင်လိုက်ပါနဲ့။

** ဆိုင်သူမသိဘဲ
တိတ်တိတ်လေး လွမ်းရတာလည်း
မောလှပါတယ်။

** အတိတ်ကို မေ့ချင်ပေမယ့်
မနေ့ကလို ထင်နေတာလည်း
ခက်လှပါတယ်။

** ချစ်ခြင်းတရားက
သစ္စာမဲ့သူကို
သတိရခြင်း နောင်တ တွေနဲ့
အပြစ်ပေးသတဲ့။

**သစ္စာရှိသူအတွက်
ဆုလာဘ်က ဘာတွေလဲ
အသည်းနုတဲ့ ချစ်သမီးအတွက်
ကြမ်းတမ်းတဲ့ အချစ်ခရီးတော့
မဖန်ဆင်းလိုက်ပါနဲ့။

** ဖူးစာရေးနတ်မင်းကြီး၇ယ်
ဖူးစာမဆုံရရင်လည်း
အဖြူအမည်း သဲကွဲစေမယ့်
ရင်တွင်းစကားတွေ ဖလှယ်ရဖို့
ဘ၀တစ်ကွေ့ဝယ်
တွေ့ဆုံခွင့်လေး ရချင်သေးတယ်
တစ်ကြိမ်တစ်ခါကွယ်။

0 comments:

Post a Comment