Pages

15 November 2009

ချစ်သူ အတွက် 7

ချစ်သူရေ.........
  • လောကမှာ အချစ်နဲ့ အမုန်း၊ အပြုံးနဲ့ အမဲ့၊ အထက်နဲ့အောက်၊ အရှေ့နဲ့အနောက်၊ တောင်နဲ့ မြောက်၊ ဖိုနဲ့ မတို့ရဲ့ ကြားမှာဖြစ်ပေါ် ပေါက်ဖွားလာတဲ့ အမှားအယွင်းကြောင့်ပဲ လူတွေဟာ အမှားကို အမှန်ဖြစ်အောင် ပြုပြင်ပြီး ကိုယ့်ဘ၀ကို ထိန်းကျောင်းခဲ့တယ်။ ကိုယ့်ကိုယ်ကို ပြန်လည်ပြုပြင်ခဲ့ကြတယ်။
  • ဒါပေမယ့် ချစ်သူရယ်..........
  • လောကမှာ .......... မမှားတဲ့ ရှေ့နေ။ မသေတဲ့ ဆေးသမား၊ သားသမီးကို မချစ်တဲ့ မိဘ၊ ဖြောင့်ဖြူးတဲ့လမ်းရယ်လို့မှ မရှိတာ.......... ဟုတ်တယ်နော်။
  • အဲဒီတော့ .. စိတ်နဲ့ တည်ဆောက်ထားတဲ့ လူသားတွေဖြစ်တာကြောင့် ဘယ်သူပဲဖြစ်ဖြစ်၊ အမှန်နဲ့  အမှားရဲ့ ကြားမှာ ရပ်နေကြတဲ့ လူချည်းပဲ............
  • ဒီတော့ ........... ချစ်သူရယ်
  • အဲဒီလူသားတွေထဲမှာ ချစ်သူအပါအ၀င်ပေါ့...နော်
  • အားလုံး အားလုံးမလိုလားတဲ့ သူတစ်ယောက်ရှိတယ်။ အဲဒီလူကတော့ ရန်သူပါပဲတဲ့။ ဟုတ်တယ် ချစ်သူရေ......... ရန်သူကင်းတဲ့ လူရယ်လို့ လောကမှာ မရှိပါဘူးတဲ့။ ဟုတ်တယ်မလား ......... ချစ်သူ။

0 comments:

Post a Comment