Pages

2 November 2009

* * နှလုံးသားကို အလှပြင်ပါ * *

  • လူတွေဟာ ရုပ်ကို အလှပြင်သလို နှလုံးသားကိုလဲ အလှပြင်ဖို့လိုပါတယ်။ မိန်းကလေးတစ်ယောက်ဟာ ဆံပင်ကို အလှပြင်တယ်။ မျက်နှာကိုလဲ အလှပြင်တယ်။ တစ်ကိုယ်လုံးကိုလဲ လှပအောင် ၀တ်ဆင်ထားတယ်။ ဒါပေမယ့် စိတ်ထားက မကောင်းဘူး။ ဒေါသမာနတွေနဲ့ ပူနေတယ်။ မနာလို ၀န်တိုစိတ်များတယ်။ ကောက်ကျစ်တယ်။ ရက်စက်ရိုင်းစိုင်းတယ်။ စိတ်ထားကောင်းနဲ့ နှလုံးသားကို အလှမပြင်ဘူး။
  • နောက်တစ်ယောက်ကတော့ ရုပ်သိပ်မလှ ရွက်ကြမ်း ရေချို။ အ၀တ်မဆင်မပြုမပြင်ကလဲ သာမာန်ပဲ။ ဒါပေမယ့် စိတ်ထားကောင်းတယ်။ သူများကို မေတ္တာစေတနာထားတယ်။ ကူညီစောင့်ရှောက်တယ်။ စိတ်ထားကောင်းတော့ နှလုံးသားက လှနေတယ်။
  • အများအမြင်မှာ ဒုတိယမိန်းကလေးက အေးချမ်းကြည်လင်ရှုခြဖွယ်၊ တင့်တယ်လှပနေပါလိမ့်မယ်။ အများအမြင်လှချင်ရင် နှလုံးသားကို အလှပြင်ပါ။

0 comments:

Post a Comment