Pages

1 November 2009

* * ဥပေက္ခာအချစ် * *

သစ္စာတရားက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး လိမ်ညာခြင်းကိုရွေးပါ။
လိမ်ညာခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး တိတ်ဆိတ်ခြင်းကိုရွေးပါ။
တိတ်ဆိတ်ခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး ခွဲခွါခြင်းကိုရွေးပါ။
ချစ်ခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကောင်လေးရေ….
ကျေးဇူးပြုပြီး ငါ့အနားမကပ်ပါနဲ့။

လောင်ကျွမ်းခံဖို့…
ဆေးလိပ်က မီးခြစ်ကို ချစ်မိသလိုမျိုး
အဖျော်ခံဖို့….
သကြားက ရေကို ချစ်မိသလိုမျိုး
စွန့်ပစ်ခံဖို့….
နာကျင်ခြင်းက ပျော်ရွှင်ခြင်းကို ချစ်မိသလိုမျိုး
ငါ့အချစ်တွေ လောင်ကျွမ်း၊ အရည်ပျော်၊ စွန့်ပစ်ခံလို့….

နာကျင်ခြင်းတွေ နှလုံးအိမ်ထဲ ထာဝရခိုအောင်းမနေဖို့
ကောင်လေးရေ….
“ချစ်တယ်” ဆိုတဲ့စကားကို လွယ်လင့်တကူ မပြောပါနဲ့။

အချစ်တစ်မျိုးကို
“ဥပေက္ခာ” လို့ ငါတင်စားခဲ့ပါရစေ….


ပန်းကလေးသိတဲ့ မမနိုင်နိုင်စနေရဲ့ ကဗျာလေးပါ။ ဒီကဗျာလေးကြိုက်လို့ ................................

0 comments:

Post a Comment