Pages

1 November 2009

* * ပဲ့ကြွေသွားတဲ့ အချစ် * *

မရင့်မှည့်မီ ကြွေသွားတဲ့ အသီးလို
ငါဟာ မြေပြင်ပေါ် ခြွေချခံရသူပါ
ပလီပလာဆန်တဲ့ ကြမ္မာကောင်ကြောင့်
အတိတ်တွေ ဆူနာမီ လွှမ်းခဲ့ရတယ်။

လောကကြီးရေ.....
ငါနှစ်သက်ရာ ငါကိုးကွယ်ခွင့် မရှိဘူးလား
တိမ်တွေလို လေနှင်ရာ မရွေ့လျှားခိုင်းပါနဲ့
ငါ့ဘ၀နဲ့ငါ ရူးခွင့်တော့ရှိပါတယ်။

အချစ်တစ်ခု မရင့်မှည့်မီ
အခြွေချခံခဲ့ရပြီးပြီ။

0 comments:

Post a Comment