Pages

1 November 2009

* * ရက်ရက်စက်စက် ထားခဲ့ပါ * *

မင်းကို အရမ်းချစ်တယ်လို့ မကြာခဏပြောပါ
မင်းမရှိရင်မဖြစ်ဘူးလို့ အားရအောင်ကြွေပြပါ
ရင်ထဲမှာမင်းပဲအပြည့်လို့ ထပ်ခါထပ်ခါချွဲပါ
မင်းကြောင့်အသက်ရှင်တယ်လို့
ငါ့ယုံကြည်မူကို မကြာခဏဖဲ့စားပါ
မင်းရဲ့အလိမ်ညာကျော့ကွင်းထဲ
ငါလွတ်အောင်မရုန်းနိုင်တော့မှ
ငါ့ကိုရက်ရက်စက်စက် ထားသွားခဲ့ပါ ချစ်သူ

“မင်းကို မောင်အရမ်းချစ်တယ်”
ဒါနဲ့ပဲ ငါအကြိမ်ကြိမ်သေခဲ့ရတယ်

0 comments:

Post a Comment