Pages

27 December 2009

** ငြိမ်းချမ်းဟာ ငယ်ဘ၀ **


အော် ...
ဟိုး ...... ငယ်ငယ်ဘ၀ကို
ဘယ်တော့မှ ပြန်မရတော့ပါဘူး
အပြစ်အနာအဆာ ကင်းလှတဲ့
ဘ၀လေးကို ပြန်လိုချင်မိပါတယ်

** တွဲလက်တွေ ဘယ်တော့မှ မဖြုတ် **

 border=
[



တွဲထားတဲ့ တွဲလက်လေးတွေ
ဘယ်သော်အခါမှ မဖြုတ်ဘူးနော်
ချစ်သူလဲ မဖြုတ်နဲ့
ထာဝရတိုင် ...
သစ္စာဂတိပေးထားတယ်
ဒါကြောင့် .....
ဘယ်အကြောင်းကြောင်းပဲဖြစ်ဖြစ်
ဘယ်သူတွေ ဘာပြောပြော
မြဲမြံစွာ .. ဆုပ်ကိုင်ထားမယ်နော်။
သက်ဆုံးတိုင် တွဲလက်လေးတွေကို
ဆုပ်ကိုင်ထားမယ်နော်....
ချစ်သူ................................။

** သာယာလိုက်တာ **





ချစ်သူရေ
ကြည့်စမ်းပါဦး
ဘယ်လောက်သာယာလဲ
ကြည်နူးစရာကောင်းလဲလို့
ပင်လယ်ပြင်ကြီးကို ကြည့်
ကြည်လင်းတဲ့ ကောင်းကင်ကိုကြည့်
ဟို မိုးကုတ်စက်ဝိုင်းကိုကြည့်
လှလိုက်တာနော်... ။

ပြီးတော့လဲ ...........
တစ်ယောက်ပခုံးပေါ် တစ်ယောက် မှီထားတာလေးက
အလွန်ကိုပဲ လိုက်ဖက်လှတယ်နော်
ချစ်သူနဲ့ အဲလိုနေရရင်
ဘယ်လောက်ကောင်းမလဲလို့
အမြဲတမ်း စိတ်ကူးယဉ်မိပါတယ်
ချစ်တဲ့ သူရယ်.......။


** ချစ်သူများနေ့ **





Vaientine day
ချစ်သူများနေ့တဲ့
ပျော်စရာနေ့လေး တစ်နေ့ဖြစ်မယ်နော်
ချစ်တဲ့သူရော ဘယ်လိုထင်လဲ..
ချစ်တဲ့ သူနဲ့ အဲဒီနေ့လေးကို
အတူတူ ဖြတ်သန်းချင်လိုက်တာ
ဒါကြောင့် ဆုတောင်းပါတယ်...
ထိုနေ့လေးမှာ
ချစ်သူနဲ့ အတူတူ လျှောက်လည်ချင်တယ်
အထိမ်းအမှတ် ကဒ်လေးတွေ ပေးချင်တယ်
အမှတ်တရလေးတွေ ဖြစ်ချင်တယ်
ချစ်တဲ့ သူရယ်...
ချစ်သူ အဲဒီနေ့လေးမှာပေါ့
ဒို့အနားမှာ ခဏဖြစ်ဖြစ်လေးတော့
နေပေးနော်...
ချစ်သူသာ အနားမှာ ရှိရင်
အရာရာပြည့်စုံနေပါပြီကွာ...။


** ဆုံဆည်းခွင့် **



** ချစ်သူရေ ..
လွမ်းတယ်လို့လဲ မပြောတော့ဘူး
သတိရတယ်လို့လဲ မပြောတော့ဘူး
ဒါတွေကိုသာ ..
ထပ်ကာထပ်ကာ ပြောနေရင်
ချစ်တဲ့ သူ နားညီးမှာဆိုလို့ပါကွာ
ဒါပေမယ့်..
ရင်ထဲ နှလုံးသားထဲမှာတော့
အချိန်တိုင်း သတိရ၊ လွမ်းဆွေးနေတဲ့
သူတစ်ယောက်ရှိတယ်နော်
ချစ်သူနဲ့ အမြန်ဆုံးတွေ့ဆုံရပါစေလို၏
ချစ်သူနဲ့သာ ဆုံဆည်းရမယ်ဆိုရင်
ကမ္ဘာပေါ်မှာ ...
အပျော်ဆုံးလူသား တစ်ယောက်ဟာ
ဒို့ ဖြစ်နေလိမ့်မယ်ဆိုတာ ယုံနော်...

** ဒါကြောင့် ကဲ ....
ဆုတောင်းလိုက်ပီနော်
ချစ်သူရယ်...

24 December 2009

♫ ♪ မင်းရဲ့ သံစဉ်လေး ♪ ♫

♫ ♪ နှလုံးသားဝယ်
အခန်းပေါင်းများစွာ ရှိတယ်တဲ့
ပြီးတော့လဲ သံစဉ်ပေါင်းများစွာနဲ့
တည်ဆောက်ထားတယ်
ဒါပေမယ့် .......
သံစဉ်လေး တစ်ခုကတော့
ရှိသမျှ အခန်းတွေကို
ထိုးဖောက်နိုင်စွမ်းတဲ့
စွမ်းအားတွေ ရှိနေတယ်
အဲဒါ ဘာကြောင့်လဲ ...
မေ့လို့မရတဲ့ ....
မင်းရဲ့ အသံလှိုင်းတစ်ခုကြောင့်ပေါ့

♫ ♪ ခံစားချက်တွေ ပြင်ထန်းလာရင်
တေးသီချင်းဆိုတဲ့ အထဲကို ရောက်ရှိသွားတယ်
ကဗျာတွေထဲလဲ ရောက်ရှိသွားတယ်
စိတ်စေရာကို လွင့်နေတဲ့
လေဟာနယ်လေး တစ်ခုအဖြစ်နဲ့ပေါ့
ဒါကြောင့်လဲ ဒီအသံလှိုင်းကိုတော့
ဘယ်တော့မှ မေ့မရတော့ပါဘူးကွာ


☺ ☺ အပြုံးအားဆေးတစ်ခွက် ☺ ☺

☺ ☺ မင်းအပြုံးလေးတစ်ခု
ရင်ထဲ တွယ်ငြိ..
သိုဝှက်သိမ်းထား နှလုံးသားဝယ်
ဘယ်သော် အခါမှ ..
မေ့မရပါ ..
ချစ်ရသူရယ်..

☺☺ ပြုံးလိုက်တဲ့
မင်းအပြုံးလေး တစ်ခုဟာ..
ငါ့ဘ၀အတွက် ....
အားဆေးတစ်ခွက်ပါကွာ..
ဒါကြောင့် ..........
အပြုံးအားဆေးတစ်ခွက်လို့ သတ်မှတ်လိုက်မယ်နော်
ချစ်ရသူရယ်...

☺ ☺ မင်းအပြုံးကြောင့်
လူတွေ ပျော်မယ်ဆိုရင်လေ
အခက်အခဲတွေကို .
အပြုံးလေးတစ်ခုနဲ့ ဖြေရှင်းနိုင်တယ်ဆိုရင်လဲ
ချစ်သူရယ် ...
ငါ့ကို မမြင်ချင်ယောင်ဆောင်ပြီ
ရဲရဲသာ ပြုံးလိုက်စမ်းပါ..
အမြဲအားပေးပါတယ် .........

*** အမှတ်တရနေ့ ***

 border=


 border=

*** 1371 ခုနှစ်၊ နိုဝင်ဘာလ ရက်အားဖြင့် 20 ပေါ့
နေ့က သောကြာနေ့လေ....
အဲနေ့က အမှတ်တရတွေထဲမှာမှ
မေ့လို့မရတဲ့ နေ့လေး တစ်နေ့ပေါ့
အဲ နေ့လေးကို ဘယ်တော့မှလဲ
မေ့ပျောက်သွားမှာ မဟုတ်ပါဘူး
ဘာကြောင့်လဲ ဆိုတာတော့....
သက်ဆိုင်သူသာ... သိတဲ့
နေ့ရက်လေး တစ်နေ့ဖြစ်နေလို့ပေါ့ကွယ်.....။
*** အမှတ်တရတွေ များနေပေမယ့်
ဒီရက်လေးကိုတော့ ........
ရင်ထဲကိုယ်စီ ထာဝရသိမ်းထားလိုက်ပါပြီ...
ရက်တွေ လ တွေမှတဆင့် .....
နှစ်တွေ ဆီသို့ ကူးပြောင်းသွားလဲ...
ထာဝရတိုင် မေ့မရတဲ့
နေ့လေးတစ်နေ့ဖြစ်လို့ နေပါပြီးကွယ် .....