Pages

27 December 2009

** ဆုံဆည်းခွင့် **



** ချစ်သူရေ ..
လွမ်းတယ်လို့လဲ မပြောတော့ဘူး
သတိရတယ်လို့လဲ မပြောတော့ဘူး
ဒါတွေကိုသာ ..
ထပ်ကာထပ်ကာ ပြောနေရင်
ချစ်တဲ့ သူ နားညီးမှာဆိုလို့ပါကွာ
ဒါပေမယ့်..
ရင်ထဲ နှလုံးသားထဲမှာတော့
အချိန်တိုင်း သတိရ၊ လွမ်းဆွေးနေတဲ့
သူတစ်ယောက်ရှိတယ်နော်
ချစ်သူနဲ့ အမြန်ဆုံးတွေ့ဆုံရပါစေလို၏
ချစ်သူနဲ့သာ ဆုံဆည်းရမယ်ဆိုရင်
ကမ္ဘာပေါ်မှာ ...
အပျော်ဆုံးလူသား တစ်ယောက်ဟာ
ဒို့ ဖြစ်နေလိမ့်မယ်ဆိုတာ ယုံနော်...

** ဒါကြောင့် ကဲ ....
ဆုတောင်းလိုက်ပီနော်
ချစ်သူရယ်...

0 comments:

Post a Comment