Pages

24 December 2009

♫ ♪ မင်းရဲ့ သံစဉ်လေး ♪ ♫

♫ ♪ နှလုံးသားဝယ်
အခန်းပေါင်းများစွာ ရှိတယ်တဲ့
ပြီးတော့လဲ သံစဉ်ပေါင်းများစွာနဲ့
တည်ဆောက်ထားတယ်
ဒါပေမယ့် .......
သံစဉ်လေး တစ်ခုကတော့
ရှိသမျှ အခန်းတွေကို
ထိုးဖောက်နိုင်စွမ်းတဲ့
စွမ်းအားတွေ ရှိနေတယ်
အဲဒါ ဘာကြောင့်လဲ ...
မေ့လို့မရတဲ့ ....
မင်းရဲ့ အသံလှိုင်းတစ်ခုကြောင့်ပေါ့

♫ ♪ ခံစားချက်တွေ ပြင်ထန်းလာရင်
တေးသီချင်းဆိုတဲ့ အထဲကို ရောက်ရှိသွားတယ်
ကဗျာတွေထဲလဲ ရောက်ရှိသွားတယ်
စိတ်စေရာကို လွင့်နေတဲ့
လေဟာနယ်လေး တစ်ခုအဖြစ်နဲ့ပေါ့
ဒါကြောင့်လဲ ဒီအသံလှိုင်းကိုတော့
ဘယ်တော့မှ မေ့မရတော့ပါဘူးကွာ


0 comments:

Post a Comment