Pages

19 November 2012

** သဘာဝ ပန်းချီကား **




ရောင်စုံခြယ်တဲ့ တောကလေးရယ်
ကြည်လင်စိမ်ပြာ စမ်းချောင်းရယ်
လေနုကလေးတိုက်တာရယ်

သစ်ရွက်ကလေးတွေ ခြွေကာရယ်
သဘာဝအလျောက် လှနေတယ်...
ထိုအလှတွေကို ထပ်မံဖြည့်နေတာ
လှေကလေးတစ်စင်းနဲ့
ချစ်သူနှစ်ဦးရှိတာ ....
အခုဆို ကြည့်ကြည့်လိုက်
အရာအားလုံးလှပ၏...
ကြည်လင်းလှတဲ့ စမ်းချောင်းမှာ
လှေကလေးတစ်စင်းလှော်နေတာ
ပျော်ရွှင်ကြည်နှုး ချစ်သူနှစ်ဦး
စကားတွေ ဖောင်ဖွဲ့ကာမြူး
ထိုသို့ ပြောရင် လှော်လာတာ
တစ်ဖက်ကမ်းသို့ ရောက်တော့မှာ
ချစ်သူရယ် နေပါအုံး....
နှေးနှေးလှော်ပါဦး..
တစ်ဖက်ကမ်းသို့ ရောက်ရင်လေ
ချစ်သူနဲ့ တွေ့ဖိုရယ်
အလွန်ခက်ခဲတယ်
ဒါကြောင့် အချိန်ကို တန်ဖိုးထား
ချစ်သူရယ်
ဖြေးဖြေးလှော်ပါလား .....




0 comments:

Post a Comment