Pages

19 November 2012

** အငိုမျက်ဝန်း အပြုံးမျက်နှာ **


အော် …..
 
ခါးသီးတဲ့ ပတ်ဝန်ကျင်
 
စာနာမှုမရှိတဲ့ လူတွေနဲ့
 
ဝေး … ဝေး .. ဝေးချင်တယ်ကွာ …။
 
သို့သော်လည်းလေ
 
“ပျော်ရာမှ မနေရ၊ တော်ရာမှာ နေရ”
 
ရှေးစကားပုံအရ ရှိခဲ့သော်လဲ
 
ရင်ထဲဝယ် ထောင်သောင်းမက
 
ခံစားကြိတ်မှိတ်မျိုသိပ်မူ့တွေက
 
မျက်ရည်တွေအဖြစ်
 
ခေါင်းအုံးထက်တွင် ရွှဲရွှဲစိုလို့ နေပါပြီကွာ..။
 
စိတ်ညစ်တဲ့အခါ
 
ဘေးမှာ ချစ်သူရှိစေခြင်း
 
ခံစားရသမျှ ရင်ဖွင့်လိုက်ခြင်း
 
အခုတော့လဲလေ ချစ်သူကဖြင့်
 
အဝေးမှာရှိ
 
ငါ့လောက်အဖြစ်ဆိုး
 
ဘယ်သူရှိနိုင်အုံးမှာလဲ
 
မျက်ရည်ကြားမှာ
 
အပြုံးလေးတစ်ခုကို
 
အားတင်းကာဖြင့်
 
ပြုံး … ပြုံး.. ပြုံးလိုက်တော့မယ်..။
 
သို့ပေမယ့်လည်း
 
ရင်ဝယ် အမုန်းမထား
 
သီးခံစိတ်လေးမွေးပြီး
 
မေတ္တာထားကာ
 
အပြုံးမျက်နှာနဲ့
 
ပြောဆိုမည်ဟု အစဉ်သဘောရှိပါသည်။
 

 

0 comments:

Post a Comment