ဒို့နှစ်ဦးရဲ့ အချစ်ဟာ
ထိုသို့ သဘောရှိနေတာ
ဒါပေမယ့်လဲ
စိတ်ဓာတ်မကျ
ချစ်သူနဲ့ အတူ ရင်ဆိုင်မှာ
ဒါဟာ မိုက်ယူရဲဆန်းတာ မဟုတ်ပါ
ချစ်ကြောင်းကိုလေ
သက်သေပြ သစ္စာ ကတိထား
သူပြုတ်ကျရင် ဒို့လဲခုန်ကျမယ်
အတူတူ ရှိနေတယ်
မခွဲအတူ ရှိနေမြဲ ....
အချစ်စစ်ဆိုတာ
ချစ်သူရယ်...
ကြမ်းတမ်း ခက်ခဲတယ်
ဒို့နှစ်ဦး နားလည်ထားရင်
နှစ်ဦးစလုံးရဲ့ နှလုံးသားမှာ
အချစ်စစ်တွေ ရှိနေတာ
ဒါဆိုရင် ဘာကိုကြောက်
တွေးပူ မနေနဲ့ပေါ့
ဖြစ်လာသမျှ ရင်ဆိုင်မယ်
အဲလိုစိတ် ထားစမ်းကွယ်
လူဆိုတာ အားမာန်မလျော့
ဖြစ်အောင် ကြိုးစားပေါ့
မကြောက်ပါနဲ့ ချစ်သူရယ်
ဒို့လဲ ရှိနေတယ်
အားငယ်ရင် ဖေးမလိုက်
အဲဒါ မေတ္တာသဘောကွဲ့
ယုံကြည်မှုတွေ ရှိနေရင်
ဘာမှ မကြောက်ချင်
သို့ပေမယ့်လဲ
အမှန်အမှား ကွဲပြားအောင်
ချစ်သူလေး
သိအောင် ကြိုးစားနော်
အားပေးဖော်လေး ချစ်သူရှိ
ဒို့လဲ မကြောက်၏..... ။
No comments:
Post a Comment