တည်တည် ငြိမ်ငြိမ် မေတ္တာအိမ်
ဖေဖေဆောက်တဲ့ အိမ်။
ဂုဏ်ရှိန်သင်တင့် လှပန်းပွင့်
မေမေ ထောက်ကူဆင့်။
ကျသင့်ဝန်တာ မငြီးသာ
အိမ်သူ ပီသစွာ။
ငါးဖြားကျင့်ဝတ် ကျေပွန်စွ
လမ်းညွှန် နည်းကောင်းပြ
သွားကြလာကြ သားသမီးတွေ
ငြိုငြင် မပြုပေး။
ဒုက္ခထွေထွေ ၀ိုင်းကူရှင်း
မေမေပျော်ဘိခြင်း။
No comments:
Post a Comment