Pages

Showing posts with label စကားလက်ဆောင်. Show all posts
Showing posts with label စကားလက်ဆောင်. Show all posts

19 November 2012

ဘ၀အတွက် အတွေးလက်ဆောင်

  • လူတစ်ယောက်ရဲ့ ဘုန်းတန်းခိုဆိုတာ အလုပ်လုပ်ခြင်းပဲ
  • ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ်တတ်တယ်
  • ကိုယ့်ဘ၀ကို သိ၊ ကိုယ့်အားကိုယ် ကိုး၊ လဲရင်ပြန်ထ ဒါဘ၀ပဲ
  • အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင် ဖြစ်သည်
  • နေသလိုဖြစ်တဲ့ ဘ၀မှာ ဖြစ်သလိုမနေပါနဲ့

2 November 2009

* * နှိမ့်ချပါ။ မနိမ့်ကျစေနဲ့ * *

  • ဘ၀င်မြင့်၊ မာန်မာနထောင်လွှားရင် လူမုန်းများတယ်။ နှိမ့်ချရင် လူမုန်းမရှိဘူး။ အထင်ကြီးမခံချင်လို့ နှိမ့်ချရင် လူတွေက ပိုအထင်ကြီးတယ်။ နှိမ့်ချတယ်ဆိုတာ ပညာကြီးမြင့်သူ၊ စိတ်သဘောထားကြီးမြတ်သူမှ လုပ်နိုင်တာ။ နှိမ့်ချခြင်းဖြင့် ကြီးမြင့်ပါစေ။ ဒါမေပဲ့ နှိမ့်ချတာနဲ့ နိမ့်ကျတာ မတူဘူး။

* *လုပ်သင့်တဲ့ အလုပ်နဲ့ မလုပ်သင်တဲ့ အုလပ် * *

  • သူရောကိုယ်ပါ အကျိုးရှိတဲ့ လုပ်ငန်းမျိုးလုပ်။ ကိုယ်အကျိုးရှိ သူအကျိုးယုတ် မလုပ်နဲ့။ လူမုန်းတယ်။ အဲဒါမျိုး များများလုပ်လို့ လူမုန်းများရင် ကိုယ်ကျိုးယုတ်ပြီး ဒုက္ခရောက်တတ်တယ်။

* * * မဲ့ကာ ရွဲကာမပြောနဲ့ * * *

  • မဲ့ကာရွဲ့ကာပြောရင် အလှပျက်တယ်။ ဥပဓိရုပ်ပျက်တယ်။ ယောက်ျားမှာ မဲ့ကာရွဲ့ကာပြောသူနည်းပါတယ်။ မိန်းမသားတွေက ပိုများတယ်။ မဲ့ကာရွဲ့ကာပြောရင် ကြည့်မြင်ရတာ အရုပ်ဆိုးတယ်။ မှန်ထဲမှာ ကြည့်ပြီး ပြောကြည့်ပါ။ အလွန်လှတဲ့ မိန်းခလေးတောင် မဲ့ကာရွဲ့ကာပြောရင် အလှပျက်တယ်။ အကျည်းတန်သွားတယ်။ နှမျောစရာ၊ သနားစရာ ..... “မိဘ၊ အဒေါ်၊ အစ်မတို့ပြုပြင်မပေးကြလေခြင်း” လို့ စိတ်မကောင်းဖြစ်ရတယ်။ မဲ့ကာရွဲ့ကာပြောခြင်းဟာ စိတ်ရင်းမကောင်းတာကို အခြေခံတယ်။ မဲ့ကာရွဲ့ကာပြောခြင်းကြောင့် အလှမပျက်စေနဲ့။ စိတ်ကောင်းရှိအောင် ပြုပြင်ပါ။

* * နှလုံးသားကို အလှပြင်ပါ * *

  • လူတွေဟာ ရုပ်ကို အလှပြင်သလို နှလုံးသားကိုလဲ အလှပြင်ဖို့လိုပါတယ်။ မိန်းကလေးတစ်ယောက်ဟာ ဆံပင်ကို အလှပြင်တယ်။ မျက်နှာကိုလဲ အလှပြင်တယ်။ တစ်ကိုယ်လုံးကိုလဲ လှပအောင် ၀တ်ဆင်ထားတယ်။ ဒါပေမယ့် စိတ်ထားက မကောင်းဘူး။ ဒေါသမာနတွေနဲ့ ပူနေတယ်။ မနာလို ၀န်တိုစိတ်များတယ်။ ကောက်ကျစ်တယ်။ ရက်စက်ရိုင်းစိုင်းတယ်။ စိတ်ထားကောင်းနဲ့ နှလုံးသားကို အလှမပြင်ဘူး။
  • နောက်တစ်ယောက်ကတော့ ရုပ်သိပ်မလှ ရွက်ကြမ်း ရေချို။ အ၀တ်မဆင်မပြုမပြင်ကလဲ သာမာန်ပဲ။ ဒါပေမယ့် စိတ်ထားကောင်းတယ်။ သူများကို မေတ္တာစေတနာထားတယ်။ ကူညီစောင့်ရှောက်တယ်။ စိတ်ထားကောင်းတော့ နှလုံးသားက လှနေတယ်။
  • အများအမြင်မှာ ဒုတိယမိန်းကလေးက အေးချမ်းကြည်လင်ရှုခြဖွယ်၊ တင့်တယ်လှပနေပါလိမ့်မယ်။ အများအမြင်လှချင်ရင် နှလုံးသားကို အလှပြင်ပါ။

* ဥပဓိရုပ်တင့်ပါစေ *

  • တချို့က ရုပ်လှတယ်။ ဥပဓိရုပ်မကောင်းဘူး။ တချို့က ရုပ်မလှပေမဲ့ ဥပဓိရုပ်ကောင်းတယ်။ တချို့က ရုပ်လဲလှ၊ ဥပဓိရုပ်လည်းကောင်းတယ်။ တချို့က ရုပ်လဲ မလှ၊ ဥပဓိရုပ်လည်း မကောင်းဘူး။
  • ဥပဓိရုပ်ကောင်းတာဟာ ရုပ်လှတာထက်ပိုပြီး တန်ဘိုးကြီးတယ်။ ဥပဓိရုပ်ဟာ လူရဲ့စိတ်ထားနဲ့ ဆိုင်တယ်။ စိတ်ကောင်းရှိရင် ဥပဓိရုပ်ကောင်းတယ်။ စိတ်ကောင်းမရှိရင် ဥပဓိရုပ်မကောင်းဘူး။ စိတ်ကောင်းရှိခြင်းဖြင့် ဥပဓိရုပ် တင့်ပါစေ .....

****** ပန်းကလေးက ဆုတောင်းလိုက်တယ်နော် *************

* စိတ်ကောင်းရှိပါ *

  • လူုတစ်ယောက်ရဲ့ ဘ၀မှာ ... စိတ်ကောင်းရှိဖို့ အရေးကြီးဆုံးပါပဲ။ ပညာရှာ၊ စီးပွားရှာ၊ လုပ်ငန်းလုပ်ရာ၊ ပေါင်းသင်းရာ ကိစ္စတိုင်းမှာ စိတ်ကောင်းရှိဖို့လိုပါတယ်။ စိတ်ကောင်းရှိခြင်းဟာ လူတစ်ယောက်အတွက် အကောင်းဆုံးဂုဏ်ပါပဲ။
  • စိတ်ကောင်းရှိချင်ရင် အကောင်းတဲ့စိတ်ထားတွေ ရှောင်ရမယ်။ ဒေါသမာနကြီးလွန်းတာ၊ ရန်ညှိုးထားတာ မနာလိုဝန်တိုတာ၊ လိမ်ညာလှည့်စားတာ၊ ယုတ်မာရက်စက်တာ၊ နှိပ်စက်ညှဉ်းပမ်းတာ၊ အနိုင်ကျင့်တာ၊ မတရားပြုတာတွေဟာ မကောင်းတဲ့စိတ်ထားတွေဖြစ်တယ်။ အဲဒီ မကောင်းတဲ့စိတ်တွေ ကိုယ့်မှာရှိနေရင် စိတ်ရ့င်းမကောင်းတဲ့ လူပဲ။ လူယုတ်မာ၊ လူညံ့၊ လူဆိုးဖြစ်ပြီး အကျည်းတန်ပြီ။ လူတိုင်း စက်ဆုပ်ရွံမုန်းကြ မယ်။ မကောင်းတဲ့ စိတ်တွေကိုယ်သန္တာန်မှာမရှိအောင် ဆင်ခြင်ပါ။ ဖြစ်နိုင်သမျှ နည်းအောင်၊ ကင်းအောင် ရှောင်ရမယ်။
  • ကောင်းတဲ့စိတ်ထားဖြစ်တဲ့ သူတစ်ပါးကို မေတ္တာထားခြင်း၊ ကြင်နာခြင်း၊ ကူညီစောင့်ရှောက်ခြင်း၊ ကယ်တင်ခြင်း၊ ကိုယ်ချင်းစာခြင်း၊ တရားမျှတခြင်း၊ သူတပါးအောင်မြင်ချမ်းသာရင် ၀မ်းသာဂုဏ်ပြုတတ်ခြင်း ဆိုတာတွေဟာ ကောင်းမြတ်တဲ့ စိတ်ထားတွေဖြစ်တယ်။
  • မကောင်းတဲ့ စိတ်တွေရှောင်ပြီး ကောင်းတဲ့စိတ်တွေ ဆောင်ခြင်းဖြင့် လူတိုင်းချစ်ခင်နှစ်သက်တဲ့ စိတ်ကောင်းရှိသူ ဖြစ်ပါစေ ...........
* ** သူငယ်ချင်းတို့လဲ စိတ်ကောင်းလေးထားပေးနော် * ** ** *

1 November 2009

* စာဖတ်ခြင်းဖြင့် အသိမမြင်ကျယ်ပါစေ *

* * * ပြတင်းပေါက်ကို ဖွင့်ထားပါ ............ * * *
  • စာမတတ်သူက ပြတင်းပေါက်မပါတဲ့ အိမ်နဲ့တူတယ်တဲ့။ အလင်းမ၀င်၊ လေကောင်းမရ။ စာတတ်ပြီး စာမဖတ်သူက ပြတင်းပေါက်ပါပြီး ပြင်တင်းပေါက်မဖွင့်ဘဲ ပိတ်ထားတဲ့အိမ်နဲ့ တူတယ်တဲ့။ အလင်းမ၀င် လေကောင်းမရတာ အတူတူပါပဲ။
  • စာလဲတတ် စာလဲဖတ်သူကတော့ ပြတင်းပေါက်ရှိပြီး ပြတင်းပေါက်ကို ဖွင့်ထားတဲ့အိမ်မှာ အလင်းရောင်နဲ့ လေကောင်းရသလို အသိအမြင်ပညာ လင်းရတယ်။ စာနည်းနည်းဖတ်ရင် အသိအမြင် နည်းနည်းကျယ်တယ်။ စာအများကြီးဖတ်ရင် အသိအမြင် အများကြီးကျယ်တယ်။

* * အခွင့်သာတိုင်း စာဖတ်ပါ...... * *
  • တိုးတတ်တဲ့လူတွေက အချိန်ကိုအကျိုးမဲ့ အကုန်မခံဘူး။ ရထားစောင့်ရင်း၊ ကားစောင့်ရင်း စာဖတ်တယ်။ သင်္ဘောစီးရင်း စာဖတ်တယ်။ အစည်းအဝေးမစသေးရင် စာဖတ်တယ်။ သွားလေရာလက်ဆွဲအိတ်ထဲမှာ စာအုပ်၊ စာစောင်ပါတယ်။ အခွင့်သင့်တာနဲ့ စာဖတ်တယ်။ သွားရင်လာရင်း၊ နေရင်းထိုင်ရင်း အသိပညာတိုးနေတယ်။ တော်သူတွေ တော်သည်ထက်တော်အောင် ကြိုးစားနေကြတယ်။

* * စာဖတ်ခြင်းဖြင့် မြှုင့်တင်ပါ . . .. .. . * *

  • ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ၊ ဘယ်နေရာဖြစ်ဖြစ် ရွာသိမ်ရွာငယ်လေးရဲ့ အစွန်အဖျား တဲအိမ်လေးမှာ ဖြစ်ပါစေ စာအများကြီး ဖတ်ရင် နောက်ကျမကျန်ဖူး။ ကမ္ဘာနဲ့အညီ ခေတ်မီတိုးတတ်နေပါလိမ့်မယ်။ စာဖတ်ခြင်းဖြင့် မိမိကိုယ့်ကို မြှင့်တင်ပါ။

* * စာများများဖတ်ပါ......... * *

  • စာဖတ်တာကို အကျင့်ပါနေအောင်လုပ်ပါ။ အခွင့်သာတိုင်း စာဖတ်ပါ။ စာအများကြီးဖတ်ပြီး ပညာကြီးမြင့်ပါစေ။ လူတော်လူကောင်းဖြစ်ပြီ ဘ၀အောင်မြင်တိုးတတ်ပါစေ။