Pages

Showing posts with label တန်ဖိုးမဖြတ်နိုင်သော စကားများ (3). Show all posts
Showing posts with label တန်ဖိုးမဖြတ်နိုင်သော စကားများ (3). Show all posts

28 October 2009

မြတ်သောအကျင့်နှင့် ပတ်သက်သော စကားများ

******* ပန်းကလေး အမြဲလိုလို ဖတ်မိတဲ့ စာအုပ်ထဲကပါ........... ******
သိပ်ကြိုက်တဲ့ စကားတွေလေ။

1။ (သန္တ)ခေါ်တဲ့ သူတော်ကောင်းဖြစ်ချင်တဲ့သူသည် (3)မျိုး ငြိမ်သက်ရမည်။
ကိုယ် ငြိမ်သက်ရမည်။
နှုတ်ငြိမ်သက်ရမည်။
စိတ်ငြိမ်သက်ရမည်။

* * ** *** * *

2။ မရှိတာထက် မသိတာခက်။
သိပါလျက် မကျင့်တာခက်။
သင်မှသိ၊ သိမှကျင့်၊ ကျင့်မှရ။
မြတ်ဗုဒ္ဓ၏ သြ၀ါဒ။

* ** * ** *** ** *

3။ ကိုယ့်ကိုယ်ကိုကျောင်း
ကိုယ်ကောင်းအောင်နေ
ကိုယ့်ကိုယ်စစ်၊ အပြစ်ရှာလေ
ကိုယ့်ကိုယ်သနား၊ တရားရှာဖွေ။

* ** ** ** *** *** *

4။ ကောင်းကောင်းနေ
စိတ်မဆိုးနဲ့။

* * *** ** *** ** *

1. နေ့စဉ်းကောင်းမှု ကုသိုလ်များတွင် မမေ့မလျော့ စဉ်းစားပါ။
2. လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကြိုးစားပါ။
3. မည်သူတရားပျက်ပျက် သင်မပျက်ပါစေနဲ့။ (သတိထားပါ)
4. သင့်ကို အကြောင်းပြုပြီး သူတစ်ပါးစိတ်မဆင်းရဲပါစေနဲ့။
5. မိဘကို စားနိုင်တုန်းအချိန်ကြွေးပါ၊ သေမှ မငိုပါနဲ့
6. သူတစ်ပါးအပြစ်ကို မပြောပါနဲ့၊ ကိုယ့်အပြစ်ကိသာ ရှုပါ။
7. ဗြဟ္မစိုရ်တရား အမြဲပွားပြီး။ ကိုယ်တွင်းသီလတရား မြဲပါစေ။
8. အလိုက်သိပါ၊ အားနာပါ၊ အရှက်အကြောက်ရှိပါ။
9. ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား ငယ်သူကို သနားပါ။
10. မစူးစမ်း မဆင်ခြင်ပဲ မပြောပါနဲ့၊ မလုပ်ပါနဲ့။
11. နေရာတိုင်းမှာ စိတ်သဘောကြီးကြီးထားပါ။
12. နိုင်လိုသူကို အရှုံးပေးက စိတ်နှလုံးအေးမြသည်။
13. စကားပြောသောအခါ မျှမျှတတ ပြောဆိုပါ။
14. မိမိကိုယ်ကို နေ့စဉ် စစ်ဆေးပြီးမှ ကြီးပွားနိုင်သည်။
15. မကောင်းတဲ့ အကုသိုလ်စိတ်ရိုင်းစိတ်မိုက်များကို ပယ်ရှားပါ။
16. သူတစ်ပါး ကြီးပွားချမ်းသာတာကို မနာလို၊ မရှုစိမ့်၊ မရှိပါစေနှင့်။
17. နေရာတိုင်းမှာ ကိုယ်ချင်းစာတရား များများထားပါ။
18. မိမိကိုယ်ကို ဆုံးမခြင်းကသာ ကောင်းသည်။
19. မာနကို နှိမ့်ချ၊ လူ၏ တန်ဖိုးကို မြှင့်တင်ပါ။
20. အရာရာမှာ စေတနာသန့်သန့်နှု့် စိတ်ကောင်းတစခုထားပါ။