Pages

1 November 2009

* * ပဲ့ကြွေသွားတဲ့ အချစ် * *

မရင့်မှည့်မီ ကြွေသွားတဲ့ အသီးလို
ငါဟာ မြေပြင်ပေါ် ခြွေချခံရသူပါ
ပလီပလာဆန်တဲ့ ကြမ္မာကောင်ကြောင့်
အတိတ်တွေ ဆူနာမီ လွှမ်းခဲ့ရတယ်။

လောကကြီးရေ.....
ငါနှစ်သက်ရာ ငါကိုးကွယ်ခွင့် မရှိဘူးလား
တိမ်တွေလို လေနှင်ရာ မရွေ့လျှားခိုင်းပါနဲ့
ငါ့ဘ၀နဲ့ငါ ရူးခွင့်တော့ရှိပါတယ်။

အချစ်တစ်ခု မရင့်မှည့်မီ
အခြွေချခံခဲ့ရပြီးပြီ။

* * တစ်ယောက်ထဲ * *

နွေးထွေးစေမယ်ဆိုလို့
ရင်ခွင်တစ်စုံထဲ ခိုဝင်ခဲ့ပါတယ်
အခုတော့.....
မိုးရေထဲမှာ ငါတစ်ယောက်ထဲ(တည်း)

လွမ်းရမှာကြောက်လို့
ချစ်တတ်အောင်သင်ခဲ့ပါတယ်
အခုတော့.....
အလွမ်းတွေကြားမှာ ငါတစ်ယောက်ထဲ

ရဲရဲလျှောက်မယ်ဆိုလို့
လက်တစ်စုံကိုတွဲခဲ့ပါတယ်
အခုတော့....
လမ်းခုလပ်မှာ ငါတစ်ယောက်ထဲ

ကောင်လေးရေ...
မင်းမရှိတဲ့ မနက်ဖြန်ကို
ဘယ်လိုဆက်ရေးရမှန်း မသိလို့
အိပ်မက်တစ်ရွက်ကို ငါဆုပ်ဖြဲလိုက်တယ်
အခုတော့...
မျှော်လင့်မီးမှိန်မှိန်အောက်မှာ ငါတစ်ယောက်ထဲ

* * ရက်ရက်စက်စက် ထားခဲ့ပါ * *

မင်းကို အရမ်းချစ်တယ်လို့ မကြာခဏပြောပါ
မင်းမရှိရင်မဖြစ်ဘူးလို့ အားရအောင်ကြွေပြပါ
ရင်ထဲမှာမင်းပဲအပြည့်လို့ ထပ်ခါထပ်ခါချွဲပါ
မင်းကြောင့်အသက်ရှင်တယ်လို့
ငါ့ယုံကြည်မူကို မကြာခဏဖဲ့စားပါ
မင်းရဲ့အလိမ်ညာကျော့ကွင်းထဲ
ငါလွတ်အောင်မရုန်းနိုင်တော့မှ
ငါ့ကိုရက်ရက်စက်စက် ထားသွားခဲ့ပါ ချစ်သူ

“မင်းကို မောင်အရမ်းချစ်တယ်”
ဒါနဲ့ပဲ ငါအကြိမ်ကြိမ်သေခဲ့ရတယ်

* * ဖူးစာရေး နတ်မင်းသို့တောင်းခံလွှာ * *

** ဖူးစာရေး နတ်မင်းကြီးရယ်
မဆုံစေချင်ရင်လည်း
မကြုံပေးပါနဲ့လား။

** ခဏတာ တွေ့ကြုံရပြီး
တစ်သက်တာ မမေ့နိုင်တဲ့ ချစ်ခြင်းတွေနဲ့
ခဏ်မခတ်လိုကပါနဲ့။

** မျက်လုံးစာ မတတ်တဲ့
ချစ်သမီးအတွက်
ဖွင့်ဟသံတွေလည်း
မပိတ်ပင်လိုက်ပါနဲ့။

** ဆိုင်သူမသိဘဲ
တိတ်တိတ်လေး လွမ်းရတာလည်း
မောလှပါတယ်။

** အတိတ်ကို မေ့ချင်ပေမယ့်
မနေ့ကလို ထင်နေတာလည်း
ခက်လှပါတယ်။

** ချစ်ခြင်းတရားက
သစ္စာမဲ့သူကို
သတိရခြင်း နောင်တ တွေနဲ့
အပြစ်ပေးသတဲ့။

**သစ္စာရှိသူအတွက်
ဆုလာဘ်က ဘာတွေလဲ
အသည်းနုတဲ့ ချစ်သမီးအတွက်
ကြမ်းတမ်းတဲ့ အချစ်ခရီးတော့
မဖန်ဆင်းလိုက်ပါနဲ့။

** ဖူးစာရေးနတ်မင်းကြီး၇ယ်
ဖူးစာမဆုံရရင်လည်း
အဖြူအမည်း သဲကွဲစေမယ့်
ရင်တွင်းစကားတွေ ဖလှယ်ရဖို့
ဘ၀တစ်ကွေ့ဝယ်
တွေ့ဆုံခွင့်လေး ရချင်သေးတယ်
တစ်ကြိမ်တစ်ခါကွယ်။

* * သံယောဇဉ် * *

သံယောဇဉ်ဆိုတဲ့
ကြိုးက တော်တော်နဲ့ ပြတ်ရခက်
ဘာကြောင့် ..........
သံယောဇဉ်ဆိုတာ ရရှိခဲ့
ခုတော့ဖြင့် မပြတ်နိုင်တဲ့
ဒို့နှလုံးသားက မင်းကိုတော့
မမြဲသတိရနေမှာ ဆိုတာကိုတော့
မင်းသိစေချင်လိုက်တာဟာ။
ဒို့အတွက်တော့ .........
မင်းကြောင့် ခံစားခဲ့ရတဲ့
ခံစားချက်တွေကိုတော့
မင်းကို ..... မပြောတော့ဘူးနော်။