Pages

31 October 2009

အချစ်

**ဘာကြောင့် ယောက်ျားလေးတွေက အချစ်ကို တန်းဖိုးမထားတတ်ကြတာလဲ။ ဘာဖြစ်လို့လဲ.....

30 October 2009

* * * တမ်းတနေ့စွဲ * **

* * တိမ်တွေ ကြည့်ရင်းကွယ် * *
* * ကိုယ်အမြဲကြေကွဲ ငိုနေတယ် * *
* * အတူတူနေလေးတွေ * *
* * ပြန်တွေးမိရင် သိပ်လွမ်းတယ် * *

CHO : ( ** ချစ်အားလေးရယ် ငယ် **
** ရင်မှာသိုသိပ် မျက်ရည်ဝဲ **
** ကိုယ်တကယ်လွမ်း လွမ်းလို့လေ **
** အမြန်ဆုံးပြန်ခဲ့ ချစ်သူရယ် * *
* အတူနေတာတွေ ကိုယ်အမြဲလွမ်းနေတယ် *
* သိပ်ချစ်တယ် ရင်ထဲ ခိုနားလှည့်ပေါ့ကွယ် *)

* * အကြင်နာ စိတ်လေးတွေ * *
* * ပြန်တမ်းတရင် ငိုနေတယ် * *
* * ရန်ခုန်သိပ်မောတယ် * *
* * အချစ်အနမ်းတွေလည်း သိပ်လွမ်းတယ် * *

CHO : ( ** ချစ်အားလေးရယ် ငယ် **
** ရင်မှာသိုသိပ် မျက်ရည်ဝဲ **
** ကိုယ်တကယ်လွမ်း လွမ်းလို့လေ **
** အမြန်ဆုံးပြန်ခဲ့ ချစ်သူရယ် * *)

* * ရီဝေမျက်ဝန်းရယ် ငိုခဲ့တာလဲ ကြာပြီပဲ * *
* * ဘယ်လိုဘာကြောင့်ကွယ် * *
* * အဖော်မဲ့ကြေကွဲအနေခက်တယ် * *
* * ဘယ်အထိချစ်မှာလဲ * *
* * ဒီလို အချိန်တိုင်း မေးသူရယ် * *

CHO: ( ** ကိုယ်တကယ်လွမ်း လွမ်းလိုလေ့ * *
** အမြန်ဆုံး ပြန်ခဲ့ချစ်သူရယ် **
** ကြင်နာတာတွေ မေ့မထားလိုက်ပါနဲ့ **
** သိပ်ချစ်တယ် ရင်ထဲခိုနားလှည့်ပေါ့ကွယ် **

* * အကြင်နာ စိတ်လေးတွေ * *
* * ပြန်တမ်းတရင် ငိုနေတယ် * *
* * ရန်ခုန်သိပ်မောတယ် * *
* * အချစ်အနမ်းတွေလည်း သိပ်လွမ်းတယ် * *

CHO : ( ** ချစ်အားလေးရယ် ငယ် **
** ရင်မှာသိုသိပ် မျက်ရည်ဝဲ **
** ကိုယ်တကယ်လွမ်း လွမ်းလို့လေ **
** အမြန်ဆုံးပြန်ခဲ့ ချစ်သူရယ် * *
* အတူနေတာတွေ ကိုယ်အမြဲလွမ်းနေတယ် *
* သိပ်ချစ်တယ် ရင်ထဲ ခိုနားလှည့်ပေါ့ကွယ် *)

* * ရီဝေမျက်ဝန်းရယ် ငိုခဲ့တာလဲ ကြာပြီပဲ * *
* * ဘယ်လိုဘာကြောင့်ကွယ် * *
* * အဖော်မဲ့ကြေကွဲအနေခက်တယ် * *
* * ဘယ်အထိချစ်မှာလဲ * *
* * ဒီလို အချိန်တိုင်း မေးသူရယ် * *

CHO: ( ** ကိုယ်တကယ်လွမ်း လွမ်းလိုလေ့ * *
** အမြန်ဆုံး ပြန်ခဲ့ချစ်သူရယ် **
** ကြင်နာတာတွေ မေ့မထားလိုက်ပါနဲ့ **
** သိပ်ချစ်တယ် ရင်ထဲခိုနားလှည့်ပေါ့ကွယ် **
* အတူနေတာတွေ ကိုယ်အမြဲလွမ်းနေတယ် *
* သိပ်ချစ်တယ် ရင်ထဲ ခိုနားလှည့်ပေါ့ကွယ် *)

* * * * အပြစ်မမြင် * * * *

- * - နှုးညံ့နွေးထွေးသလို အကြည့်လေးများထဲ - * -
- * - တင်ထားမယ် တို့စိတ်ကူးတွေ အခိုးအငွေ့ဖြစ်ကာရယ် - * -
- * - နှလုံးသားဟာ ပန်လိုဝေကကျတယ် - * -
- * - မနေ့က မင်းသတင်းတွေ ဒို့ကြားလည်း - * -
- * - မမေးဘူး တိုးတိတ်စွာ မျိုသိပ်ပါ့မယ် - * -
- * - အားလုံးဟာ စိုးရိမ်စိတ်နဲ့ သတိပေးကြပေမယ့် - * -
- * - ကြားစကားလို့ရင်မှာ ယုံထားမယ် - * -
Cho : ( ** အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတဲ့နောက် **
** ဖြစ်သမျှဟာ အကောင်းဆုံးပဲပေါ့ **
** မင်းရင်ခွင်နဲ့ ခွဲခွာနေဖို့မရဲပါဘူး **
** အနားနားမှာ အမြဲရှိပါရစေ ** )
- * - အချစ်က အသိခက်တဲ့ ကဗျာလေးပဲ - * -
- * - ခွင့်လွှတ်ချစ်တတ်အောင် တို့ကြိုးကြည့်တယ် - * -
- * - လျှို့ဝှက်ချက်များစွာထဲမှာ အမြဲတမ်းတ၀ဲလည်လည် - * -
- * - မှားလည်းလေ မှားပါစေတော့ကွယ် - * -
Cho : ( ** အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတဲ့နောက် **
** ဖြစ်သမျှဟာ အကောင်းဆုံးပဲပေါ့ **
** မင်းရင်ခွင်နဲ့ ခွဲခွာနေဖို့မရဲပါဘူး **
** အနားနားမှာ အမြဲရှိပါရစေ ** )
Cho : ( ** အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတဲ့နောက် **
** ဖြစ်သမျှဟာ အကောင်းဆုံးပဲပေါ့ **
** မင်းရင်ခွင်နဲ့ ခွဲခွာနေဖို့မရဲပါဘူး **
** အနားနားမှာ အမြဲရှိပါရစေ ** )

*** malwan thin chin pyaw mal ***

**** မလွမ်းပဲ မနေနိုင်အောင် မင်းလုပ်ခဲ့တယ် ****
**** မချစ်ပဲ မနေနိုင်အောင် မင်းရဲ့ အပြုံးတွေ ****
**** နှလုံးသား ဒဏ်ရာတွေ မင်းမပေးဘယ်နဲ့ ****
**** ရရှိခဲ့တာ ဘာကြောင့်လဲ *****။

**** ချစ်ခဲ့တာတွေ ကိုယ့်အမှားများလာကွယ် ****
**** ဖွင့်ပြောဖို့ဆိုတာ ကိုယ်မှ မဖြစ်ခဲ့တာ *****
**** ဆုံးရှုံးမှာကို ကြိုတွေးမိခဲ့လည်း *****
**** မင်းမသိအောင် ချစ်မယ် ******။

Cho : (*** တကယ်ဆို မင်းနာလည်းမှာပါ အချစ်ရယ် ***
**** ခင်မင်မှု့ ... အရောင်များ ပြက်ပျယ် ****
*** ဒီလိုနဲ့ ဝေးမှာကို ကြိုသိလဲ ..အချစ်ရယ် ****
*** ယုံကြည်ပါ သီးချင်းလေးက ပြောလိမ့်မယ် ****)

**** မှတ်မိနိုင်စရာ ညလေးရှိခဲ့တယ် ****
**** မင်းနာလည်းရင် အပျော်ဆုံးမက်ခဲ့တယ် ****
**** ဘယ်သူမှ မမြင်အောင် ကိုယ်ချစ်ခဲ့မိလည်း *****
**** နှလုံးသားလေးရယ် ဘယ်လိုဖြေမလဲ ****

**** ချစ်ခဲ့တာတွေ ကိုယ့်အမှားများလာကွယ် ****
**** ဖွင့်ပြောဖို့ဆိုတာ ကိုယ်မှ မဖြစ်ခဲ့တာ *****
**** ဆုံးရှုံးမှာကို ကြိုတွေးမိခဲ့လဲ *****
**** မင်းမသိအောင် ချစ်မယ် ******။

Cho : (*** တကယ်ဆို မင်းနာလည်းမှာပါ အချစ်ရယ် ***
**** ခင်မင်မှု့ ... အရောင်များ ပြက်ပျယ် ****
*** ဒီလိုနဲ့ ဝေးမှာကို ကြိုသိလဲ ..အချစ်ရယ် ****
*** ယုံကြည်ပါ သီးချင်းလေးက ပြောလိမ့်မယ် ****)

Cho : (*** တကယ်ဆို မင်းနာလည်းမှာပါ အချစ်ရယ် ***
**** ခင်မင်မှု့ ... အရောင်များ ပြက်ပျယ် ****
*** ဒီလိုနဲ့ ဝေးမှာကို ကြိုသိလဲ ..အချစ်ရယ် ****
*** ယုံကြည်ပါ သီးချင်းလေးက ပြောလိမ့်မယ် ****)

တည်မြဲခွင့်ရှိပေမယ့် ...

မိုင်တွေကွာဝေးနေပါစေ
ဘယ်တော့မှ မဆွေးဘူး
မင်းကိုချစ်တဲ့ သွေးတွေ ငါ့နှလုံးသားထဲ
စီးဆင်းနေတယ် ...
လှည့်ပြေးနေတဲ့ အတွေးတွေနဲ့
ပျော်မွေ့တဲ့ နားခိုရာဟာလဲ
အမြဲတမ်း မင်းအကြောင်းတွေသာဖြစ်တယ်
အသက်ရှင်နေသရွေ့ပေါ့ ...
မမေ့လျော့တဲ့ စိတ်နဲ့
ငါ့နှလုံးသားမှာ အနက်ရှိုင်းဆုံး
မင်းရှိမယ် ...
အစွဲလန်းကြီးတဲ့ ငါ့အတွက်
အချစ်ကိုပြောင်းလဲဖို့ရာ
အချစ်ဆိုတာ အသုံးမဝင်တော့ပါဘူး
ငါ့ရင်ဘက်ထဲက နင့်အတွက် တစ်စုံတစ်ရာ
ခိုင်မှာသေချာနေတုန်းပဲ
အမုန်းဝင်္ကပါ တစ်ခုမှန်းသိတဲ့နောက်
ထွက်ပေါက်ကို မရှာဖွေချင်တော့ဘူး
မင်းပေးတဲ့ အမုန်းဆူး
ငါ့နှလုံးသားကို ဆူးပါစေတော့
မခွဲတမ်းချစ်ခွင့်မရှိပေမယ့်
အမြဲတမ်းတော့ ချစ်တယ် ...

ရာသီဖွား အချစ်ဒဿနများ

***** သင်ဟာ ဘယ်ရာသီဖွားလဲ***** ဖတ်ကြည့်နော်။
-- မိဿအချစ်ဒဿန (ARIES)

မိဿရာသီဖွားတို့၏ နှလုံးသားသည် အလွန်မြင့်မြတ်သိမ်မွေ့သည်ဟု
ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားသည်။
\\\"နှလုံးသားစစ်ပွဲများ။ဒဏ်ရာဒဏ်
ချက်များ၊မီးတောက်၊မီးလျှံမျာြး
ကားမှ အလွန်ချစ်တတ်သော
နှလုံးသားပိုင်ရှင်၊ မြင့်မြတ်သော အချစ်ရှိသူ\\\"ဟု ဖော်ကျူးထားသည်။
အပြင်သဏ္ဌာန်တွင် ကြမ်းတမ်းသည်ဟု ထင်ရလင့်ကစား အတွင်းစိတ်မှာနုညံ့သည်။
မေတ္တာရေးတွင် အပေးသမားဖြစ်သည်။ရယူခြင်းထက် ပေးဆပ်ခြင်းကို ဦးစားပေးမည်။
လူတစ်ဦးတစ်ယောက်ကိုချစ်မိလျှင် မျက်စိအောက်ကအပျောက်မခံ။ မုန်းမိလျှင်လည်း
မမေ့နိုင်။ သံယောဇဉ်တနွယ်နွယ် ဖြစ်တတ်သည်။ သဘောထားကြီးမြတ်မည်။
သည်းခံခွင့်လွှတ်တတ်သော အချစ်နှင့် နှလုံးသားကို ပိုင်ဆိုင်သည်။
\\\"အလွန်အချစ်ခံလိုသော အချစ်ကို ပိုင်ဆိုင်ထားသည်။အချစ်အားလိုလားသည်။
မိမိအပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးနူး ညံ့ညံ့ အလေးပေး၍
ဆက်ဆံသူအား လိုလားသည်။ ထို့အပြင် သနားချစ်၊အားနာချစ်ကိုလည်း
ဦးစားပေးတတ်သည်\\\"
အချစ်ရေးကိစ္စ၊အိမ်ထောင်ရေးကိစ္စ အားလုံးစုံတွင် ဦးနှောက်ကို ဦးစားမပေး၊
နှလုံးသားနှင့် ဆုံးဖြတ်တတ်သည်။ အချစ်အတွက် ဘာမဆိုပေးဆပ်ရဲသော
သတ္တိရှိသည်။ တဇွတ်ထိုး လုပ်ခြင်း ၊စိတ်ဒေါသကြီးခြင်းများ ရှိလင့်ကစား
မေတ္တာဘဝလမ်းကြေားင်းတွင် အနှောက်အယှက်ဖြစ်လောက်အောင်အထိ မကျရောက်နိုင်ပါ။
ဤရာသီဖွားများသည် မျက်နှာများလိမ့်မည်။အပြိုင်ရည်းစားထားလိမ့်မည်။
နောက်ဆုံးအိမ်ထောင်ပြုသောအခါတွင် နီးစပ်မုအရှိဆုံးသောသူနှင့်
အိမ်ထောင်ကျမည်။ အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ။သို့သော်
အိမ်ထောင်ပြုသောအခါ အိမ်ထောင်တဆက်တည်းနှင့် မြဲစေရန်
အမြဲထိန်းသိမ်းကြိုးစားမည်။
မိမိသည် နာမည်ပျက်ရှိသူ (သို့) တစ်စုံတစ်ရာဘဝတွင် အချစ်ကံခေခဲ့သူအား ပို၍
တိမ်းညွတ်ချစ်တတ်သော နှလုံးသားကို ပိုင်ဆိုင်သည်။ အချစ်ကို ဦးစားပေးမည်။
ချစ်သူကြောင့် မိမိဝန်းကျင် အသိုင်းအဝိုင်းအတွင်း အပြောအဆို ခံရမည်။
သို့သော် ထိုအချစ်သည်ပင် မိမိအား ပျော်ရွှင် ချမ်းမြေ့မှု့ကို ပေးလိမ့်မည်။
ဤရာသီဖွားများ၏ အချစ်ဒဿနမှာ အသက်အရွယ်ကိုလိုက်၍ ကွာခြားသွားမည်။ အသက် ၁၅
နှစ်မှ ၁၉နှစ်ကြား လူငယ်များသည် အချစ်ကို ရင်ခုန်စရာ
စိတ်လှုပ်ရှားစရာတစ်ခုဟု သတ်မှတ်မည်။အသက် ၂၀နှစ်မှ ၂၅ ကြားအရွယ်သည်
အချစ်ကို ကြေကွဲစေခြင်း၊ဝမ်းနည်းစေခြင်း နှလုံးသားအား နာကျင်စေသော အရာဟု
သတ်မှတ်မည်။ အသက်၂၅ နှစ်မှ ၃၀ နှစ်ကြားအရွယ်သည် အချစ်ကို ပေးဆပ်ခြင်းဟု
ယူဆသော ဒဿနရှိသည်။ အသက်၃၀ နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာသည် မိမိက
ပေးမှသာလျှင် တစ်ပါးသူထံမှ ပြန်လည်ရရှိမည်ဟူသော ဒဿနကိုရင်ဝယ်ထားရှိမည်။
အသက်၄၀ အထက်တွင်မူ တစ်ပါးသူက မိမိအား သံယောဇဉ်ထားခြင်း၊ အလိုလိုက်ခြင်း၊
ဂရုစိုက်ခြင်းနှင့် ချစ်မြတ်နိုးမှုကို အလွန်တောင့်တသည်။
ဤကား မိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။

ပြိဿအချစ်ဒဿန (TAURUS)

ပြိဿရာသီဖွားတို့၏နှလုံးသား ချစ်ခြင်းမေတ္တာသည် အလွန်သစ္စာတရားကြီးမားပြီး
ပေးဆပ်ခြင်းကို ဦးစားပေးသော
မေတ္တာတရားကြီးမားသူများဟုကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။
၅၂၈ နှင့်၁၅၀၀ မေတ္တာလွန်ပွဲများ ဘဝကွာခြားမှုများအကြား ကျောက်ဆစ်၊
ကျောက်တောင်ကဲ့သို့ မာကျောသော နှလုံးသားအလယ်မှ ထူးခြားစွာ ပွင့်လန်းသော
နတ်ပန်းကဲ့သို့ ပွင့်ခဲ၊ ချစ်ခဲသော၊ မွန်မြတ်သောအချစ်၊ တည်တဲ့သောမေတ္တာ
အချစ်နှလုံးသားအားပိုင်ဆိုင်သူဟု ဖော်ကျူးထားသည်။
မေတ္တာတရားအား ဆုံးဖြတ်သောအခါတွင် သေချာစွာ အချိန်ယူဆုံးဖြတ်ပြီးမှ
ချစ်တတ် တွယ်တာတတ်သည်။ ပြောခဲ့သောစကား၊ ဆုံးဖြတ်ထားသော အရာအား ဘယ်တော့မှ
ပြန်မပြင် ၊ သစ္စာတရားအား ရင်ဝယ်ပိုက်ထားသူဖြစ်သည်။
ငယ်ချစ်ကို ဦးစားပေးတတ်သည်။ ခိုင်မာသော မေတ္တာ ကိုပိုင်ဆိုင်သည်။ မိမိက
ချစ်ရသူအပေါ် အမြဲ စိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည် ဟူသော ဒဿန ကို
ပိုင်ဆိုင်သည်။
သံယောဇဉ်ကြီးသည်။ အချော့ကြိုက် အပျော့ကြိုက်ဖြစ်သည်။ ချစ်ခဲသည်။
အချစ်မြဲသည်။ အချစ်အတွက်ဆိုလျှင် ပတ်ဝန်းကျင်နှင့်
ဆန့်ကျင်ရန်လည်းကောင်း၊ မိသားစုနှင့်ဆန့်ကျင်ရန်လည်းကောင်း ဝန်မလေး။
ကိုယ်တိုင်ဆုံးဖြတ်မည်။ မေတ္တာလမ်းကြောင်းသည် မချောမွေ့ အခက်အခဲများမည်။
ချစ်သူနှင့်ပေါင်းဖက်ရန် ဆုံစည်း ရန်သာအဓိကထားသည်။ အပျော်ချစ်သူ
လုံးဝမထားတတ်။
အချစ်ကို ဦးစားပေးသည်။ မိမိကိုယ်တိုင်လည်း အယုအယကြိုက်မည်။
သစ္စာရှိသူကိုလည်းလိုလားမည်။ ချစ်ခြင်းမေတ္တာဆိုသည်မှာ သစ္စာတရားရှိမှ
ခိုင်မြဲသည်။ ပြီးပြည့်စုံသည်ဟု ခံယူထားသည်။
နှလုံးသားမှ အချစ်သည် သံယောဇဉ်အတွယ်အတာမှ တစ်စစ မြင့်မားလာသော
တိုးပွားလာသော ချစ်တတ်လာသော မေတ္တာအမျိုးအစားဖြစ်သည်။
ဤရာသီဖွားများသည် မိမိ ကသူတစ်ပါးအပေါ် ကောင်းသလောက် ပေးဆပ်သလောက် မိမိကို
ထပ်တူ ပြန်ကောင်းသူရရန် ခဲယဉ်းသည်။ မိသားစု ညီအကို မောင်နှမများအား ၅၂၈
မေတ္တာ ဦးစားပေးရမှုကြောင့် ၁၅၀၀ မေတ္တာတွင်အညံ့ရှိမည်။
တခါတည်းထား တစ်ကြိမ်တည်းမြဲလိုသော ချစ်သူကိုလိုလားသည်။ သို့သော်
ဤရာသီဖွား ၈၀% သည် အချစ်ဦးနှင့်ဆုံစည်းကိန်းမရှိတတ်ပါ။
အချစ်အပေါ် ထားရှိသော ဒဿနအမြင်သည် အသက် ၁၆ နှစ်မှ ၂၂ နှစ်အတွင်း မိမိကို
တစိုက်မတ်မတ် စိတ်ဝင်စားသော နီးစပ်သူနှင့် သံယောဇဉ် တွယ်ပြီး
နီးစပ်မှုကြောင့် မေတ္တာတရားပေါ်ပေါက်သည်ဟုသတ်မှတ်သည်။ အသက်၂၃ မှ ၂၈
နှစ်ကြားတွင် ချစ်သူထက်မိဘကို ပိုချစ်သင့်သည်ဟူသော စိတ်ရှိသည်။ အသက်
၂၈နှစ်မှ ၃၅ နှစ်ကြားတွင် မေတ္တာတရားသည် ဘဝအတွက်
ထာဝရလက်တွဲရန်အဖော်ရှာခြင်းဟု သတ်မှတ်သည်။ အသက်၃၆နှစ်အထက်တွင်မူ
မေတ္တာတရားသည် သူတစ်ပါးအားပေးဆပ်ရန် အကောင်းဆုံးသော လက်ဆောင်မွန်ဟု
သတ်မှတ်သည်။
ဤကား ပြိဿရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။

မေထုန် အချစ်ဒဿန (GEMINI)

မေထုန်ရာသီဖွားတို့၏နှလုံးသားချစ်ခြင်းမေတ္တာသည် တစ်ပါးသူက မိမိအား မည်မျှ
တားဆီးစေ ၊ မိမိ နှလုံးသားကလက်ခံပါက ရဲရဲတင်းတင်း ပြတ်ပြတ်သားသား
ချစ်တတ်သော နှလုံးသားရှိသည်။
ကောင်းကင်မိုးမြင့် တိမ်တိုက်ကြားမှ လေဟုန်စီး ပျံသန်းနေသော
ငြိမ်းချမ်းရေး ချိုးဖြူငှက်ငယ်၏ တေးသံကြောင့် နိုးထရှင်သန်လာသည့်
နှလုံးသားနှင့် အမြဲချစ်တတ်သောသူ ဟု ဖော်ကျူးထားသည်။ပေးဆပ်တတ်သော
မြင့်မြတ်သည့်နှလုံးသား ကို ပိုင်ဆိုင်သည်။ မိမိ၏ဘဝကို လည်းကောင်း မိမိ၏
အတွေအမြင်ကိုလည်းကောင်း တစ်ခုခုပေါ်တွင် အထောက်အကူပြုနိုင်သူအား
ချစ်ခြင်းမေတ္တာသက်ရောက်မည်။ ပညာရှိပြီး ဥာဏ်ရည်ထက်မြက်သောသူကို
နှစ်သက်မည်။ မိမိနှင့် တိုင်ပင်ဖော် တိုင်ပင်ဖက်အဖြစ်
ရပ်တည်နိုင်သောသူကို ဘဝအဖော်အဖြစ် ဦးစားပေး၍ ရွေးချယ်တတ်သော
သဘောရှိသည်။အမြဲရွေးရခက်အောင် အခွင့်အရေးနှစ်မျိုးကြုံမည်။
ထိုကဲ့သို့ရွေးချယ်ရန်ကြုံလာပါက ဦးဏှောက်ကို ဦးစားမပေးပဲ နှလုံးသားမှ
တောင်းဆို လာသည့်အပေါ် ရဲရင့်ပြတ်သားစွာ ဆုံးဖြတ်မည့်သူဖြစ်သည်။
တွေဝေ ဒွိဟဖြစ်တတ်သော သဘာဝရှိသော်ငြားလည်း ဤရာသီဖွားများ၏ နှလုံးသာမှာ
အလွန်မာသည်။အလွယ်တကူ မျက်စိမှိတ်၍ လုပ်တတ်သော သဘာဝမရှိ ။မိမိအပေါ်
လေးစားခြင်းတန်ဖိုးထားခြင်း နှင့် မိမိက လေးစားရသောသူ အပေါ်ကိုသာ
ချစ်တတ်သော သဘာဝရှိသည်။
ဤရာသိဖွားများသည် မိမိထက် အသက်အရွယ် အနေအထား ဆက်ဆံရသော ဝန်းကျင်
မတူခြားနားသောသူကို ရွေးချယ်၍ မေတ္တာမျှ အိမ်ထောင်ပြုတတ်သည်။ ပတ်ဝန်းကျင်
သားချင်း ဓလေ့များနှင့် ဆန့်ကျင်ပြီး နှလုံးသားကို ဦးစားပေး၍
ချစ်တတ်သောသူဖြစ်သည်။ ချစ်သူအတွက်ဆိုပါက မိမိကိုယ်ရေးကိုယ်တာကို မငဲ့ကွက်
ပေးဆပ်ရန် ဝန်မလေးသော သဘာဝရှိသည်။
ပင်ကို စရိုက်တွင် တစ်ပါးသူက အခက်အခဲများ အချစ်ပြဿနာများကို မိမိက
ဦးဆောင် ဖြေရှင်းနိုင်သလောက် မိမိကိုယ်တိုင်အတွက်မူ အကြံပေးနိုင်သူ
ဖြေရှင်းနိုင်သူ နည်းပါးတတ်သည်။ မကြာခဏ ချစ်သူနှင့်ဝေးကွာ ခွဲခွာနေရသော
အနေအထားသို့ ရောက်လေ အချစ်စိတ်များပိုမိုပြင်းထန်လေ၊ သံယောဇဉ်
ပိုကြီးလေဖြစ်သည်။ အလွန်စိတ်ကူးယဉ်တတ်သော နှလုံးသားအား ပိုင်ဆိုင်သည်။
တေးဂီတတစ်ပုဒ် ကဗျာတစ်ကြောင်းကပင်လျှင် မိမိချစ်သူကို တမ်တ လွမ်းဆွတ်စေ
နိုင်သော နှလုံးသားအားပိုင်ဆိုင်သည်။
ဤရာသီဖွားများ၏ ၇၅%သည် အသက် လူမျိုး မိမိနှင့် မိရိုးဖလာ
ကွဲပြားသောသူနှင့် မေတ္တာမျှတတ်သော သဘာဝရှိသည်။ အသက် ၁၆ နှစ် မှ ၂၃
နှစ်ကြား ဤရာသီဖွားများ၏ ချစ်ခြင်းမေတ္တာမှာ အလွန်ရှုပ်ထွေး၍
ကိုယ်လွတ်လပ်မှုကို ပျက်စီးစေတတ်သော အရာဟုသတ်မှတ်မည်။
မိမိကိုယ်မိမိသာအချစ်ဆုံးဟု သတ်မှတ်မည်။ အသက် ၂၄နှစ်မှ အသက်၃၀
နှစ်ကြားအရွယ်တွင် ချစ်ခြင်းမေတ္တာဟူသည်မှာ စိတ်တူ သဘောတူနှင့်
ဘဝအားရင်ဆိုင်မည့်အပေါ်ထားရှိရမည့်ခံစားချက်ဟု သတ်မှတ်သည်။ အသက်၃၀
နှစ်အထက်တွင်မူ ချစ်ခြင်းမေတ္တာ တရားသည် ကျယ်ပြန့်စွာ နှင့်
လူတိုင်းအပေါ်ထားရှိအပ်သော အရာဟု သတ်မှတ်မည်။
ဤကား မေထုန်ရာသီဖွားတို့၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်ပင်ဖြစ်သည်။

ကရကဋ် အချစ်ဒဿန (CANCER)

ကရကဋ် ရာသီဖွားများသည် အလွန်စိတ်ကူးယဉ်ဆန်သော အချစ်ကိုလိုလားသောသူဟု
ကမ္ဘာ့နတ်က္ခတ်ပညာရှင်များက သတ်မှတ်သည်။
အလွန်လှပဆန်းကြယ်တင့်တယ်သော ရေကန်၏အလယ်တွင် လရောင်ဖျန်းသောအခါ
လန်းဆန်းဖူးပွင့်သည့် ကြာဖြူပွင့်ကဲ့သို့ နှလုံးသားကို ပိုင်ဆိုင်သူအဖြစ်
ဤရာသီဖွားများ၏ နှလုံးသားချစ်မေတ္တာအားဖော်ကျူးထားသည်။အချစ်မေတ္တာအား
စိတ်ကူးယဉ်စရာတစ်ခုဟု
သတ်မှတ်ထားသည်။လက်တွေ့ဘဝနှင့်ကင်းကွာသောအချစ်ကိုလိုလားသည်။ချစ်ခြင်းမေတ္တာသည်
ရင်ခုန်ချင်စရာ၊ စိတ်ကူးယဉ်စရာအဖြစ်သတ်မှတ်ပြီး ဒဏ္ဍာရီပုံပြင်သမိုင်းထဲမှ
အချစ်သူရဲကောင်းများအား သဘောကျ အားကျတတ်သော
နှလုံးသားကိုပိုင်ဆိုင်ထားသည်။
အလွန်ချစ်တတ်သလို အလွန်အငြိုးအတေး ကြီးတတ်သည်။ ဤရာသီဖွားများအဖို့
ချစ်ခြင်းနှင့်မုန်းခြင်းအကြားနယ်နိမိတ်သည်
မျဉ်းကြောင်းငယ်လေးမျှသာဖြစ်သည်။ တစ်ပါးသူအပေါ် သံယောဇဉ်ထားမိ၊ ချစ်မိ
၊တွယ်တာမိလျှင် အရာရာပေးဆပ်တတ်သလောက် မုန်းပြီဆိုက လုံးဝလှည့်မကြည့်တတ်။
မိမိ၏နှလုံးသားသည် အငြိုးကြီးသည်၊အမှတ်သည်းခြေကြီးသည်။မိမိကို
ဒုက္ခပေးထား၊နှိမ့်ချဆက်ဆံထားသော သူများအပေါ် အခါသင့်လျှင်
ပြန်လည်လက်တုန့်ပြန် လက်စားချေတတ်သည်။စိတ်ကြီးသည် ။ဆတ်ဆတ်ထိမခံတတ်။
တစ်စုံတစ်ရာ မိမိနှလုံးသားကိုနာကျင်ထိခိုက်အောင် တဖက်သူမှပြုလျှင်
ချက်ချင်းမုန်းတီးအရွဲ့တိုက်တတ်သော အချစ် နှလုံးသားဒဿန ရှိသည်။
ချစ်ခြင်းမေတ္တာအပေါ် အထိမခံ၊ အလွန်တန်ဖိုးထားတတ်သော သူဖြစ်သည်။ သို့သော်
မေတ္တာရေးတွင် မချောမွေ့၊ကံခေတတ်သော သဘာဝကို ပိုင်ဆိုင်သည်။ အချစ်ဦးနှင့်
ဆုံစည်းခြင်းမရှိ။ကွေကွင်းခြင်းအပေါ်လည်း ဝမ်းနည်းကိန်းမရှိ။
ထူးခြားချက်မှာ အချစ်ဆုံးသူနှင့် အိမ်ထောင်ကျမည်။ မိမိ၏
အချစ်နှင့်နှလုံးသားခံယူချက်သည် ဆက်ဆံသော အသိုင်းအဝိုင်းအလိုက်
စိတ်ပြောင်းလဲတတ်သော သဘာဝရှိသည်။ ပတ်ဝန်းကျင်၏ ပြောဆိုမှုကို
ဦးစားပေးခြင်းသည် နှလုံးသားထက် ဦးဏှောက်၏ ဆုံးဖြတ်ချက်ကို
အလေးထားသလိုဖြစ်မည်။
ဘဝတွင် အသိုင်းအဝိုင်းက နှစ်သက်သူတစ်ဦး၊ နှလုံးသားကလက်ခံသူတစ်ဦးအကြား
ရွေးချယ်ရန် အခက်ကြုံလိမ့်မည်။ထိုအခါတွင် ရုပ်ဝတ္ထုပိုင်းထက် မိမိက
မေတ္တာထားသလို ထားနိုင်သောသူကိုသာ ဦးစားပေး၍ ရွေးချယ်သင့်သည်။
ဆုံးဖြတ်ချက်ချသောအခါတစ်ပါးသူက နားယောင်မှုထက် ကိုယ်ပိုင်နှလုံသား
ခံယူချက်အပေါ် အခြေပြုပါ။ အသက် ၁၆ နှစ်မှ ၂၀ ၂၅ နှစ်များတွင်
တစ်ပါးသူပေးသော ကတိအပေါ် ယုံစားတတ်၍ စိတ်အနှောက်အယှက်များကြုံကာ
မေတ္တာရေးတွင် အညံ့ရှိသည်။ အသက် ၂၅ နှစ်မှ ၂၉ နှစ်ကြားတွင် မိမိအား
သံယောဇဉ်ကြီးသူအား ပယ်ခွာ၍ နောက်မှပေါက်သည့် ရွှေကြာကို အလွန်ဦးစားပေးမည်။
မိမိက မေတ္တာတရားနှင့် ချစ်ခြင်းကို လေးနက်စွာထား၍ ဘဝအဖော်
ရွေးချယ်လင့်ကစား မိမိအား အများက ဂုဏ်နောက် ငွေနောက် လိုက်သည်ဟု
သတ်မှတ်မည်။ ဤရာသီဖွားများသည် ချစ်ခြင်းမေတ္တာကို မုန်းခြင်းနှင့်
ဆန့်ကျင်ဘက်ဖြစ်သည်ဟု ဘဝတစ်လျှောက် တွေးခေါ်ထားသော သဘာဝအားပိုင်ဆိုင်သည်။
ဤကား ကရကဋ် ရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်ပေသည်။

သိဟ်အချစ်ဒဿန (LEO)

သိဟ်ရာသီဖွားများကို ဂုဏ်သိက္ခာရှိသော စိတ်ဓာတ် အကျင်သီလနှင့် ကြီးမြတ်သော
သဘောထား။မြင့်မြတ်သော နှလုံးသားများကို ပိုင်ဆိုင်စေလျက် လူ့ဘုံလောကသို့
ဖန်ဆင်းရှင်မှ မွေးဖွားစေလွှတ်လိုက်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက
သတ်မှတ်ထားသည်။
တိုက်ပွဲများ မိးလျှံများ ကြားမှ အလွန်ရဲရင့်သော ကေသရာဇာ ခြင်္သေ့မင်း၏
နှလုံးသားနှင့် ဤရာသီဖွားများ၏ နှလုံးသားကိုထပ်တူပြု၍ ဖော်ကျူးထားသည်။
အလွန်တည်ငြိမ်မြင့်မြတ်သော နှလုံးသားပိုင်ရှင်များ ဖြစ်သည်။
အချစ်မေတ္တာအပေါ် လေးနက်စွာ ခံယူကျင့်သုံးသည်။ တစ်ပါးသူတို့
အဆင်ပြေအောင်မြင်ရေးအတွက် မိမိ၏အချစ် မိမိ၏ဘဝကို
ပေးဆပ်ရန်ဝန်မလေး။ပေးဆပ်ခွင့်လွှတ်တတ်သော သဘောထားကြီးသော နှလုံးသားကို
ပိုင်ဆိုင်လင့်ကစား ခေါင်းမာခြင်း မာနရှိခြင်းများကြောင့်
ဘဝအဖော်ကောင်းများ ဆုံးရှုံးတတ်သည်။မိမိ၏ နှလုံးသားမှ အချစ်နှင့်
ဦးဏှောက်မှစေစားလာသော မာနတရားတို့ အမြဲ လွန်ဆွဲနေသော အနေအထားကို
ဘဝတစ်လျှောက် ကြုံတွေ့မည်။ မာနကို လျှော့လိုက်ပါ။
ဤရာသီဖွားအမျိုးသမီးများသည် နှလုံးသားကို ဦးစားပေး၍ အမျိုးသားများသည်
ဦးဏှောက်ကို ဦးစားပေးမည့် သဘောရှိသည်။
ဘဝအဖော် ချစ်သူရွေးသောအခါတွင် နှလုံးသားသာမက ဦးဏှောက်၏ ဆုံးဖြတ်ချက်ကိုပါ
ထည့်သွင်းတတ်သည်။ အချစ်မေတ္တာဟူသော အရာသည် နှလုံးသားနှင့် ဦးဏှောက်
ပေါင်းစပ် ဆုံးဖြတ်ရသော အခြင်းအရာဖြစ်သည်ဟူသော ဒဿနအားပိုင်ဆိုင်သည်။
အလွန်သံယောဇဉ်ကြီးတတ်သည်။ ငယ်ချစ်ကို ဦးစားပေးတတ်သည်။ သတိပေးလိုသည်မှာ
မိမိသည် အလွန်မျက်နှာပွင့် စန်းပွင့်သော သူဖြစ်မည်။တစ်ဦးထက်ပိုသော
ချစ်သူရည်းစားများ ထားရလိမ့်မည်။ချစ်သူများခြင်း သည် လည်းကောင်း၊
အချစ်များခြင်းသည်လည်းကောင်း ဘဝ၏ အနှောက်အယှက် ဖြစ်ပေလိမ့်မည်။
မိမိအပေါ် နားလည်း
ခွင့်လွှတ်ခြင်း၊ပံ့ပိုးကူညီခြင်း၊အဖော်အဖြစ်ရပ်တည်ခြင်း၊ ပြုမည့်သူကို
ဘဝကြင်ဖော်အဖြစ် ရွေးချယ်လိမ့်မည်။ကံခေသည်မှာ ဤရာသီဖွားများသည်
အချစ်ဆုံးသူနှင့် ကွေကွင်းရတတ်သည်။ မာနကြောင့် အချစ်စစ်ချစ်သူနှင့်
ပဋိပက္ခဖြစ်နေဆဲ၊ အားနာ သနားခွင့်လွှတ်တတ်သော မိမိသဘာဝကို အခြားသောသူက
အခွင့်အရေးယူ၍ အညှာကိုင်ကာ လက်ထပ်ရန် တိုက်တွန်းခံရတတ်တသည်။ အချစ်ဆုံးသူ
တစ်ယောက် ၊ လက်ထပ်ဆုံစည်းသူကတစ်ယောက် ဖြစ်တတ်သည်။
အသက် ၁၆နှစ်မှ ၂၂ နှစ်ကြားမေတ္တာ ကံခေတတ်သည်။ အသက်၂၂နှစ်ကျော်မှ
မိမိနှလုံးသားသည် ရင့်ကျက်လာမည်။ အသက်၂၄ နှစ်အထက်တွင်မူ လေးနက်သော
အားမာန်ဖြင့် သူတစ်ပါးကို ချစ်ခြင်းမေတ္တာထားရှိ လိမ့်မည်။မိမိ
သံယောဇဉ်ကြီးသောသူ၏စကားနှင့် ပြောသမျှအလုံးစုံအား မျက်စိမှိတ် ယုံတတ်သော
သဘာဝရှိသည်။ချစ်ခြင်းမေတ္တာတရားသည်မိမိဘဝတစ်ခုလုံးကိုတစ်စုံတရာတိုးတက်စေရန်
ဖန်တီးနိုင်သည့် စွမ်းအား တစ်ရပ်ဖြစ်သည် ဟူသော သဘောထားအား ရင်မှာ ထာဝရ
ပိုက်ထွေးထားသောများဖြစ်သည်။
ဤကား သိဟ်ရာသီဖွားများ၏ အချစ်ဒဿနပေတည်း။

ကန် အချစ်ဒဿန (VIRGO)

ကန်ရာသီဖွားများသည် အလွန်ထိခိုက်ခံစားလွယ်သည့် သဲသဲလှုပ် နှလုံးသား
အချစ်ကို ပိုင်ဆိုင်ထားသူများဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက သတ်မှတ်ထားသည်။
အလွန်သန့်စင်လှပသော ကညာစင်တစ်ဦးက သူမ ဦးခေါင်းထက် ပန်ဆင်ရန်
ရွေးချယ်ထားသည့် ဖြူလွလွပန်းပွင့်နှင့်တူသော နှလုံးသားနှင့် အချစ်ကို
ပိုင်ဆိုင်သူများဟု ဖော်ကျူးထားသည်။ခွဲခြမ်းစိတ်ဖြာလေ့လာပြီးမှ စနစ်တကျ
ချစ်တတ်သည်။စိတ်ထိခိုက်ခံစားလွယ်သည်။ နူးညံ့သိမ်မွေ့လွန်းသော
နှလုံးသားကို ပိုင်ဆိုင်သည်။မာမာပြောဆိုဆက်ဆံလျှင် မိမိအတွက်
အကျိုးရှိသော စကားပင်ဖြစ်လင့်ကစားလက်မခံ။ အချော့ကြိုက် ၊ အပျော့ကြိုက်
မိမိအား ဦးစားပေးဆက်ဆံမှုကို လိုလားသော အချစ်ပိုင်ရှင်ဖြစ်သည်။
တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ မိမိအား ဝေဖန်လာပါက တစ်ပါးသူထက်ပို၍
ခံစားတုံ့ပြန်တတ်သည်။ ဝေဖန်လာသူကို မုန်းတီးပစ်မည်။ မိမိအားနည်းချက်ကို
မိမိသိ၍ ပြင်မည်။ တစ်ပါးသူက ထောက်ပြလာ၍ ပြင်ရသည် ဟူသော အနေအထားကို
လုံးဝလက်မခံတတ်ပေ။
ဘဝရည်မှန်းချက် ကြီးမားစွာရှိသည်။ ရည်မှန်းချက် အောင်မြင်ရန်အတွက်
မိမိနှလုံးသားကို မိမိကိုယ်တိုင် ခုတုံးလုပ် ချနင်းပစ်ရန် ဝန်မလေး။
မိမိဘဝ တိုးတက်မှုကို ပံ့ပိုပေးသူများအပေါ် အချစ်မေတ္တာထားမည်။
ချစ်သူပင်ဖြစ်လင့်ကစား ဘဝရည်မှန်းချက်တိုးတက်မှုကို ဆန့်ကျင်တားဆီးလာပါက
မုန်းတီးဆန့်ကျင် တိုက်ခိုက်ဖယ်ရှားပစ်ရန် ဝန်မလေးသောသူဖြစ်သည်။
လူချစ်လူခင်ပေါပြီး သူတစ်ပါး၏ အမူအရာစကားတို့အပေါ် အကျကောက်တတ်သောကြောင့်
ပဋိပက္ခများတွေ့ရတတ်သည်။စိတ်ကြည်သာနေချိန် ပြုံးရွှင်၍ တစ်ပါးသူကို
သဘောထားကြီးခွင့်လွှတ်တတ်သလောက် အငြိုးထားမိသောကာလတွင် သဲကြီးမဲကြီး
အပြစ်ရှာ၍ တိုက်ခိုက်တတ်သည်။ ဆတ်ဆတ်ထိမခံ စကားကုန်သုံး တိုက်ခိုက်ရမှ
ကျေနပ်သည်။အမျိုးသမီးများ အချစ်ရေးတွင် ရုတ်တရက် ဆုံးဖြတ်လိမ့်မည်။
နီးစပ်မှုကြောင့် အချစ်ပေါ်ပေါက်မည်။ နောက်ဆုံးအထိ အရွေးရခက်အောင်
ဒွဟဖြစ်မည်။ ပတ်ဝန်းကျင်မှ အနှောက်အယှက်ပြုခြင်းကို မိမိနှင့်
ချစ်သူကြားကြုံမည်။ ဘဝကို အနစ်နာခံ စွန့်လွှတ်၍ ချစ်တတ်သည်။
အသိုင်းအဝိုင်း ဘဝမတူ​သောသူနှင့် ချစ်မည်။ ယုံစားလွယ်၍
မေတ္တာလှည့်စားခံရမည်။
အမျိုးသားများသည် ဘဝတိုးတက်ရန်အတွက် တစ်စုံတစ်ယောက်ကို ခုတုံးလုပ်ရန်
ဝန်မလေး။တစ်ပါးသူအသည်းခွဲရန်
ဝန်မလေး။ကိုယ်တိုင်အသည်းကွဲရမည်ကိုလည်းဂရုမစိုက်တတ်။
ချစ်ခြင်းမေတ္တာဟူသည်ကား မိမိက ထားရှိရန်မလို။ မိမိကို ချစ်လာသောသူအား
အခြေအနေကိုလိုက်၍ လိုအပ်သလို တုံ့ပြန်ရန်သာဖြစ်သည် ဟူသော နှလုံးသား
ဒဿနနှင့် စိတ်ဓာတ်ရှိသည်။
ထို့ကြောင့် ဤရာသီဖွားများသည် အချစ်ရေးတွင် မတည်ငြိမ်သောလည်း
အိမ်ထောင်ရေးတွင် ဦးဏှောက်၏ဆုံးဖြတ်မှုကြောင့် ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝပြီး
ငွေပုံပေါ် ထိုင်ရမည်။ ဘဝတွင် အသက်လတ်ပိုင်းရောက်မှ နှလုံးသားသည်
နိုးကြားလာကာ အချစ်စစ်ကို တောင့်တလာမည်။ ရွှေပုံ ငွေပုံ ဓနဂုဏ်ဖြင့်
စံနေရာမှ အထီးကျန်စွာနှင့် မချစ်တတ်သော နှလုံးအပေါ် အပြစ်ဖို့ နောင်တ
ရင်မှာ ပိုက်နေရသာဘဝကို ပိုင်ဆိုင်မည်။
ဤကား ကန်ရာသီဖွားတို့၏ အချစ်ဒဿနပင်ဖြစ်သည်။

တူရာသီ အချစ်ဒဿန (LIBRA)

တူရာသီဖွားများသည် အသည်းမာ၍ တစ်ပါးသူအပေါ် ချစ်ရန်အလွန်ခက်ခဲသော
အေးတိအေးစက် နှလုံးသားအချစ်ကို ပိုင်ဆိုင်ထားသည်ဟု
ကမ္ဘာ့နက္ခတ်ပညာရှင်ကြီးများက ဆိုရိုးရှိသည်။
ပေးဆပ်ခြင်းနှင့် ရယူခြင်းတို့ကို ချိန်ခွင်တစ်ဖက်တစ်ချက်တွင်တင်၍
အရာရာကို တွက်ချက်နေသော နှလုံးသားအချစ်ရှင်ဟူ၍လည်း
ဖော်ကျူးထားပြန်သည်။ဤရာသီဖွားများသည် မျှတသော သဘာဝ နှစ်လိုသော
အနေအထားရှိလင့်ကစား နှလုံးသားမာလွန်း၍ မိမိကိုယ်သာ မိမိ
အချစ်ဆုံးဖြစ်မည်။သီးသန့်နေလိုစိတ်ပြင်းထန်မည်။ချစ်ခဲပြီး အချစ်မြဲသည်။
ထူးခြားချက်မှာ ဥာဏ်မြင့်သော ပညာအတတ်ထူးချွန်သောသူတို့ကို ဦးစားပေး၍
ချစ်တတ်သည်။
အလွန်သိမ်မွေ့ အေးချမ်းမည်။ မေတ္တာတရားတွင် အလွန်မျှတစွာ တွေးခေါ်တတ်သည်။
ချင့်ချိန်တတ်သည်။ နှလုံးသားသည် ကောင်းပြီဆိုက
သူတစ်ပါးထက်ပိုကောင်းတတ်သလို ဆိုးပြီဆိုကလည်း အလွန်ပရိယာယ်မာယာများစွာ
သူတစ်ပါးထက် သာလွန်ဆိုး​ပြတတ်သည်။ တစ်ပါးသူကို ဦးစားပေးတတ်သော်လည်း
မိမိကအနစ်နာခံရမည်ဆိုပါက ဘာကိုမျှမလုပ်။သားချင်းအတွင်း ကျန်းမာ
ရေးမကောင်းသူ ဆိုးသွမ်းသူများကြောင့် မိမိအချစ်ရေး နှလုံးသားရေးတွင်
အနှောက်အယှက် အနည်းငယ်ရှိသည်။
ပင်ကို နှလုံးသားသည် နီးစပ်မှုအား အခြေတည်၍ အချစ် သံယောဇဉ်ဖြစ်တတ်သည်။
အချစ်အပေါ် အမြင်သည် မိမိနှင့် အပေးအယူ ညီမျှ၍ မိမိအား
အထောက်အကူပြုနိုင်သောသူအပေါ် ချစ်သင့်သည်။သဘောထားမတိုက်ဆိုင်သောသူများကို
ဥပက္ခာ​ပြုတတ်သည်။ ချစ်ခြင်းမေတ္တာနှင့်ဥပက္ခ္ခာနှစ်မျိုးရှိ၍
အမှန်တရားလုံးဝမရှိသော နှလုံးသားကို ပိုင်ဆိုင်သည်။
ပင်ကိုအားဖြင့် မိမိကိုယ်မိမိသာ အချစ်ဆုံးဖြစ်၍ မိမိ
ဘဝနှင့်ထပ်တူနီးပါးတူညီပြီး အကျိုးပြုသော သူကို ဦးစားပေးချစ်တတ်သည်။
ကာလအတန်ကြာ ပိုးပန်းနေသူကိုကျော်၍ နောက်လူကို ချစ်တတ်သော သဘာဝရှိသည်။
ချစ်သင့်သည်က တစ်ယောက်၊ ချစ်မိသူက တစ်ဦး ဖြစ်တတ်သည်။
ဤရာသီဖွား အမျိုးသမီးများသည် အလွန်သံယောဇဉ်ကြီးတတ်သည်။ မိမိအား
သဘောကျသောသူ အလွန်ပေါသဖြင့် ရွေးချယ်ရာ​၌ တွေဝေဒွိဟ ဖြစ်ရတတ်သည်။
အဆုံးတွင် နှလုံးသားကို ဦးစားပေးလိမ့်မည်။ မြောက်မြားစွာသော ရွေးစရာထဲမှ
စိတ်ကြိုက်
ရွေးမည်။ နီးစပ်မှုအရှိဆုံးသူကို ရွေးမည်။ အစပိုင်းတွင် တစ်ပါးသူတို့က
မိမိလူရွေးမှားပြီဟု ဝေဖန်ကြလိမ့်မည်။ ရွေးလိုက်သောသူသည်
မိမိလက်ထဲရောက်လာမှ ထက်မြက်လာမည်။ ထိုအခါ အများဝန်းကျင်က်
အရွေးကောင်းလေစွဟု ပြောကြ​လိမ့်ဦးမည်။
ဤရာသီဖွား အမျိုးသားများသည် ပညာအတတ်ရှိသူကို သံယောဇဉ်
တွယ်တာမည်။ချစ်ခြင်းမေတ္တာသည် အထင်ကြီးမှု လေးစားမှု​အပေါ် အခြေခံ
ပေါ်ပေါက်မည်။ ဘဝလမ်းကြောင်းတွင် ၅၂၈ နှင့် ၁၅၀၀
မေတ္တာနှစ်ခုအကြားလွန်ဆွဲနေရမည်။ အဆုံးသတ်တွင် မိမိ အကြိုက်
မိဘဝန်းကျင်နှစ်သက်မှု နှစ်ခုလုံးရှိသူကို နှလုံးသားမှ ဆုံးဖြတ်၍
ဘဝအဖော်အဖြစ် ရွေးမည်။
မည်သို့ဆိုစေ ဤရာသီဖွားများအားလုံး၏ အချစ်၊မေတ္တာအပေါ်
ထားရှိသောဒဿနသည်\\\"ပေးဆပ်ခြင်း၊ရယူခြင်း၊တုံ့ပြန်ခြင်း၊
ခွင့်လွှတ်ခြင်းတို့ပေါင်းစည်းထားသည့် အလွန်တန်ဖိုးရှိသော အရာသည်
အချစ်ဖြစ်သည် \\\"ဟူ၍ဖြစ်သည်။

ဗြိစ္ဆာအချစ်ဒဿန (SCORPIO)

ဤရာသီဖွားများသည် အလွန်ချစ်တတ်သော၊ အလွန်မုန်းတတ်သော
အချစ်ကိုပိုင်ဆိုင်ထားပြီး တစ်ပါးသူမဆိုထားနှင့်မိမိကိုယ်မိမိ ပင်နားမလည်
နိုင်သော ထူးခြားသည့် နှလုံးသားပိုင်ရှင်ဖြစ်သည်ဟု ကမ္ဘာ့
နက္ခတ်ပညာရှင်ကြီးများက တညီတညွတ်တည်း အဆိုပြုသည်။
ကန္တာရအလယ် ပတ်ကြားအက်နေသည့် ကျောက်မြေကြားရှိ အလွန်အဆိပ်ပြင်းသော
ကင်းမြီးကောက်တစ်ကောင်၏ ရင်ထဲမှ မွတ်သိပ်နေသော၊ နူးညံ့လွန်းသော၊
အချစ်ကြီးသော ၊အမျက်ကြီးသော နှလုံးသားမျိုးကိုပိုင်ဆိုင်သူဟု
ဖော်ကျူးပြန်သည်။
အကောင်းဆုံးနှင့်အဆိုးဆုံးကိုသာ လုပ်လိုသော
သဘာဝရှိသည်။ကောင်း၊ဆိုး၊မှန်၊မှား လုပ်သင့် မလုပ်သင့်စသည့် အစဉ်အလာအရ
သတ်မှတ်ထားချက်များကို လုံးဝလက်မခံခြင်းမရှိ။ မိမိရင်ထဲမှ ကောင်းသည်၊
မှန်သည်ဟုထင်လျှင် ခေါင်းအေးအေးနှင့် တဇွတ်ထိုး လုပ်တတ်သည်။
မိမိခံစားချက် ခံယူချက်ကို ဦးစားပေးမည်။ ကိုယ်ပိုင်အဘိဓမ္မာနှင့် မဖြစ်မနေ
လုပ်တတ်သည်။ မိမိစိတ်ထဲ၌ရှိသော အရာများကို တစ်ပါးသူအား
ဖွင့်ပြောတိုင်ပင်ခြင်းမရှိ လျှို့ဝှက်စွာ သိုသိပ်၍ မဖြစ်မနေ လုပ်တတ်သော
သဘောရှိသည်။
တစ်စုံတစ်ယောက်သောသူကို ချစ်မိပြီဟု ဆုံဖြတ်ချက်ချရန်အတွက်
အလွန်အချိန်ယူတတ်သောလည်း ဆုံးဖြတ်ပြီးပါက လုံးဝ
ပြန်မပြင်တတ်ပေ။ဝေဖန်မှုကို လုံးဝဂရုမစိုက်
ဥပေက္ခာပြုတတ်သည်။ဥပေက္ခာနှလုံးသား ပိုင်ရှင်ဟုလည်း သတ်မှတ်နိုင်သည်။
မိမိချစ်သူက အမှာအယွင်းတစ်စုံတစ်ရာ ပြုလုပ်ပါကလည်း
ဒေါသအမျက်ပြင်းစွာဖြင့် လုံးဝခွင့်မလွှတ်။နှလုံးသားထဲမှ အပြီးအပိုင်
ထုတ်ပစ်ပြီးဥပေက္ခာပြုလိုက်မည်။ ပင်ကိုသဘာဝတွင် အလွန်ထူးခြားသည်။
ပြန်မပြော၊ နားမထောင်၊ တစ်ပါးသူတားဆီးသည့် ကိစ္စကိုမှ လုပ်လိုသည်။
အားနည်းသောသူဘက်မှ ရပ်တည်မည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသည်မှာ
မေတ္တာစိတ်ပြောင်းလဲလွယ်သည်။ ခံစားချက်ကို မျိုသိပ်တတ်သည်။ မိမိ ဘက်မှ
တတ်အားသရွေ့ပေးဆပ်သည်။ သည်းခံသည်။ ခံနိုင်စွမ်းကုန်သောအခါ အရွဲ့တိုက်မည်။
အလွန်ချစ်ခဲ့သူကိုပင် စွန့်ပစ်မည်။ ခွဲခွါသောအခါတွင်လည်း သံယောဇဉ်
လုံးဝမရှိသလောက်အောင်ပင် ဖြစ်မည်။ နောက်တစ်ယောက်တွေ့ပြီဆိုကလည်း
အလွန်လေးနက်သော မေတ္တာနှင့်ချစ်မည်။
အချစ်ဦးနှင့် ဆုံစည်းကိန်းမရှိ ။ သို့သော် အချစ်ဆုံးသူနှင့် ပေါင်းရမည်။
ချစ်သူခင်သူပေါများမည်။ အခိုက်မသင့်ပါက အိမ်ထောင်ဆက်ပင်များသွားနိုင်သည်။
သူတစ်ဦးတစ်ယောက်အား မေတ္တာရှိ ချစ်မိပြီဆိုကလည်း အခြားသော သူများကဲ့သို့
မိတ်ဆွေ အပေါင်းအသင်များကို ဖွင့်ပြောလေ့မရှိ။ တစ်ဦးတည်း လျှို့ဝှက်စွာ
ကြိတ်ကြံတတ်သည်။ မိမိ အချစ်ကို နှုတ်မှ မပြောခင် ချစ်သူရှိရာသို့
အချိန်ရှိသရွေ့တရစ်ဝဲဝဲလုပ်နေတတ်သည်။ ချစ်သူဘဝရောက်ပြန်လျှင်လည်း
နှစ်ဦးတွေ့ကြသောအခါ ဖွယ်ဖွယ်ရာရာ၊ကြင်ကြင်နာနာပြောဆိုခြင်းမရှိ။
ခေါင်းကြီးငုံ့ ဘေးချင်းယှဉ်ထိုင်ကာ စကားမပြောဘဲ ဂွတိဂွကျ
မပွင့်မလင်းနေတတ်သော သဘာဝအားပိုင်ဆိုင်သည်။ မိမိကို တကယ်ချစ်ရဲ့လားဟုပင်
ချစ်သူက ထင်လောက်သည်။ စကားပြောပြီဆိုပါကလည်း ချစ်သူက စိတ်ဝင်စားသည်
မဝင်စားသည်ကို ဂရုမစိုက်၊။အခ်ျစနှင့် မပတ်သက်သည့် အရာများကို
ကရားရေလွှတ်ပြောတတ်သည်။
မည်သို့ဆိုစေကာမူ ဗြိစ္ဆာရာသီဖွားများ၏ ချစ်ခြင်းမေတ္တာအပေါ်အမြင်တွင်
မတူသော ဆန့်ကျင်ဘက် နှစ်ဦးကို ပေါင်းကူးဆက်ဆံပေးနိုင်သော
တစ်သားတည်းဖြစ်အောင် လုပ်ပေးနိုင်သောအရာသည် အချစ်ဖြစ်သည်ဟု
သတ်မှတ်လိမ့်မည်။

ဓနု အချစ်ဒဿန (SAGITTARIUS)

ဓနုရာသီဖွားတို့၏ နှလုံးသည် သနားလွယ်၊ ယုံလွယ်၊စိတ်ညွတ်လွယ်တတ်သည်ဟု
ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း သတ်မှတ်ထားကြသည်။
မီးတောက်မီးလျှံများ။ တိုက်ပွဲများကြားတွင် အောင်ပွဲခံသော
လေးညှို့ကိုင်ဆွဲသည့် လေးသည်တော်၏ ရှုံးနိမ့်သော ရန်သူအပေါ် ခွင့်လွှတ်ညှာတာ
ချမ်းသာပေးသည့် စိတ်ဓာတ်နှလုံးသားနှင့် ထပ်တူသည့် အချစ်မေတ္တာရှိ​သူဟု
ဖော်ကျူးထားသည်။
ဘဝတွင် အရာရာအောင်ပွဲခံနိုင်သလောက် အချစ်စစ်မျက်နှာတွင်မူ အမြဲအလံဖြူ
ဝှေ့ရမ်း အရှုံးပေးရမည်။ ချစ်သူများတတ်သည်။ ဤရာသီဖွား အမျိုးသားများသည်
သုံးကြိမ်အနည်းဆုံး အသည်းကွဲပြီးမှ အချစ်ရေး အဆင်ပြေသွားမည်။အရာရာတွင်
ရဲရင့်ခြင်းရှိသလောက် အချစ်နှင့်ပတ်သက်လျှင် အမြဲခွင့်လွှတ် အရှုံးပေး
အနစ်နာခံရတတ်သည်။ မူလချစ်သူအပြင် နောက်ထပ်ချစ်သူအသစ်ပေါ်၍
ဒွိဟဖြစ်ကာသူ့ထက်သူ ပိုသာ သယောင် ထင်ပြီး မိမိ၏ ပြောင်းလဲမှုများတတ်သော
အာားနည်းမှုကြောင့် စိတ်အနှောက်အယှက် များကြုံတတ်သည်။
ဤရာသီဖွား အမျိုးသမီးများသည် သူတစ်ပါးအပေါ် အနိုင်ရမှ ကျေနပ်မည်။
ထို့ကြောင့် အချစ်စိတ်ဓာတ် နှင့် ခံယူမှုမှာ မိမိဆိုးနွဲ့သမျှကို
ခွင့်လွှတ်နားလည်နိုင်သောသူ အနိုင်ယူနိုင်သောသူကိုသာ ချစ်မေတ္တာ ထားတတ်သည်။
မျက်နှာပွင့်လန်းပြီး လူချစ်လူခင်ပေါများသည်။ ချစ်သူရည်းစားများမည်။
နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်မည်။ ဆုံးဖြတ်ချက်ချမှတ်ပြီးမှ
မိမိဆုံးဖြတ်သည့်အပေါ် မှားယွင်းသလိုခံစားရမည်။ နောက်ဆုံးတွင်
အရင်ဆုံးချစ်သူထံ စိတ်ပြန်လည်သွားမည့် သဘာဝရှိသည်။
ထူးခြားချက်မှာ ဤရာသီဖွားများအားလုံးသည် အလွန်ခွင့်လွှတ်တတ်သည်။ မိမိကို
တစ်စုံတစ်ရာ စိတ်ဒုက္ခပေးသွားသောသူများအား ခွင့်လွှတ်ချစ်ခင်ရန်
ဝန်မလေးတတ်ပေ။ ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်။ အချစ်ကြောင့်
ဇွတ်မိုက်ရမည်ကိုလည်း မနှောင့်နှေး။တစ်စုံတစ်ယောက်ကို မေတ္တာထားရမည်ဆိုက
လေးညှို့မှ ပစ်သည့်မြားအလား တစ်ဟုတ်ထိုး စူးစူးစိုက်စိုက်ချစ်တတ်သည်။
တစ်စုံတစ်ယောက်သောသူကို အသည်းနှလုံးပုံပေး၍ ချစ်ခဲ့ပြီး
နောက်တစ်ဦးတစ်ယောက်အား အလားတူ ထပ်တူထပ်မျှ တစ်ပြိုင်တည်းချစ်နိုင်စွမ်း
ချစ်တတ်စွမ်းရှိသော နှလုံးသားကို ပိုင်ဆိုင်သည်။ လုပ်ပြီးသော
ဆုံးဖြတ်ပြီးသော အရာတစ်ခုအား ချီတုံ ချတုံ တစ်ဖန်ပြန်ဖြစ်တတ်သော
သဘာဝရှိသည်။ နှလုံးသားကို ဦးစားပေးလွန်းသူဖြစ်သည်။
မည်သို့ဆိုစေ ဤရာသီဖွားများ၏ မေတ္တာအပေါ် အမြင်သည် နှလုံးသား
သွေးကလပ်စည်းတို့မှ ဦးနှောက်၏ အလွန်နက်ရှိုင်းသော ကလပ်စည်းများဆီသို့
ပို့ဆောင်ကာ ဦးနှောက်၏ဆုံးဖြတ်ချက်ကို နှလုံးသားမှ ပြန်လည်လက်ခံ၍
သေချာစွာဆုံးဖြတ်တတ်သည့်သဘောသဘာဝရှိသည်။ မေတ္တာတရားအား
ရုတ်ခြည်းဆုံးဖြတ်မည်။ အချိန်ယူ၍ စဉ်းစားသော်လည်း ဆုံးဖြတ်ချက်ချရာ၌
မြန်ဆန်မည်။ ချစ်သူများမည်။အိမ်ထောင် တစ်ဆက်တည်းမြဲရန်အတွက် အထူးအားစိုက်
ဂရုထားရမည်။ အောင်မြင်သော အိမ်ထောင်ရေးကို ရရှိမည်။ လေးနက်သော
နှလုံးနှင့် ချစ်မည်။ ခွင့်လွှတ်တတ်သည်။

မကာရ အချစ်ဒဿန (CAPRICORN)

မကာရရာသီဖွားတို့ကို တစ်ပါးသူကောင်းစားရေးအတွက် မိမိနှလုံးသား
ဘဝတစ်ခုလုံးအား အနစ်နာခံပေးဆပ်ရန်ဝန်မလေးသော အချစ်ပိုင်ရှင်များဟု
ကမ္ဘာတစ်ဝှမ်းလုံးရှိ နက္ခတတ်ပညာရှင်များက တစ်ညီတညွတ်တည်း သတ်မှတ်ထားသည်။
ယစ်ပလ္လင်အထက်တွင် တဆတ်ဆတ် တုန်ခါလျက် ချစ်သူအမည်ကို တမ်းတနေသည့်
သွေးဖုံးလွှမ်းနေသော နှလုံးသားနှင့် နိမိတ်ဖော်ကျူးထားသည်။ မေတ္တာရေးတွင်
အပေးသမားဖြစ်သည်။ ကိုယ်ချစ်ကို ဦးစားပေးသည်။ နှလုံးသားကို အခြေပြု၍
ဆုံးဖြတ်ချက်ချတတ်သည်။အလွန်သီးသန့် နေလိုသည်။ မိမိ သီးသန့်ကမ္ဘာလေးအတွင်း၌
ထာဝရအဖော်မွန်တစ်ဦးကို တောင့်တနေသော သဘာဝရှိသည်။
မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ်နေတတ်သည်။ အထင်လွဲမှားမှုများအပေါ်၌လည်း
အမြဲဖြေရှင်းနေရတတ်သည်။ သူတစ်ပါးက စိတ်မဝင်စား ပစ်ပယ်ထားသော
အထီးကျန်သမားကို ပို၍ မေတ္တာထားတတ်၊ စာနာ ချစ်တတ်သည်။တစ်ပါးသူကဆိုးသည်။
မကောင်းဟု ဆိုသော သူများအပေါ် ရွေးချယ်မေတ္တာမျှတတ်သည်။ ချစ်သူကို အလုံးစုံ
တိုးတက်စေရန် မိမိဘဝအား ငြမ်းသဖွယ် ၊လှေကားသဖွယ်ခင်း၍ မြှင့်တင်ပေးမည်။
ချစ်သူကို အလိုလိုက်လွန်၍လည်းကောင်း၊ အသာစီးပေးလွန်း၍လည်းကောင်း
တစ်စုံတစ်ရာ မြင့်မားလာသောအခါ သူကပင် မိမိအား ပစ်ခွာသွား၍
နောက်တစ်ယောက်ရှာတတ်သည်။ ဘဝတစ်လျှောက်တွင် မိမိကသာလျှင် ပေးဆပ်ရသော
သဘာဝရှိသည်။
နှလုံးသားမှ လေးလေးနက်နက်ရှိသော်လည်း နှုတ်မှဝေဝေဆာဆာလှလှ ပပ သကာဖုံး၍
မပြောတတ်ခြင်းကြောင့် မိမိဘဝတွင် အပြောကောင်းသူများ
မုသားမာယာရှင်များနှင့် ထိပ်တိုက်တွေ့သောအခါ အမြဲအရှုံးပေးရ​တတ်သော
သဘာဝရှိသည်။ အချစ်လွန်ကဲခြင်း နားလည်ခွင့်လွှတ်မှုလွန်ကဲခြင်းတိုကို
လျှော့သင့်သည်။တစ်ပါးသူက တစ်စုံတစ်ရာ တိုးတက်သွားအောင် အကြံအစည်နှင့်
မိမိနှလုံးသားကို ခုတုံးလုပ်သွားခြင်းခံရမည်။
အရာရာကို ထိန်းချုပ်နိုင်သော စိတ်ရှိသလောက် မေတ္တာတရားတွင်
ထိန်းချုပ်နိုင်သော အင်အားမရှိပေ။လူတစ်ဦးတစ်ယောက်ကို ဆက်ဆံသောအခါ
မယုံသင်္ကာစိတ်ဖြင့် စတင်ဆက်ဆံတတ်သည်။ တစ်စစ ယုံစားလာသည်ဆိုကလည်း သူတစ်ပါး
လိမ်လည်ပြောဆိုသည်ကိုပင် ယုံကြည်တတ်သောစိတ်ရှိသည်။
မနာလိုဝန်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား
ပိုင်ဆိုင်သည်။မိမိကိုချစ်သည်က တစ်ယောက် မိမိချစ်သူကတစ်ယောက်
ဖြစ်တတ်သည်။သီးသန့်နေလေ တစ်ပါးသူက မိမိအား စိတ်ဝင်စားလေဖြစ်ပြီး မိမိအပေါ်
သံယောဇဉ်ကြီးသူနှင့်တွေ့ကာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်မည်။
မိမိတွင်လိုအပ်နေသောအရာများနှင့် ခံစားနေသော အဆိုးများကို
အခြားသူတစ်ဦးတစ်ယောက်အပေါ်တွင် မဖြစ်စေလိုပေ။ လိုအပ်နေသော
ကွက်လပ်များကိုလည်း မပြည့်စုံသော မိမိဘဝ ကလေးတစ်ခုဖြင့်
ဖြည့်စွက်ပေးလိုက်ပြီး ထိုသူ၏ ဘဝကို ပြည့်စုံစေလိုသည်။ချစ်သူကို
အရာရာပြည့်စုံစေလိုသည်။ မိမိဘဝ သုညအဖြစ်ရှိနေသည့်တိုင်အောင် ချစ်သူအတွက်
ပေးဆပ်သင့်သည်ဟု သတ်မှတ်မည်။အနိုင်ယူသွားခြင်းအပေါ် ခွင့်လွှတ်ရန်
အမြဲရှင်သန်နေသော အချစ်နှလုံးသား ဒဿနကိုပိုင်ဆိုင်သည်။

ကုမ်အချစ်ဒဿန (AQUARIUS)

ကုမ်ရာသီဖွားများသည် အစွဲအလမ်းကြီးပြီးပေးဆပ်မှုကို ဦးစားပေးတတ်သော
နှလုံးသားကို ပိုင်ဆိုင်သည်ဟု ကမ္ဘာ့နက္ခတ်ပညာရှင်များက တညီတညွတ်တည်း
သတ်မှတ်ထားသည်။
ရေအိုးထဲမှ ရေကို သွန်လောင်းပြီး ရေငတ်သူများအားပေးသလကဲ့သို့ နှလုံးသားမှ
အေးချမ်းမြင့်မြတ်သည့် အချစ်ရေစင်အား ပက်ဖျန်းနေသော
ပုံနိမိတ်ဖြင့်ဤရာသီဖွားများ၏အချစ်ကို ဖော်ကျူးထားသည်။
ပကတိရိုးသားတည်ကြည်သည်။ သစ္စာကြီးသည်။ ဖြောင့်မှတ်မှန်ကန်ရိုးသား၍
အမှန်တရားဘက်မှ ရပ်တည်သော နှလုံးသားပိုင်ရှင်ဖြစ်သည်။ တစ်ပါးသူအပေါ်
မာယာများရန်၊စဉ်းလဲ လိမ်ညာကောက်ကျစ်ရန် ဝန်လေးသည်။ သန့်စင်သော
နှလုံးသားနှင့် ချစ်တတ်သည်။ ရိုးရိုးဖြေင့်ဖြောင့်သမားဖြစ်သည်။
အစွဲအလမ်းကြီးခြင်း တစ်ဖက်စွန်းကျလွန်းခြင်းများကြောင့် နှလုံးသားရေးရာ
ချစ်ဒုက္ခတို့ ကြုံတတ်သည်။ သန့်စင်သော နှလုံးသားနှင့် တစ်ပါးသူအပေါ်
မေတ္တာထားလင့်ကစား ကံဇာတ်ဆရာမှ မိမိအား အလွမ်း၊ အဆွေးသမားဖြစ်အောင်
ဖန်တီးမည်။ အဆင်ပြေချောမွေ့နေသော အချစ်ရေးလမ်းကြောင်းတွင်
မှန်းဆမထားသောအဆိုးများ ဝင်ရောက်မည်။ကာလအတန်ကြာ လွမ်းမော၍
ချစ်ရမည့်ကိစ္စကို ကြောက်လန့်နေမည်။ ပြီးမှ တည်ငြိမ် အေးချမ်းသော
မေတ္တာရှင်နှင့်တွေ့ပြီး ဘဝတွင်အေးချမ်းသွားမည်။မေတ္တာရေးတွင် လေးလေးနက်နက်
သစ္စာရှိရှိနေတတ်သည်။ ချစ်သူအပေါ် အခွင့်အရေးမယူ။အနိုင်မယူတတ်။ မိမိကသာ
အနစ်နာခံတတ်သည်။ ရံဖန်ရံခါတွင် လက်တွေ့ထက် စိတ်ကူးယဉ်ဘက်ရောက်သွားတတ်သည်။
မိမိအရည်အချင်းများရှိလျှက် မိမိထက်နိမ့်သောသူကို အမြဲဦးစားပေးတတ်သော
သဘာဝရှိသည်။ဂုဏ်အနိမ့်အမြင့် မတူသော ချစ်သူနှစ်ဦးမှ နိမ့်သောသူကိုပို၍
ဦးစားပေး ရွေးတတ်သည်။ ထို့အပြင် ချစ်သူကို မိမိထက် မြှင့်တင်ပေးမည်။
အလိုလိုက် အကြိုက်ဆောင်ထားသော မိမိတင်သည့် ရွှေမင်းသမီးမှ မိမိကို
အသည်းခွဲသွားတတ်သော အနေအထားကြုံအားတွေ့မည်။
ဤရာသီဖွား အမျိုးသမီးများသည် မေတ္တာရေးတွင် လေးလေးနက်နက်ရှိမည်။
အမြင်ကျယ်မည်။ သဘောထားကြီးမည်။နူးညံ့သိမ်မွေ့သော နှလုံးသားကို
ပိုင်ဆိုင်မည်။ မေတ္တာရေးတွင် နက်နက်နဲနဲ တွေးခေါ်တတ်၍ ဘဝကို
ပေးဆပ်ထားမည်။ မေတ္တာကို စာမဖွဲ့တတ်၊ နူးညံ့ပျော့ပျောင်းစွာ နှုတ်ခမ်းဖျား
လျှာဖျားမှ မပြောတတ်။ ရိုရိုးကြီး လက်တွေ့ကျကျ လုပ်ဆောင်ပြီး အချစ်ကို
ဖော်ညွန်းတတ်သော သဘာဝရှိသည်။ ချစ်သူအပေါ် အလေးထားမည်။ ရံဖန်ရံခါတွင်
ချစ်သူဘက်မှ သွေးသားဆွေမျိုးများက မိမိအပေါ် နှိမ့်ချခြင်း
စကားတင်းပြောခံရခြင်းမျာကြုံမည်။ သို့ရာတွင် အံဩလောက်အောင် မိမိ၏
သဘောထားကို ပြသနိုင်မည်။
ဤရာသီဖွား အမျိုးသားများသည် စိတ်လှုပ်ရှားမှုနှင့် ဆန်းသစ်သည့်
အတွေ့အကြုံကို လိုလားသော နှလုံးသာကို ပိုင်ဆိုင်သည်။ သို့သော်
ဦးနှောက်နှင့်နှလုံးသားကြား အမြဲဒွဟဖြစ်တတ်၊ တွေဝေတတ်သည်။ မေတ္တာ
တရားနှင့် ပတ်သက်၍ စိတ်ဓာတ် တက်လွယ် ကျလွယ်သည်။ မိမိနှလုံးသားသည်
သူတစ်ပါးအပေါ် အဆင်ပြေ ချမ်းမြေ့ အေးချမ်းခြင်းကို ပေးလိုသည်။
ဤရာသီဖွားများ၏ မေတ္တာအပေါ် ထားရှိသော ဒဿနသည် အလွန်တရာ တန်ဖိုးကြီးသော
ပေးဆပ်ခြင်းနှင့် လိုက်လျောခြင်း၊ တစ်ပါးသူအပေါ် လေးနက်စွာ ဆက်ဆံခြင်း
သစ္စာ တည်မြဲခြင်းတို့ပေါင်းစည်းသောအရာ တစ်ခုဖြစ်သည်ဟု ယူဆကြသည်။

မိန်အချစ်ဒဿန(PISCES)

မိန်ရာသီဖွားများသည် အခိုင်အမာ ဆုံးဖြတ်၍ လေးလေးနက်နက်ရှိသည့်
အချစ်တတ်ဆုံး မေတ္တာနှလုံးသားကို ပိုင်ဆိုင်ထားသည်ဟု
ကမ္ဘာ့နက္ခတ်ပညာရှင်များက အဆိုပြုသည်။
နက်ရှိုင်းသော ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်ပေါ်တွင် သဲများ ဖုံးလွှမ်းနေသည့်
ကမာခွံအကြားရှိ ပုလဲရတနာ နှင့်တူသော နှလုံးသားဟု ဖော်ကျူးထားသည်။
မေတ္တာရေးတွင် ပေးဆပ်မှုကို ဦးစားပေးမည်။ အလွန်အေးချမ်း မြင့်မြတ်သော
အချစ်ပိုင်ရှင် ဖြစ်သည်။ လွန်လွန်ကဲကဲ သံယောဇဉ်ကြီး၍ တစ်ပါးသူအပေါ်
အလွန်နားလည် ခွင့်လွှတ်တတ်သော မေတ္တာ ရှင်ဖြစ်သည်။
အခိုင်အမာဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သော သဘာဝရှိသည်။ ဘဝတွင်
တစ်ပါးသူအတွက် မိမိဘဝရှင်သန်ခြင်းဖြစ်မည်။ အချစ်အတွက်ဆိုပါက
အရာရာရင်ဆိုင်ဝံ့သော နှလုံးသားပိုင်ရှင်ဖြစ်သည်။အရှက် အကြောက်ကြီးခြင်း
တစ်ပါးသူက ဝေဖန်မည်ကို စိုးရွံခြင်းကြောင့် အမှန်တကယ်
ချစ်သူအပေါ်ဖွင့်ဟမပြောရဲ လက်မတွဲရဲတတ်ခြင်းသည်မိမိ၏
ပကတိအားနည်းချက်ဖြစ်၏။
ထို့အပြင် မိမိအချစ်ကို ပြောဆိုရန် ဝန်ခံရန် အလွန်ရှက်တတ်သဖြင့် ချစ်သူ၏
အထင်လွဲမှုကို အမြဲခံရမည်။ အေးချမ်းစွာ သီးသန့်နေတတ်၍ မသိသူများက မိမိအား
မချစ်တတ်သောသူ ဟူ၍ ထင်ယောင်ထင်မှား အဖြစ်ခံ ရမည်။ အမြဲအရွေးရခက်အောင်
အခွင့်အလမ်းနှစ်မျိုး ပေါ်ပေါက်တတ်သည်။အတ္တကို ဦးစားပေး၍ မရွေးသင့်။
မိမိအား အလွန်နားလည်သောသူနှင့် လက်တွဲသင့်ပေသည်။
ဤရာသီဖွားများသည် မေတ္တာရေး အချစ်ရေးအပေါ်တွင် အလွန်နက်နက်နဲနဲ ခံယူတတ်သည်။
မေတ္တာတရားကို နားလည်ခြင်း ခွင့်လွှတ်ခြင်း သဏ္ဍန်နှင့် ပိုင်ဆိုင်ထားသည်။
လူတစ်ဦးတစ်ယောက်အပေါ် မိမိအချစ်သက်ရောက်ပါက ထိုသူအတွက် မိမိတတ်စွမ်းသမျှ
အရာရာပေးဆပ်ရမည် ဟူသော သဘောထားကို လက်ကိုင်ထားသူ ဖြစ်သည်။
ဤရာသီဖွားများသည် အလွန်စန်းပွင့်သော်လည်း ချစ်သူများရန် ဝန်လေးသည်။
ဘဝလမ်းကြောင်းတွင် မိမိနှင့် မွေးရပ် ဘာသာ ဓလေ့ဝန်းကျင်
မတူခြားနားသောသူများနှင့် အချစ်ဆုံစည်းတတ်သည်။ မတူသောအရာတို့
ပေါင်းစည်းသော အချစ်အနေအထားရှိပေသည်။
ကမ္ဘာပေါ်တွင်ဤရာသီဖွားများကို အချစ်တတ်ဆုံးသူများဟု
ကမ္ဘာ့နက္ခတ်ဗေဒပညာရှင်များက ယနေ့တိုင် လက်ခံသတ်မှတ်ထားသည်။
ဤရာသီဖွားများနှင့် မေတ္တာသက်ဝင် အချစ်ရေးကြုံသူများသည်
အလွန်ကံကောင်းသောများဖြစ်သည်ဟူ၍လည်း အများက သတ်မှတ်ထားသည်။
နှုတ်မှ ချစ်ခြင်းမေတ္တာစကား စာဖွဲ့ခြင်းမရှိ လက်တွေ့ကျကျ
ဆောင်ရွက်မှုများနှင့် အနုစိတ် မိမိအချစ်ကို ပုံဖော်တတ်သည့်
အချစ်အနုပညာများ ဖြစ်သည်။ သူတစ်ပါးပြောလာသည် ဝေဖန်လာသည်ကို
လုံးဝဂရုမစိုက် ။ မှန်သည်ထင်သည်ကို လုပ်၍ ချစ်သူဘက်မှ ထာဝရတည်သော
နှလုံးသားဒဿနပိုင်ရှင်များဖြစ်သည်။ ဤကားမိန်အချစ်ဒဿနပင်ဖြစ်သည်။

28 October 2009

မြတ်သောအကျင့်နှင့် ပတ်သက်သော စကားများ

******* ပန်းကလေး အမြဲလိုလို ဖတ်မိတဲ့ စာအုပ်ထဲကပါ........... ******
သိပ်ကြိုက်တဲ့ စကားတွေလေ။

1။ (သန္တ)ခေါ်တဲ့ သူတော်ကောင်းဖြစ်ချင်တဲ့သူသည် (3)မျိုး ငြိမ်သက်ရမည်။
ကိုယ် ငြိမ်သက်ရမည်။
နှုတ်ငြိမ်သက်ရမည်။
စိတ်ငြိမ်သက်ရမည်။

* * ** *** * *

2။ မရှိတာထက် မသိတာခက်။
သိပါလျက် မကျင့်တာခက်။
သင်မှသိ၊ သိမှကျင့်၊ ကျင့်မှရ။
မြတ်ဗုဒ္ဓ၏ သြ၀ါဒ။

* ** * ** *** ** *

3။ ကိုယ့်ကိုယ်ကိုကျောင်း
ကိုယ်ကောင်းအောင်နေ
ကိုယ့်ကိုယ်စစ်၊ အပြစ်ရှာလေ
ကိုယ့်ကိုယ်သနား၊ တရားရှာဖွေ။

* ** ** ** *** *** *

4။ ကောင်းကောင်းနေ
စိတ်မဆိုးနဲ့။

* * *** ** *** ** *

1. နေ့စဉ်းကောင်းမှု ကုသိုလ်များတွင် မမေ့မလျော့ စဉ်းစားပါ။
2. လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကြိုးစားပါ။
3. မည်သူတရားပျက်ပျက် သင်မပျက်ပါစေနဲ့။ (သတိထားပါ)
4. သင့်ကို အကြောင်းပြုပြီး သူတစ်ပါးစိတ်မဆင်းရဲပါစေနဲ့။
5. မိဘကို စားနိုင်တုန်းအချိန်ကြွေးပါ၊ သေမှ မငိုပါနဲ့
6. သူတစ်ပါးအပြစ်ကို မပြောပါနဲ့၊ ကိုယ့်အပြစ်ကိသာ ရှုပါ။
7. ဗြဟ္မစိုရ်တရား အမြဲပွားပြီး။ ကိုယ်တွင်းသီလတရား မြဲပါစေ။
8. အလိုက်သိပါ၊ အားနာပါ၊ အရှက်အကြောက်ရှိပါ။
9. ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား ငယ်သူကို သနားပါ။
10. မစူးစမ်း မဆင်ခြင်ပဲ မပြောပါနဲ့၊ မလုပ်ပါနဲ့။
11. နေရာတိုင်းမှာ စိတ်သဘောကြီးကြီးထားပါ။
12. နိုင်လိုသူကို အရှုံးပေးက စိတ်နှလုံးအေးမြသည်။
13. စကားပြောသောအခါ မျှမျှတတ ပြောဆိုပါ။
14. မိမိကိုယ်ကို နေ့စဉ် စစ်ဆေးပြီးမှ ကြီးပွားနိုင်သည်။
15. မကောင်းတဲ့ အကုသိုလ်စိတ်ရိုင်းစိတ်မိုက်များကို ပယ်ရှားပါ။
16. သူတစ်ပါး ကြီးပွားချမ်းသာတာကို မနာလို၊ မရှုစိမ့်၊ မရှိပါစေနှင့်။
17. နေရာတိုင်းမှာ ကိုယ်ချင်းစာတရား များများထားပါ။
18. မိမိကိုယ်ကို ဆုံးမခြင်းကသာ ကောင်းသည်။
19. မာနကို နှိမ့်ချ၊ လူ၏ တန်ဖိုးကို မြှင့်တင်ပါ။
20. အရာရာမှာ စေတနာသန့်သန့်နှု့် စိတ်ကောင်းတစခုထားပါ။

သတိတရားနှင့် သက်ဆိုင်သောစကားများ

1။ သတိဆိုတာ အာရုံများနှင့် ဆက်ဆံတယ်။ သမာဓိဆိုတာ အာရုံတစ်မျိုးတည်းနဲ့ပဲ ဆက်ဆံတယ်။ သတိကို အရှိန်ရလာအောင် လုပ်ပါ။ သမာဓိက သူ့အလိုလိုဖြစ်သွားမယ်။ ကိုယ်က အတင်းလုပ်စရာ မလိုဘူးနော်။ သတိကိုသာ အရှိန်ရလာအောင် လုပ်ရမယ်။

* * * * ** * * ** ** * ** ** ** * ** ** * ** ** * **

2။ အမှုမဲ့ အမှတ်မဲ့ ဆိုတာက၊
အမှုမဲံလို့ အမှတ်မဲ့တာပဲ။

* * * * ** ** ** * ** * ** ** * ** * ** *

3။ သတိတရားနှင့် ပတ်သက်ပြီး ပြောရရင်၊ သတိတစ်လုံး လက်ကိုင်သုံး၊ ပြုံးပြုံးလွန်ချမ်းသာဆိုသော စကားအတိုင်း နေရာတကာမှာ သတိဟာ တမံပဲ။

* * ** * ** *** * ** *** ** **

4။ သတိမြဲမြံ၊ ပစ္စုပ၌န် မှတ်ရန် အလုပ်ချိန်
သတိ၊ သတိ၊ အစဉ်ရှိ၊ မိမိ အကျိုးရ။

* * * * * * * * * ** * * * * * * *

5။ စိတ်မပုတ်အောင် သတိဆောင်၊ သိုလှောင်သိမ်းပြီးသုံး။
သတိနှင့်သာ၊ သိုလှောင်ပါ၊ ဘယ်ခါ စိတ်မပျောက်။
မိမိစိတ်ထဲ သတိစွဲ၊ အမြဲအရောင်တောက်။

* * * ** * * ** * ** * ** * ** *

6။ သတိရှေ့သွား၊ ပြုသူကား၊ ကြီးပွားတိုးတက်ရာ
သတိကင်းမဲ့၊ မြုတုံခဲ့၊ ကဲ့ရဲ့ဖွယ်ရာသာ။

* * * * * ** * * * * * ** *

ကံ စေတနာနဲ့ ပတ်သက်တဲ့ စကားလေးတွေ

1။ ကံကိုချည်းလည်း မတိုးနှင့်။
ညဏ်ကိုချည်းလည်း မကိုးနှင့်။

* * * * * * * * ** *

2။ အသက်ကြီးလေလေ၊ ကံမွဲ၊ ညဏ်မွဲလေမှတ်။
ကံမွဲတာ အရေးမကြီး၊ ညဏ်မွဲရင် နိဗဈာန်မရောက်။

* * * * * * * * * * * * * *

3။ လူမုန်းမှာ မကြောက်နဲ့။
ကံမုန်းမှာကိုသာ ကြောက်ကြ။

* * * * * * * * * * * * * * * *

4။ ကံဆိုတာ၊ တစ်ခြား ရှာနေစရာ မလိုပါဘူး၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းတွေဟာ ကံပဲ၊ ကိုယ်ကကောင်းတဲ့ လုပ်ငန်းတွေ လုပ်နေရင်၊ ကောင်းတဲ့ကံ ဖြစ်လာမှာပဲ။ ကိုယ်က မကောင်းတဲ့လုပ်ငန်းတွေ လုပ်ရင်တော့၊ မကောင်းတဲ့ကံပဲ ဖြစ်လာမှာ သေချာတယ်။

* * * * * * * * * * * * * * ** * *

5။ ဖြစ်ချင်တာဖြစ်တဲ့ လောကသံသရာမှာ၊ အပိုင်လိုပါလျှင် အထုပ် ထုပ်၊ သူတော်ကောင်းများအလုပ်၊ ကောင်းတာပြုမှ ကောင်းတာရ၊ ကောင်းမှ ကောင်းစားမည်။ ကောင်းဆိုနှစ်တန် ကံစီမံ၊ ခံစံကြရမည်။

* * * * * * * * * * * * * * * * * * * * *

6။ မျိုးစေ့မမှန် ပင်မသန်၊
ဖူးတံငုံကင်း၊ အသီးဖျင်း၏။
ကံ ပါမှ ခံသာတယ်၊
ကံ မပါတော့ မခံသာဘူး။
ကံ ပိန်တော့ ညဏ်မှိန်တယ်။

* * * * * * * * * * * * * * * * * ** * * ** ** *

7။ ကာလကို လူမစားလျှင် လူကို ကာလစားသည်။ သူတစ်ပါးလှေကို ဖာနိုင်လျက် မိမိလှေကို မဖာနိုင်လျှင် နစ်တတ်သည်။ ရွှေဥဒေါင်းငှက် အကကောင်းသော်လည်း စအိုပေါ်ပြီး အဆိုအမြည် ခံရသည်။

* * * * * * * * * * * * * * * * ** * * * * * *

8။ ကံဆိုတာ အလုပ်
အလုပ်လုပ်မှ ကံကောင်းမည်။

* * ** * ** ** ** * ** * ** ** * ** * ** ** * *

* ♥ နှင်းပွင့်လေး ♥ *


သူငယ်ချင်းတို့ရေ ......... မင်္ဂလာပါနော် ....

နှင်းပွင့်လေးရဲ့ ဇာတိက မိုးကုတ်ပါ။ နှင်းပွင့်လေးတို့မှာ မောင်နှမ လေးယောက်ရှိတယ်လေ။ နှင်းပွင့်လေးက အိမ်မှာ အကြီးဆုံးပေါ့။ ဒါကြောင့် နှင်းပွင့်လေးက ကိုယ့်ထက်ငယ်တဲ့သူတွေကို ကိုယ့်မောင်လေး၊ ညီမလေးလို သဘောထားပြီး ဆက်ဆံတယ်လေ။ ဒါတောင်မှာလေ နှင်းပွင့်လေးကို အတ္တကြီးတယ်လို့ပြောချင်ကြသေးတယ်။ နှင်းပွင့်လေးက အတ္တမကြီးတက်ပါဘူး၊ မာနလဲ မကြီးဘူးနော်။ တကယ်တမ်း နှင်းပွင့်လေးကို ခင်တဲ့သူတွေက နှင်းပွင့်လေးကို အရှုးတဲ့၊ အပေါတဲ့ (ဟိ....ဟိ သူတို့ပေးတဲ့ ဘွဲ့အမည် နာမတွေလေ။ တခါတလေ အဲလိုနေရတာ စိတ်သက်သာရာ ရတယ်လေ။ နှင်းပွင့်လေးက ရုပ်ဆိုးတယ်(ရုပ်ဆိုးတဲ့ လူကတောင် အမခေါ်ရတယ်လေ) ကိုယ့်ဂုဏ်ကို ကိုယ်မြှင့်တာမဟုတ်ဘူးနော်။ အမှန်တွေလေ။ နှင်းပွင့်လေးထက် ချောတဲ့လူတွေ မြင်ရင်လေ အားကျတယ်သိလား။ စကားဆိုလည်း သူများတွေ နားဝင်ချိုအောင် မပြောတတ်ဘူး။ ပြောချင်ရာကို တည့်ဒိုးပြောလိုက်တာပဲ။ ဒါပေမယ့် နှင်းပွင့်လေးမှာ ရန်သူတော့ မရှိပါဘူး။ နှင်းပွင့်လေးက ပျော်ပျော်နေတတ် တယ်။ တချို့လူတွေက ပျော်ပျော်နေတာကို မလေးနက်ဘူး၊ ပေါ့ပေါ့တန်တန်နေတယ်လို့ ထင်ကြတယ် လေ။ အဲဒီအခါကြရင်လဲ နှင်းပွင့်လေးက ဘယ်ရမလဲ တည်လိုက်တာပေါ့(မျက်နှာကို) စိတ်ကတော့ ဘယ်တည်လို့ရ မလဲနော်။ နှင်းပွင့်လေးရဲ့ အကျင့်က လူတွေ ပျော်နေတယ်ဆိုရင်လဲ ပျော်လိုက်တာပဲ။ စိတ်ညစ်တယ်ဆိုရင် စိတ်ညစ်လိုက်တာပဲ သိလား။ ဟိ ..... ဟိ (ရှုးတယ်လို့ မထင်နဲ့နော်) ဝေမျှခံစားတာလေ။ ဒါပေမယ့် နှင်းပွင့်လေး က လူတွေကို ကိုယ့်မိသားစုလိုပဲ ဆက်ဆံတယ်လေ။ ဒါကြောင့် နှင်းပွင့်လေးကို လူတွေက ပြောကြတယ်။ စိတ်ပျော့တယ်တဲ့။ ဟုတ်မဟုတ်တော့ မသိဘူး။ နှင်းပွင့်လေးအကြောင်းကို သိပြီးတော့ အတင်းတော့ မတုတ်နဲ့ နော်။ နှင်းပွင့်လေး မကြိုက်ဘူး။ ပြောချင်ရင် စကားကျန်ခဲ့နော်။ စိတ်ဆိုးရင်လဲ စိတ်ဆိုးတဲ့အကြောင်းပေါ့။ ဟုတ်လား။

26 October 2009

မျဉ်းပြိုင်ပေါ်ဝယ်

- မျက်စိကိုမှိတ်၊နားကိုပိတ်ပြီး
တိတ်တိတ်ကလေး၊ ဟိုအဝေးကို
ထွက်ပြေးနေချင်လှပါတယ်။
- မုန်းလိုက်တာရှင်၊ ပတ်ဝန်းကျင်ပေါ့
လိုလျှင်တစ်မျိုး၊ မလိုဆိုးသတဲ့
ကောင်းကျိုးမမြင်၊ မပြစ်တင်သည်
ချစ်ခင်သူကို၊ မြှူချိုချိုနှင့်
မူပိုလှည့်စားလေသတဲ့။
- အမှန်တော့လည်း၊ သံသာဝဲမှာ
ဆုံပဲဆုံလျက်၊ မကြုံခက်တတ်
ချစ်လျက်ကွေကာ၊သည်းနာနာဆုံး
ကွဲကာသုဉ်းကြ
သြော်.....မုန်းလွန်တော့ မဟုတ်ပါ။
- မုန်းလွန်း မဟုတ်၊ ချစ်သရုပ်ကို
ဖော်ထုတ်ရန်လည်း၊ လွန်ခက်ခဲမို့
ဖြေလည်းမပြေနိုင်၊ ကြွေသည်းစိုင်နှင့်
မျဉ်းပြိုင်ပေါ်မှာပဲ လျှောက်ဦးမည်။ ။

24 October 2009

မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ

မြတ်စွာဘုရားရှင်က “မသေခင် သုတ္တန်” လို့ အဓိပ္ပါယ်ရတဲ့ “ပုရောဘေဒ သုတ္တန်” မှာ မသေခင် ဖြည့်ဆည်းရမယ့် ဘ၀ အရည်အသွေး တွေကို တစ်စုတစ်ဝေးတည်း ဟောကြားထား ပါတယ်။ မြင့်မြတ်တဲ့ လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့ လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓါတ် အရည်အသွေး၊ ဘ၀ အရည်အသွေးတွေ ဖြစ်လို့ အကျဉ်းဆုံး ချုပ်ပြီး ပြောပြချင်ပါတယ်။

မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝ မကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲ ဖောက်ပြန်တဲ့ တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။

ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ ဖြစ်မလာသေးတဲ့ အနာဂတ် အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်း မနေသင့်ပါဘူး။ မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန် တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့် ချထားပြီး လုပ်သင့် လုပ်ထိုက်တာကို အကောင်းဆုံး ဖြစ်အောင် လုပ်ရပါမယ်။

မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရ ပါမယ်။ ထစ်ကနဲရှိ ဒေါသ ထွက်တာမျိုး မလုပ်သင့်ပါဘူး။ သူလည်း တစ်နေ့သေ၊ ကိုယ်လည်း တစ်နေ့သေမယ့်ကိစ္စ ဘာလို့ဒေါသ ထွက်နေဦးမှာလဲ။

နေရာတကာမှာ စိတ်ပူပန်တတ်တဲ့ သူလည်း မဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ် ပူလောင်မှုတွေနဲ့ ဘာလို့ အချိန် ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသော မနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။

ရှိတဲ့ဂုဏ်နဲ့ပဲ ဖြစ်ဖြစ်၊ မရှိတဲ့ ဂုဏ်နဲ့ပဲ ဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ ဂုဏ်ပြိုင်တတ်တာ မျိုးလည်း ရှောင်ကြဉ်ရပါမယ်။ ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာ လှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက် ဘာများ အကျိုးပြုနိုင်မှာ မို့လဲ။

လုပ်သင့်တာ မလုပ်ခဲ့မိ လေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိ လေခြင်းလို့ နောင်တရ စိတ် ပူပန်နေတာ မျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊ သတိမှန်ရတဲ့ အချိန်ကစပြီး လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင် ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။

နှုတ်စောင့်စည်းသူ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန် ပြောသူလည်း ဖြစ်ရပါမယ်။ အပိုစကားတွေ၊ အကျိုးမဲ့ စကားတွေကို စိတ်ထင်တိုင်း လျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေ ရှိမလာနိုင်သလို၊ မသေခင် ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။

မသေခင် ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့် တွေးတောပြီးလည်း အချိန်မဖြုန်းသင့် ပါဘူး။ ကုန်သွားတဲ့ အချိန်က ပြန်မရနိုင်တဲ့ အတွက် လက်ထဲ ရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှု အပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ် ရပါမယ်။

ကိုယ့်ရဲ့ လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့ အနာဂတ်ဘ၀ကို ပုံဖော် တပ်မက်နေတာမျိုးလည်း လုံးဝ မဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ် လက်ခံပြီး နေတတ်အောင် နေရပါမယ်။ ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာ ဘ၀တွေကိုလည်း စိတ်နာနေလို့ အပိုပါပဲ။

ကံ ကံရဲ့အကျိုးမရှိ၊ ရှေးဘ၀၊ နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိ တွေလည်း ကင်းရှင်းနေရ ပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင် အကျိုးတရားလည်း မှားပြီး ပစ္စုပ္ပန်မှာကော သံသရာမှာပါ ဆင်းရဲ ဒုက္ခတွေ ပင်လယ်ဝေရ ပါလိမ့်မယ်။

ကိလေသာ ဖြစ်မယ့်ကိစ္စ၊ အကုသိုလ် ဖြစ်မယ့် ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်း အစစ်ပါ။

ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်တာမျိုး လုံးဝ မပြုလုပ်ရပါဘူး။ အံ့ဖွယ် ထူးဆန်းတွေ လိမ်ညာ ဖန်တီးပြပြီး နာမည်ကြီး၊ လာဘ်ပေါ၊ ပရိသတ် များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမဲရောင် ဆိုးနေတာပါပဲ။

လူသားတွေရဲ့ မသေခင် ဘ၀ကို အရုပ်ဆိုး၊ အကျည်းတန်စေတဲ့ မနာလို၊ ၀န်တိုမှု (ဣဿာ၊ မစ္ဆရိယ) ကိုလည်း တွန်းလှန်နိုင်ရပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ် လွှမ်းမိုးနေတဲ့ သူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိ အလောင်းကောင်ပါပဲ။

ကိုယ်အပြုအမူ ကြမ်းတမ်းသူ၊ နှုတ်အပြောအဆို ကြမ်းတမ်းသူ၊ စိတ်နေ သဘောထား ကြမ်းတမ်းသူ မဖြစ်စေရ ပါဘူး။

ကိုယ်ကျင့်တရား မကောင်းသူ (သီလမရှိသူ) ကို ပတ်ဝန်းကျင်က ရွံရှာ စက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ ကိုယ်ကျင့်တရား ပျက်သူ မဖြစ်ပါစေနဲ့။

ချစ်ခင်နေသူ အချင်းချင်း၊ အဆင်ပြေနေသူ အချင်းချင်း ကွဲပြားအောင် လှုံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့ သူ၊ ခင်ကြ၊ အဆင်ပြေနေ ကြတာကို မနာလို ၀န်တိုဖြစ်ပြီး ကွဲပြားအောင် ကုန်းတိုက်တဲ့ သူလောက် ကျက်သရေ ယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။

မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ ခေါ်တဲ့ တံခါး ခြောက်ပေါက်ကနေ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားလို့ ခေါ်တဲ့ အာရုံ ခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာ ရေအလျင်တွေ စီးဆင်း မသွားအောင် စောင့်ရှောက်နိုင် ရပါမယ်။ မြင်- မြင်ကာမျှ၊ ကြား- ကြားကာမျှနဲ့ ပြီးအောင် သတိပဋ္ဌာန် တရားကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမှု ရပ်တန့်သွားမှာပါ။

မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့ သူလည်း မဖြစ်စေရပါဘူး။ မာနကြီးတယ် ဆိုတာ အထင်ကြီးတာပါ။ ပစ္စည်း၊ ရုပ်ရည်၊ ပညာ၊ အာဏာ သူများထက် သာတယ်လို့ ထင်နေတဲ့ အထင်ကြီးနေ တာပါ။ အထင်ဟာ အထင်ပါပဲ၊ တကယ်မဟုတ် ပါဘူး။

မသေခင်မှာ တစ်နေ့ထက် တစ်နေ့ ဉာဏ်ပညာ ကြီးမားသူ ဖြစ်အောင် ကြိုးစားနေရ ပါမယ်။ လောကီဉာဏ်သာ မက လောကုတ္တရာ ဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုး နပ်ပါတယ်။

ဘယ်အရာမျိုး မဆို ကိုယ်တွေ့အသိ မပါဘဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့ သူလည်း မဖြစ်စေရ ပါဘူး။ သိသင့် သိထိုက်တာ မှန်သမျှ သူတစ်ပါး ပါးစပ်မှာ လမ်းဆုံး၊ သူတစ်ပါး ပြောတာ ယုံနေရုံလောက်နဲ့ မပြီးဘဲ ကိုယ်တိုင်သိ၊ ကိုယ်တိုင် မြင်အောင် ကြိုးပမ်း အားထုတ်ရပါမယ်။

ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ ကုသိုလ် ကောင်းမှုတွေ ပြုလုပ်တဲ့ အခါမှာလည်း လာဘ်မျှော်တဲ့ စိတ်နဲ့ မပြုလုပ်ရပါဘူး။ လူမှုရေး လာဘ်လာဘလို့ ခေါ်တဲ့ ထင်ပေါ် ကျော်စောမှု၊ စီးပွားရာထူး တိုးတက်မှု၊ သံသရာ ကောင်းစားမှုတွေကို လုံးဝ မမျှော်ကိုးဘဲ သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့ စိတ်၊ သတ္တ၀ါအများ ကောင်းစားစေ လိုတဲ့ စိတ်နဲ့ ပြုလုပ်ကြရပါမယ်။

အကောင်းအဆိုး လောကဓံ အမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့ အခါမှာလည်း စိတ်မတက်၊ စိတ်မပျက်ဘဲ တည်တည် ငြိမ်ငြိမ်နဲ့ ခံနိုင်ရည် ရှိရပါမယ်။

သက်ရှိသက်မဲ့ တစ်ခုခုအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှ ဆန့်ကျင်ဘက် မဖြစ်စေရ ပါဘူး။ တဏှာတစ်ခုခုရဲ့ နောက်မှာ ဆင့်ပွား အကုသိုလ် စိတ်တွေ၊ မကောင်းမှု ဒုစရိုက်တွေ တွဲပါမလာအောင် ထိန်းသိမ်း နိုင်ခြင်းဟာ အဆင့်မြင့် ပုထုဇဉ်တွေရဲ့ အရည်အချင်း တစ်ခုပါပဲ။

အစားအသောက်နဲ့ ပတ်သတ်ပြီး တော့လည်း ဒါမစားရ မနေနိုင်၊ ဒါမသောက်ရ မနေနိုင် တမ်းတမ်းစွဲ မက်မောမှု ကင်းရှင်းရ ပါမယ်။ ရသ တဏှာကို ထိန်းချုပ် စောင့်စည်းနိုင်ရ ပါမယ်။

ကိုယ်အပြုအမူ ဖြစ်သမျှ၊ စိတ်အနေအထား ဖြစ်သမျှကို အမြဲ သတိကပ် ရှုမှတ်နိုင်တဲ့ အတွက်ကြောင့် ကြုံလာသမျှ အာရုံကောင်းဆိုး အမျိုးမျိုးကို မချစ်၊ မမုန်းဘဲ ဥပေက္ခာပြု အညီအမျှ ရှုနိုင်တဲ့သူ ဖြစ်ရပါမယ်။

ကိုယ့်အထက် လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်တန်းတူ လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်အောက်တန်း လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ မာနသုံးမျိုးလုံး ကင်းရှင်းရပါမယ်။

သေပြီးရင် အသက်ကောင်၊ ၀ိညာဉ်ကောင်လေး နောက်ဘ၀ လိုက်တယ်ဆိုတဲ့ သဿတ ဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊ ဘာမှ မဖြစ်တော့ဘူး ဆိုတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိနှစ်ပါးလည်း ကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါး ရှိနေရင် မသေခင် လုပ်ရမယ့် အလုပ်တွေ ကမောက်ကမ ဖြစ်ပြီး သံသရာမှာ ချောက်ကျရပါလိမ့်မယ်။

ကိုယ်နဲ့ ပတ်သတ် ဆက်စပ်နေတဲ့ သားသမီးစတဲ့ သက်ရှိ ပုဂ္ဂိုလ်တွေ၊ အိမ်၊ မြေ စတဲ့ သက်မဲ့ အရာဝတ္ထု တွေကို ငါ့သား၊ ငါ့သမီး၊ ငါ့အိမ်၊ ငါ့မြေဆိုပြီး ငါစွဲကြီးကြီး၊ ငါ့ဥစ္စာ အစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့ စိတ်မျိုး ကင်းရှင်းရပါမယ်။

ဘာအလုပ်ပဲ လုပ်လုပ် ကိလေသာကို ရှေ့တန်းတင်တဲ့ အလုပ်၊ ကိလေသာကို ဆရာတင်တဲ့ အလုပ်မျိုး မဖြစ်အောင် သတိထားရပါမယ်။

ကိလေသာ အရင်းမခံဘဲ အလုပ်လုပ်နေ ပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာ အရင်းခံတယ်လို့ ထင်ယောင် ထင်မှား စွပ်စွဲလာရင်လည်း မတုန်မလှုပ် သည်းခံနိုင်ရ ပါမယ်။

“တစ်လောကလုံးမှာ ကိုယ်ပိုင်တာ ဘာမှမရှိပါလား” ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။ အဲဒီအသိ စွဲစွဲမြဲမြဲ ရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်း မပူပန်တော့ဘူး။ ရှိပြီးတာ မရှိလို့လည်း မဆူညံတော့ ပါဘူး။

ချစ်ခြင်း၊ မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့် မလုပ်ထိုက်တာ လုပ်တဲ့ အဂတိ လိုက်စားမှုလည်း ကင်းရှင်းရပါမယ်။ အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။

လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာ လုပ်၊ လုပ်သင့် လုပ်ထိုက်တာ မလုပ် ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာ ခေါင်းပါးလာတာနဲ့ အမျှ မလုပ်သင့် မလုပ်ထိုက်တာ တွေလည်း ရှောင်ကြဉ်နိုင်လာ ပါလိမ့်မယ်။ လုပ်သင့် လုပ်ထိုက်တာ တွေလည်း ဆောင်ငင်နိုင်လာ ပါလိမ့်မယ်။

မလုပ်သင့်တာ အားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာ အားလုံး အကြွင်းမဲ့ ဆောင်နိုင်ပြီ ဆိုရင်တော့ အကြွင်းမဲ့ ဘ၀လွတ်မြောက်မှုကို ရပါပြီ။ သေခြင်းတရားက အကြွင်းမဲ့ လွတ်မြောက်ပါပြီ။ ထပ်တလဲလဲ တစ်သေတည်း သေနေရတဲ့ အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရ လွတ်မြောက်ပါပြီ။ အနှိုင်းမဲ့ နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။

ဒါကြောင့် မသေခင် လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓာန အကျဆုံးကတော့ ကိလေသာ ခေါင်းပါးရေး အလုပ်၊ ကိလေသာ အမြစ်ပြတ်ရေး အလုပ်ပါပဲ။

+++++++++++++++++++++++++++++++++++++++++++++++

ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားတော်မူသော “မသေခင် ဘာလုပ်ကြမလဲ” စာအုပ်မှ ကူးယူဖော်ပြ ဓမ္မဒါန မျှဝေအပ်ပါတယ် ခင်ဗျာ။ ဤသို့ မျှဝေ လှူဒါန်းရသော ဓမ္မဒါန ကုသိုလ်သည် ဘုရား တပည့်တော်အား မဂ်ဉာဏ် ဖိုလ်ပေါက် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်း ဖြစ်ရပါစေ အရှင်ဘုရား။

အားလုံးသော ဓမ္မမောင်နှမတို့ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ။

ပေးဆပ်ရင်း နဲ့ ချစ်နေမယ်

ငယ်စဉ် ကာလ ကလေး ဘဝ
ဖြူစင်စွာနဲ့ ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းလေးရေ...
ရာတွေဟောင်း အချိန်တွေ ပြောင်းခဲ့ပေမဲ့
ငါ့ ရင်ထဲက ချစ်ခြင်း ဘယ်သောခါမှ မပြောင်းလဲပါ
ဟိုးရင်ကတည်း က အနိုင်ယူခဲ့တဲ့ နင့် ကိုမှ စွဲလန်းမိနေတာက..
ချစ်သူ....
မင်း မျက်ဝန်း ရဲ့ အကြည့်အောက်မှာ ငါ က အရုပ်လေးလိုလေးပါ
မင်း နှုတ်ခမ်း က ထွက်ကျလာမဲ့ စကားလုံး တိုင်း ကို ငါ နာခံနေမှာပါ
ချစ်သူ....
နင် ဘာပဲလုပ်လုပ် အပြစ်မမြင်
ငါ့ မာန တွေ ကို ခဝါ ချလို့
နင် လျှောက် မဲ့ လမ်းမှာ...
ငါ့ ဘဝ ကိုနင်းလျှောက်မယ် ဆိုရင်တောင် ကျေကျေနပ်နပ် ပေးအပ်ထားတဲ့ သူပါ ..
ချစ်သူ....
ငါ့ ဘဝ ရဲ့ အရာအားလုံးဟာ မင်း လက်ထဲ မှာပါ
နင့် အတွက် ဆိုရင် လေ အရာရာကို ငါ ပေးဆပ်နေမှာပါ
ငါ့ အချစ် ကို နင် အသိမှတ် မပြု ရင်နေပါ...
နင့် ကို ချစ်နေတာကိုတော့ မတားဆီး လိုက်ပါနဲ့နော်
ငါ့ ရဲ့ ချစ်ခြင်း နင့် အတွက် ဆို
ဘာပဲ ဖြစ်ဖြစ် အစဉ် ထာဝရ ပေးဆပ်ရင်း နဲ့ ချစ်နေမယ်..............

ပြန်လာခွင့်

ချစ်သူ .....
နင် ထားခဲ့တဲ့ ဘဝ မှာ
ငါ နေတတ်အောင် နေခဲ့ပေမဲ့
နင် နေ နေတဲ့ဘဝ မှာ နင်ပျော်ရဲ့လား...?
ငါ ဘာတွေဘယ်လိုဖြစ်နေပါစေ...
နင် ပျော်တယ် ဆိုရင် ငါ ကျေနပ်နေတဲ့သူပါ မောင်
ငါ့ ကို နင် အစဉ်မပြေချိန်မှာ တမ်းတလိုက်ပါနော်
နင့် အတွက် ငါ အမြဲ ရှိနေတယ် ချစ်သူ
ငါ ဟာ နင့် အတွက် မွေးဖွါးခဲ့တဲ့သူပါဟာ
သြော် နောက် တစ်ခု
သိပ် အရေးကြီးတယ် ချစ်သူ
နင် နေ-နေတဲ့ ဆီ မှာ မပျော်တော့ဘူး ဆိုရင်
အချိန်မရွေး နင် ပြန်လာခဲ့ပါ ချစ်သူ
ငါ့ ရင်ခွင်ဟာ နင့် အတွက် သော့မလိုပါ
နင့် အတွက် အမြဲတံခါးဖွင့်ပြီး နွေးထွေးစွာ နဲ့ ကြိုနေမှပါ မောင်

အပြစ်မမြင်ပါ ချစ်သူ ............

အေးချမ်းလွန်းတဲ့ ဆောင်းမနက်မှာ
ငါ့ ရင်ထဲ က အပူ မီးကြောင့် မအေးနိုင်ပါ ချစ်သူ...
နင့် ကို လေ အားလုံးကပြောနေကြတယ်
ရက်စက်မှု အပေါင်း သရဖူ ဆောင်း
ဘီလူးခေါင်း နဲ့ မင်းသားလေးတဲ့...
အများရဲ့ စကား မယုံကြည်ဘဲ
နင့် ကို ယုံလို့ ...
ရဲရဲ ဝံ့ဝံ့ မျက်စိမှိတ် ချစ်မိခဲ့တဲ့
ငါ့ မှာတော့ လေ...
နင် ပေးခဲ့တဲ့ လွမ်းဆွတ်ဝေဒနာ
ရင်မှာ ပိုက်လို့...
အများတကာရဲ့ မေးငေါ့ ပြစ်တင်
အတင်းစကားများကြား
မျောနေခဲ့တယ်...
နင် ကတော့လေ
အချိုးမပြောင်း..
နောက်တစ်ယောက်နဲ့
အကြည့်ချင်းဆုံအပြုံးဖလှယ်ကြည်နူးနေပြန်တယ်နော်
နင် ပျော်နေတယ် မဟုတ်လား ချစ်သူ
ငါ မျက်ရည် နဲ့ နင်ပျော်ဖို့ အတွက် ခြေဆေးမယ် ဆိုရင်တောင်....
နင့် ကို ငါ အပြစ်မမြင် ထာဝရ ခွင့်လွှတ်နေပါ့မယ် ချစ်သူ

သူ သိပါစေ

၇င်မှာ မြတ်နိုး
တိတ်တခိုးနဲ့ ချစ်ခဲ့ရပါသော ကိုကို
အခြေနေတွေမတူရင် မချစ်ရဘူးလို့ ဘယ်သူတွေ စခဲ့တာလဲ
ဒီ အခြေနေတွေကြောင့် မင်း ကို ငါ စွန့်လွှတ်ခဲ့ရတယ်နော်
မတူညီ တဲ့ ဘဝ နှစ်ခု ပေါင်းစပ် ဖို့ မှ မဖြစ်နိုင်တာလေ
အချစ် ကို ရှေ့တန်းတင် ရူးရူးမိုက်မိုက် လက်တွဲခဲ့ရင်
နောင်တချိန်မှာ အချစ်မဝင် သောကမအေး
ရင်ဝယ် စိတ်နှလုံးလေး မပျော်မွေ့ ဘဲ...
မင်း မနေတတ်မှာ စိုးကြောက်တာကြောင့်
နှလုံးသား မှာ ဒဏ်ရာ မနက်ခင်...
မင်းနဲ့ ဝေးရာရှောင်ပြေးထွက်ခဲ့တာ ပါ ချစ်သူ
မင်း ကိုလေ မုန်းဖို့ မပြောနဲ့
တစ်စက္ကန့်လေးတောင် ငါ့ မေ့လို့ မရခဲ့ပါဘူးနော်
ငါ့ ရဲ့ ချစ်ခြင်းမှန်ကန်ပါလျှင် ချစ်သူ နင်ထာဝရ ပျော်ရွှင်နိုင်ပါစေ

မေ့မရလို့

ချစ်မိတဲ့ သူ အတွက် .............
သံယောဇဉ်ဆိုတာ ..............
ကစားစရာတစ်ခုမဟုတ်ပါဘူး ...
သံယောဇဉ်ကိုကစားပြီး
ပျော်စရာတစ်ခုလို့ သတ်မှတ်ရင်
ဆန့်ကျင်ဘက်ခံစားမှုတွေရဲ့
တန်ပြန်သက်ရောက်မှုကို
မလွဲမသွေခံစားရလိမ့်မယ် .......
အဲ့ဒီအချိန်ကျမှ
မျက်ရည်မကျပါနဲ့ **

နယ်မလွန်ခင်အချစ်

ရေလာရင်ပျောက်ကွယ်သွားတဲ့
သောင်ပြင် က ခြေရာမဟုတ် ......
လေယူရာမျောလွင့်သွားတဲ့
ကောင်းကင် က တိမ်တိုက်မဟုတ် ......
နှလုံးသားမှာ ထင်ကျန်ရစ်တ
ဲ့ သံယောဇဉ် ပုံရိပ် က
အတိတ်က ထက်ခိုင်မြဲပါတယ် ....
ဒါပေမဲ့
မဖြစ်သင့်တဲ့အချစ်
နွံမနစ်ခင်က
ဆွဲထုတ်ယူထားပါရစေ .....
ဘယ်သူမှမသိတဲ့ အချစ်
သံယောဇဉ်မြစ်အတွင်
စီးမြောခွင့်မရှိ
ငြိတွယ်မှုတွေပြေပါစေတော့ ...........
မေ့မရလို့
ချစ်သူ ...........
ရွှေကြာမှာ ခါချဉ်ပါလို့
အမျက်သိုမုန်းမာန်ထားလေတဲ့
သုဘဒ္ဒါမိဖုရားလိုပဲ
မင်းကြိုက်သလို မုန်းလိုက်ပါတော့
ငါ့အဖြစ်ကလေ
ဖြတ်မရတဲ့ ဝေဒနာ အချစ် ..............
တောင်းပန်ဖို့တောင် မဝံ့ရဲတဲ့ ဘဝမို့
သံယောဇဉ် တစ်ခုကို မြိုသိပ်ပြီး
အတိတ်ကိုလည်းမေ့မရတော့
ဝေဒနာပင်လယ်ထဲမှာ
စီးမျောသွားတဲ့ မြစ်တစ်စင်းပေါ့
ချစ်သူ .............
အတိတ်ကို မေ့မရလို့
သံယောဇဉ် မပြတ်တာ မဟုတ်ပါဘူး ...
သံယောဇဉ်မပြတ်နိုင်လို့
အတိတ်ကို မေ့မရတာပါ ..........

ကဗျာဆိုတာ

ကဗျာဆိုတာ တကယ်တော့
ခံစားချက်တွေ ပြည့်နေတဲ့လူတစ်ယောက်ရဲ့
ရင်ထဲကနေဖြစ်ပေါ်လာတဲ့ ခံစားမှုတွေအတွက်
တစ်ခြားလူတစ်ယောက်ကို သိစေခြင်းလို့
မျှဝေခြင်းဆိုလဲ မမှားနိုင်ပါဘူး။
ခံစားချက်တွေဆိုတာ
ဝမ်းနည်းေုကွကွဲမှု၊ အထီးကျန်ဆန်မှု၊
သိမ်ငယ်မှု၊ ပျော်ရွှင်မှုတွေစသည့်ခံစားမှုတွေကို
လက်တမ်းရေးရင်ကနေ ကဗျာဖြစ်လာတာလို့ထင်တယ်နော်။

15 October 2009

အဖြူရောင်လေ

မေတ္တာတရားလောက် သန့်စင်မွန်မြတ်တာ မရှိဘူးနော်။ အဖြူရောင်နှလုံးသားနဲ့ပေါ့။

ဒသနလေး

ဘ၀မှာ အောင်မြင်အောင်ုကိုးစားရင် ဘာမဆိုဖြစ်နိုင်ပါတယ်။
စိတ်ဓာတ်မကျပါနဲ့နော်။

အသက်ရှူခြင်း

ငပွေး နဲ့တင်အောင် တို့နှစ်ယောက်ကို ရန်ကုန်က သူ့ဘကြီးလှမ်းခေါ်လို့ မြို့တက်ကြတာ။

ရန်ကုန်မန္တလေး ဘတ်စ်ကားကြီးနဲ့ စီးလာလိုက်ကြတာ မောင်းပြီး၃ နာရီလောက်ကြာတော့
လမ်းမှာ ဟိုင်းလတ် ကားလေးတစ်စီးရပ်ထားတာတွေ့တယ် ။
စက်ဖုံးကြီးလဲဖွင့်လို့ပေါ့။

ငပွေးက တင်အောင်ကိုလှမ်းမေးတယ် ။ \"ဟေ့ကောင်ဟိုကားဘာဖြစ်တာလဲ\"

တင်အောင်လည်း ရွာမှာဆရာကြီးဆိုတော့ ...

\"အ ပါ့ကွာ ..သူလဲဒီလောက်အဝေးကြီးပြေးလာရတာ
မောလို့ ပါစပ်ဟပြီးအသက်ရှုနေတာပေါ့ကွ\"

ငပွေး အူကြောင်ကြောင်ဖြစ်ပြီး ရပ်ထားတဲ့ကားကိုတအံ့တသြ ကြည့်နေရှာတယ်။

တစ်နေရာလည်း ရောက်ရော သူတို့စီးလာတဲ့ကားက ထိုးရပ်သွားတယ်။

\"ခရီးသည်များအားလုံး ကျွန်တော်တို့ကားအင်ဂျင်ပူသွားလို့ ခဏနားပါမယ်။
အောက်ခဏဆင်းပြီးအပေါ့အပါးသွားနိုင်ပါတယ် \" ဆိုတဲ့
စပါယ်ယာအော်သံထွက်လာတယ်။

ငပွေးနဲ့တင်အောင်လည်း အောက်ကိုဆင်းကြတာပေါ့။
အောက်လည်းရောက်ရော ငပွေးက တင်အောင်ကို မျက်စပစ်ပြပြီး
ှနှစ်ယောက်သားမျက်စိမျက်နှာပျက်သွားကြတယ်။ကားပေါ်ကိုခပ်ကုပ်ကုပ်လေး
ပြန်တက်ထိုင်နေလိုက်ကြတယ်။
တစ်ယောက်နဲ့တစ်ယောက်လည်း စကားတောင်မပြောနိုင်တော့ဘူး။

ရန်ကုန်ကားဂိတ်ရောက်တော့ သူတို့ဘကြီးက စောင့်နေနှင့်တာပေါ့။

\"ငပွေးနဲ့တင်အောင် မင်းတို့ မျက်နှာလဲမကောင်းပါလား ဘာဖြစ်လာ…. \"

ဘကြီးတောင်စကားမဆုံးသေးဘူး ... ဘကြီးလက်ကိုနှစ်ယောက်သားဆွဲပြီးပြေးလိုက်တာ
အ၀တ်အိတ်တွေ မနိုင်မနင်းနဲ့ ကားဂိတ်နဲ့ခပ်ဝေးဝေးလဲရောက်ရော …

\"ဘကြီးရာပြောမနေပါနဲ့တော့...သူများကားတွေ မောလို့အသက်ရှုတာ
ပါးစပ်ဖွင့်ပြီးရှုပါတယ်... ကျွန်တော်တို့ကားကျမှ ဖင်လှန်ပြီးရှုရတယ်လို့ …
ရှက်လွန်းလို့ ကားနားတောင်မနေရဲတော့ဘူး \" တဲ့ …။

စာ

လူချောလေးတစ်ယောက်မှာ ချစ်စခင်စ ကြင်နာစရည်းစား
အသစ်စက်စက်လေး တစ်ယောက်ရှိတယ်။
သူ့အသည်းလေး မွေးနေ့အတွက် အမှတ်တရဖြစ်အောင်…ဘာလက်ဆောင်ပေး
ရင်ကောင်းမလဲလို့
အသည်းအသန်စဉ်းစားရပါတော့တယ်။
သူ့အချစ်လည်း ပေါ်လွင်ရမယ်။
သူမအတွက်လည်း အသုံးဝင်ရမယ်။
အမှတ်တရနဲ့ ဂန္ဓ၀င်လည်း မြောက်ရမယ်ပေါ့။
ဈေးကြီးတာလည်း မတတ်နိုင်ဘူးပေါ့။
နောက်ဆုံးအကောင်းစား လက်အိတ်ဖြူဖြူလေးတစ်စုံ
ဝယ်ဖို့ကြည်နူးစွာဆုံးဖြတ်လိုက်နိုင်ပါတယ်။
မိန်းမအသုံးအဆောင် ပစ္စည်းဆိုင်ကို သွားမှာမို့ ချစ်သူရဲ့ညီမလေးလည်းပါလာတယ်၊
ဆယ်ကျော်သက် လှလှလေးပါပဲ။
ဆိုင်ရောက်တော့ သူကလက်အိတ်အဖြူလေးတစ်စုံ ၀ယ်တယ်။
ချစ်သူ့ညီမလေးက အောက်ခံဘောင်းဘီ (ပင်တီ) တစ်ထည်ဝယ်တယ်။
ဖြစ်ချင်တော့ ထုပ်ပိုးပေးတဲ့အရောင်းစာရေးမ အမှားကြောင့် ချစ်သူ့ညီမက
လက်အိတ်ရသွားတယ်။
သူလည်း ဖွင့်စစ်ဆေးမနေဘဲ (ပင်တီ) ပါဆယ်ထုတ်နဲ့ စာတစ်စောင် ရေးပြီးစာတိုက်က
ပို့လိုက်တယ်။

စာကတော့…

အသည်းလေး
ကိုယ်ဘာလို့ ဒီလက်ဆောင်ကို ရွေးချယ်ရသလဲဆိုတော့ မင်းနဲ့ကိုယ် ညနေခင်းတွေ
လမ်းလျှောက်ထွက်တဲ့ အခါ မင်းဝတ်လေ့ဝတ်ထ မရှိဘူးဆိုတာ ကိုယ်သတိပြုမိလို့ပဲ။
ကိုယ်က နှိပ်ကြယ်သီးပါတာ ၀ယ်ဦးမလို့ပဲ။
မင့်ညီမက ချွတ်လို့စွတ်လို့လွယ်အောင် အဲ့ဒါကိုပဲ ၀ယ်ဖို့ တိုက်တွန်းတယ်။
ဟုတ်တယ်…သူစွပ်ပြချွတ်ပြတယ်…လှလိုက်တာလေ။
စွတ်ရချွတ်ရတာလည်း လွယ်တယ်။
အရောင်းစာရေးမကတောင် သူမလည်းဒါပဲ ၀တ်ကြောင်းနဲ့ သူကိုယ်တိုင်
ဝတ်ပြချွတ်ပြသေးတယ်။
အတော်ကြည့်ကောင်းပါတယ်။ သူမက အပေအစွန်းလည်း ရေဆေးရုံနဲ့ ပြောင်ကြောင်း
အာမခံတယ်လေ။
ဒီတစ်ခါ ကိုယ်လာရင် မင်းဝတ်ထားတာ မြင်ချင်တယ်။ တွေ့ရင်တော့လား အထပ်ထပ်အခါခါ
နမ်းပစ်မိမှာပဲ။
သောကြာနေ့မှာ ကိုယ်နမ်းဖို့ ဆက်ဆက်ဝတ်ထားနော်…နော်…

အသည်းလေးရဲ့

ကိုယ်

........................................................

သမီးရည်းစား

ကိုယ်လေမင်းဆီကိုဖုန်းဆက်ရင် ရင်တွေအရမ်းခုန်တာပဲ
(အဘိုးကြီးနဲ့ တိုးမှာစိုးလို့)

ကိုယ်လေမင်းနာမည်လေးကိုခေါ်ခါနီးရင် ရင်တွေအရမ်းခုန်တာပဲ
(နာမည်မှားခေါ်မိမှာစိုးလို့)

ကိုယ်လေမင်းလက်လေးကိုကိုင်ထားရမှ လုံခြုံတယ်လို့ ခံစားရတယ်
(လက်အားနေရင် အိပ်ကပ်တွေလျှောက်နှိုက်တော့မယ်...အိပ်ထဲမှာ
ရုပ်ရှင်လက်မှတ်အဟောင်းတွေရှိတယ်)
ကိုယ်လေမင်းနှုတ်ခမ်းတွေ လှုပ်လှုပ်ရွရွ ဖြစ်လာရင် ရင်တွေအရမ်းခုန်တာပဲ
(တွေ့သမျှမုန့်သည် လျှောက်ခေါ်တော့မယ်)

ကိုယ်လေမင်းဆံပင်လေးတွေ သပ်နေတာမြင်ရင် ရင်တွေအရမ်းခုန်တယ်
(အကြောင်းမရှိုအကြောင်းရှာပြီး beauty spa သွားတော့မယ်)

မင်းများနေမကောင်းရင် ကိုယ်ယောက်ယက်ခတ်နေပြီ
(မြန်မြန်ပြန်ကောင်းမှာစိုးလို့)

မင်းကိုယ့်ဆီတရက်လောက်ဖုန်းမဆက်ရင် ရင်ထဲမှာဆို့နေတာပဲ
(၀မ်းသာလုံး.......၀မ်းသာလုံး)

ကိုယ်လေအမြဲတမ်း မင်းအကြောင်းပဲ တွေးနေတာ
(ဘယ်လိုလှိမ့်ရင် ကောင်းမလဲလို့)

ကိုယ်လေမင်းနဲ့လျှောက်လည်ရင် ရင်တွေအရမ်းခုန်တာပဲ
(တိုးမှာစီုးလို့......တိုးမှာစီုးလို့)

ကိုယ်လေမင်းနဲ့လက်ထပ်ရမှာကို ရင်ခုန်နေတယ်
(ဈေးဝယ်ရ.......ချက်ပြုတ်ရ...လျှော်ဖွှတ်ရ တော့မယ်)
ဟဲ....ဟဲ...ဟဲ.....အနာခံမှ အသာစံရမှာလေ။

ခရစ်စမတ်

ခရစ်စမတ် တစ်ကျော့ရောက်ပြန်ပါပြီ.. ဒီခရစ်စမတ်မှာ တီဗွီတစ်လုံး ဝယ်ပေးဖို့ Tom က အမေကို ပူဆာတယ်။ Tom က ဆိုးပေပြီး စာလည်းမကြိုးစားတဲ့အတွက် အမေက ဝယ်မပေးချင်ဘူး။ ဒါနဲ့ အမေက Tom ကို \"Tom ဘုရားသခင်ကို စာတစ်စောင်ရေးလိုက်ပါ။ ဒီနှစ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုတွေကိုရေးလိုက်.. ဘုရားသခင်က တီဗွီတစ်လုံး လက်ဆောင်ပေးလိမ့်မယ်\" လို့ ပြောလိုက်တယ်။
>
> ဒါနဲ့ Tom က ဘုရားသခင်ထံ စာရေးတော့တယ်။
> \"ချစ်လှစွာသော ဘုရားသခင်၊ ကျွန်တော်က ဘုရားသခင်ရဲ့ အချစ်ဆုံး Tomလေးပါ။ ဒီနှစ်အတွင်းမှာ ကျွန်တော် ကောင်းတာတွေ အများကြီးလုပ်ခဲ့ပါတယ်။ အခုဆို ခရစ်စမတ် ရောက်တော့မှာမ�@ ���8@ သင်၏ချစ်လှစွာသော သားတပည့်ကို တီဗွီတစ်လုံး လက်ဆောင်ပေးပါ\" လို့ ရေးလိုက်တယ်။ Tom က စာကိုရေးပြီး ပြန်ဖြစ်ကြည့်တယ်။ သိပ်သဘာဝမကျတာနဲ့ ဒုတိယတစ်စောင်ကို ကောက်ရေးလိုက်ပြန်တယ်။
>
> \"ဘုရားသခင်.. ကျွန်တော် Tom ပါ။ ဒီနှစ်အတွင်း ကျွန်တော် မကောင်းတာတွေလုပ်ဖြစ်တယ်။ ကျွန်တော် မှားသွားပါတယ်။ ဘုရားသခင် ကျွန်တော့်ကို တီဗွီတစ်လုံး ပေးမယ်လို့ မျှော်လင့်ပါတယ်\" လို့ ပြင်ရေးလိုက်တယ်။
>
> Tom က စာကိုတစ်ခေါက် ပြန်ဖြစ်ကြည့်ပြီး မကြိုက်လို့ တတိယတစ်စောင်ကို ရေးလိုက်ပြန်တယ်။
> \"ဘုရားသခင်.. ကျွန်တော်ပါ.. Tomပါ။ ဟုတ်ပါတယ်.. ကျွန်တော် မကောင်းတာတွေ တော်တော်များများ လုပ်ခဲ့တယ်။ ဒါပေမယ့် တီဗွီတစ်လုံးတော့ လိုချင်သေးတယ်\" လို့ ပြင်ရေးပြီး ဘုရားကျောင်းကို သွားခဲ့တယ်။ ဘုရားကျောင်းမှာ Mary and Jesus ရဲ့ ရုပ်တုကိုတွေ့တော့ Tom က စတုတ္ထမြောက် စာကိုရေးပြီး မယ်တော်မာရီရဲ့ ရုပ်တုကို အိမ်ယူပြန်လာခဲ့တယ်။
>
> နောက်တစ်နေ့မှာ ဘုရားကျောင်းက ဖာသာက ဘုရားသခင် Jesus ရဲ့ ခြေရင်းမှာ စာတစ်စောင်ကျနေတာကို တွေ့လို့ ကောက်ဖတ်ကြည့်လိုက်တော့...
> \"ဘုရားသခင်.. သင့်အမေ ကျွန်တော်လက်ထဲမှာ သင့်အမေကိုတွေ့ချင်ရင် ကျွန်တော့်ကို တီဗွီတစ်လုံး မြန်မြန်ပေးပါ\" ဟူတည်း။

အပြစ်နဲ့ မှားယွင်းမှု

ကြည့်မှန်ရှေ့တွင် ရောက်ရှိနေတဲ့ သူငယ်ချင်းနှစ်ယောက် စကားပြောနေကြ စဉ်ဖြစ်ပါတယ်၊

ပထမသူငယ်ချင်း- ငါ့ရဲ့အပြစ်တစ်ခုက ကိုယ့်ကိုကိုယ် အထင်ကြီးတာပါ... မနက်တိုင်း ငါမှန်ကြည့်တယ်။ ငါဘယ်လောက် လှတယ်ဆိုတာ သိရတယ်.. အဲဒါအပြစ်လား၊

ဒုတိယသူငယ်ချင်း- အဲဒါအပြစ် မဟုတ်ဘူး၊ ဒါမှားယွင်းမှု။

9 October 2009

မိမိကိုယ်ကို ဆင်ခြင်နည်း

ဘဒ္ဒန္တ သီရိန္ဒာဘိဝံသ ၊ မစိုးရိမ်ဆရာတော်ကြီး ၏ ဩ၀ါဒကထာကို ပြန်လည်ဖော်ပြပါသည်၊

၁။ ပါပိစ္ဆာ--
အလိုဆိုးရှိသောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အလိုဆိုးရှိသူ ဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အလိုဆိုးရှိသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၂။ အတ္တုက္ကံသန ပရဝမ္ဘန--
မိမိကိုယ်ကို မြှင့်တင်၊ သူတစ်ပါးကို ရှုတ်ချတတ်သောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မိမိကိုယ်ကို မြှင့်တင်၊ သူတစ်ပါးကို ရှုတ်ချတတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိကိုယ်ကို မြှင့်တင် သူတပါးကို ရှုတ်ချသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၃။ ကောဓန--
အမျက်ထွက်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အမျက်ထွက်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အမျက်ထွက်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၎။ ဥပနာဟီ --
အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် ရန်ငြိုးဖွဲ့သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ရန်ငြိုးဖွဲ့တတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်ငြိုးဖွဲ့တတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၅။ အဘိသင်္ဂိ --
အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် အစွဲကြီးသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အစွဲကြီးသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အစွဲကြီးသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၆။ ကောဓနော ကောဓသာမန္တဝါစံ နိစ္ဆာရေတာ --
ရန်စကားပြောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ရန်စကားပြောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်စကားပြောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၇။ ပရိပ္ဖရတိ--
စောဒက က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်”ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၈။ အပသာဒေတိ--
စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၉။ ပစ္စာရောပေတိ--
စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၀။ အညေနညံ ပဋိစရတိ ဗဟိဒ္ဓါ ကထံ အပနာမေတိ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ--
စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သော သူကို ငါသည် မချစ် မနှစ်သက်။

“ငါလည်း စောဒကက စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၁။ အပဒါနေ န သမ္ပာယတိ--
စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆို နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။

“ငါလည်း စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် ဖြေဆိုတတ်သူ ဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၂။ မက္ခီ ပဠာသီ--
ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၃။ ဣဿုကီ မစ္ဆရီ--
မနာလို ဝန်တိုသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မနာလို ဝန်တိုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ မနာလို ဝန်တိုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၄။ သဌော မာယာဝီ --
ဟန်ဆောင်သူ လှည့်ပတ်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ဟန်ဆောင်သူ လှည့်ပတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဟန်ဆောင်သူ လှည့်ပတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၅။ ထဒ္ဓေါ အတိမာနီ --
ခက်ထန် မောက်မာသောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ခက်ထန် မောက်မာသောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ခက်ထန် မောက်မာသောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၆။ သန္ဒိဋ္ဌိ ပရာမာသီ အာဒါနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ --
မိမိအယူကို စွဲလမ်းတတ်သော၊ မြဲမြံစွာ ယူတတ်သော၊ မစွန့်လွှတ်နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။

“ငါလည်း မိမိအယူကို စွဲလမ်းတတ်သော၊ မြဲမြံစွာ ယူတတ်သော ၊ မစွန့်လွှတ်နိုင် သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိအယူကို စွဲလမ်းတတ်သော ၊ မြဲမြံစွာ ယူတတ်သော၊ မစွန့်လွှတ်နိုင်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

ဤသို့ နေ့ရော ညပါ အခါမလပ် ရှုဆင်ခြင်ပါက “ပီတိ ပါမောဇ္ဇ” တရား တနေ့တခြား တိုးပွားလာသည့်အပြင် ကြေးမုံ မှန်ပြင်ကို ကြည့်ရှုသောသူသည် မိမိမျက်နှာရိပ်ကို ထင်ရှားစွာ တွေ့မြင်ရဘိသကဲ့သို့ --
“အပါယဂမနီယ အကုသိုလ်ပါပဓမ္မများ” ကို “မိမိလက်ကို အတင်းအကြပ် ဆွဲခေါ်နေသော သူသတ်သမား” အသွင် ထင်မြင်လာပါတော့သည်။

ထိုအခါ အကုသိုလ်တရားများကို ပယ်ရှားရန်အတွက် “ကသိုဏ်းပရိကမ် အလုပ်”ကို အားထုတ်လျက် “ ဝိပဿနာတရား” ထပ်ဆင့်ပွားများပြီးလျှင် “သန္တိသုခ အမတနန်း” သို့ တက်လှမ်းနိုင်မည်သာ ဖြစ်ပါတော့သည်။