Pages

24 October 2009

ပြန်လာခွင့်

ချစ်သူ .....
နင် ထားခဲ့တဲ့ ဘဝ မှာ
ငါ နေတတ်အောင် နေခဲ့ပေမဲ့
နင် နေ နေတဲ့ဘဝ မှာ နင်ပျော်ရဲ့လား...?
ငါ ဘာတွေဘယ်လိုဖြစ်နေပါစေ...
နင် ပျော်တယ် ဆိုရင် ငါ ကျေနပ်နေတဲ့သူပါ မောင်
ငါ့ ကို နင် အစဉ်မပြေချိန်မှာ တမ်းတလိုက်ပါနော်
နင့် အတွက် ငါ အမြဲ ရှိနေတယ် ချစ်သူ
ငါ ဟာ နင့် အတွက် မွေးဖွါးခဲ့တဲ့သူပါဟာ
သြော် နောက် တစ်ခု
သိပ် အရေးကြီးတယ် ချစ်သူ
နင် နေ-နေတဲ့ ဆီ မှာ မပျော်တော့ဘူး ဆိုရင်
အချိန်မရွေး နင် ပြန်လာခဲ့ပါ ချစ်သူ
ငါ့ ရင်ခွင်ဟာ နင့် အတွက် သော့မလိုပါ
နင့် အတွက် အမြဲတံခါးဖွင့်ပြီး နွေးထွေးစွာ နဲ့ ကြိုနေမှပါ မောင်

0 comments:

Post a Comment