Pages

16 November 2009

***** ကဗျာ *****

တစ် နှစ် - ခင်ပြီး စလစ်
သုံး လေး - မမုန်းကြေးနော်
ငါး ခြောက် - စိတ်မကောက်နဲ့
ခုနစ် ရှစ် - မဂျစ်နဲ့နော်
ကိုး တစ်ဆယ် - မုန်းလိုက်မယ်..
မမေ့ဘယ်ကမ္ဘာပါကွယ်....

***** ဒွိဟ *******

အမည်မသိ ခပ်မိမိနှင့်
မထိတထိ မင်းအကြည့်က
မရဲတရဲ ကိုယ့်အသည်းကို
ရင်ကွဲပက်လက် ဟက်တက်ခွဲဖို့
ရဲရဲရင့်ရင့် မာနလွင့်ပြီး
စိန်ခေါ်လိုက်လေသလား.........

အချစ်လမ်းညွှန်း

အချစ်အိမ်ရောက်ဖို့........
တွေ့ဆုံမှု ကားကို စီး..
ခင်မင်မှု့မှတ်တိုင်းမှာ ဆင်း..
သံယောဇဉ်လမ်းကို လျှောက်..
အကြည့်လေးတွေမှာ မေး....
မေတ္တာလမ်းထဲ ၀င်...
ဟော......... တွေ့ပြီး.
အိမ်အမှတ် တစ်ထောင့်ငါးရာဟာ
အချစ်အိမ်တဲ့..........
မှတ်မိတယ်နော်........ သူငယ်ချင်းတို့ရေ။

ခံစားမှုများ

သူကြောင့် - ပျော်ရွှင်၊ ကြည်နှုးရတယ်
သူကြောင့်လဲ - စိတ်ညစ်ရတယ်
သူကြောင့် - ရန်သူတွေဖြစ်ရတယ်
သူကြောင့်ပဲ - နာကြည်းရတယ်
သူကြောင့်လဲ - သေဆုံးရတယ်
သူကြောင့် - ၀မ်းနည်းကြေကွဲနေရတယ်
ဒါပေမယ့် လူတွေ အားလုံးက သူမရှိရင် မဖြစ်ဘူးတဲ့........
ဒါတွေ အားလုံးဟာ သူကြောင့်ပေါ့
သူဆိုတာက ဘယ်သူလဲ.......
အချစ်ဆိုတဲ့ အရာပေါ့.....

15 November 2009

ချစ်သူအတွက် 9

ချစ်သူရေ.......


  • သိပ်ချစ်ပါတယ်ဆိုတဲ့ စကားကို ဒီထက်လေးနက်အောင် မပြောတတ်တော့ဘူးလား............ ပြောတတ်ရင် ပြောပါလား...... ကြားချင်လို့ပါ။
  • လူသားတိုင်း နှုတ်ဖျားမှ ထွက်ကျလာတဲ့ ချစ်တယ်ဆိုတဲ့ စကားက မလေးနက်တော့ဘူးနော်...... ချစ်သူရော ဘယ်လိုထင်လဲ။ လူသားတိုင်း အချစ်နဲ့ ပတ်သက်လာရင် ရှောင်ကွင်းလို့မရဘူးတဲ့။ မှန်တယ်နော်...........။
  • ဒါပေမယ့်........ ချစ်တဲ့ သူရယ်.......
  • အမှားနဲ့ အမှန်ကိုတော့ ခွဲခြားတတ်ရမယ်။ မှားတာကို သိရက်နဲ့ မပြင်ရင်တော့ ဘယ်တော့မှ အမှန်ကို ရမှာမဟုတ်ဘူးနော်။ အမှန်ကိုလည်း အမှန်မဖြစ်အောင် ထိန်းသိမ်းတတ်ရမယ်။ ဒါမှ ချစ်သူလည်း စိတ်ချမ်းသာမယ်နော်။

ချစ်သူ

ချစ်သူရေ...........


  • ကမ္ဘာပေါ်မှာ ချစ်တယ်ဆိုတဲ့ စကားကို လူတိုင်းပြောနေကြတယ်နော်။ သီးချင်းတောင် ရှိသေးတယ် (အဖိုးကလဲ အဖွားကို ချစ်တယ် ချစ်တယ်တဲ့။ အဖေကလဲ အမေ့ကို ချစ်တယ်တဲ့။ သူကလဲ ကိုယ့်ကို ချစ်တယ်ပြောပါတယ်။ ) ကဲ မိုက်တယ်နော်။ သူတို့တွေက တကယ်ကော ချစ်ရဲ့လား ...........
  • ကဲ........ ချစ်သူရော .... ဘယ်လိုထင်လဲ
  • တကယ့်အချစ်စစ် အချစ်မှန်ဆိုတာ ရှိတော့ရှိပါတယ်။ ချစ်သူရယ် .......... ဒါပေမယ့် ရှားတယ်နော်။
  • ချစ်သူလည်း အချစ်စစ်နဲ့ ချစ်ခဲ့ရဲ့လား............

ချစ်သူ အတွက် 8

ချစ်သူရေ..........
  • လောကမှာ ပန်းတိုင်းမမွှေး၊ မွှေးတိုင်းပန်းမဟုတ်တဲ့။ ဟုတ်တယ် ချစ်သူရေ။ နှာခေါင်းနဲ့ အသက်ရှူတိုင်း လူမဟုတ်ဘူး။ ခြေနှစ်ချောင်းနဲ့ လက်နှစ်ဖက်ပါတိုင်းလဲ လူမဟုတ်ပါဘူးတဲ့။
  • အဲသလိုပါပဲ..........
  • ပန်းဆိုတာ လှပပြီး မွှေးမှသာ ပန်းပွင့်စစ်စစ် ဖြစ်မယ်ဆိုရင် ခူးတဲ့သူ၊ ပန်လိုတဲ့ သူ၊ ဘုရားကပ်လိုတဲ့ သူ၊ ၀ယ်လိုတဲ့ သူတွေပေါမှ မမှန်ပါပဲတဲ့။ အဲသလိုပါပဲ ချစ်သူရယ်.............
  • လောကမှာ လူတွေအများကြီးရှိပေမယ့်လည်း ပညာတတ်မပါ၊ ပညာမဲ့သူ၊ ချမ်းသာသူ၊ ဆင်းရဲသူ၊ ပြီးတော့ သြဇာအာဏာရှိသူ၊ သြဇာအာဏာကင်းမဲ့သူ၊ ဘုရင်။ မှူးမတ် မှ သူတောင်းစား....... စတဲ့ အမျိုးမျိုး ကွာဟမှုတွေ ရှိနေကြတယ်တဲ့.......။
  • ကဲ......... ချစ်သူရေ.........
  • ဘယ်သူတွေ ဘာပဲ ဖြစ်နေဖြစ်နေတော့.......
  • လူတစ်ယောက်ရဲ့ နောက်မှာ အခြားလူတွေ တော်တော်များများရှိနေပါသတဲ့......
  • သူ့ မိတ် သူ့အပေါင်းအသင်းအလိုက် အင်အားရှိတယ်ဆိုတဲ့ သဘောပါပဲ ချစ်သူရေ.......

ချစ်သူ အတွက် 7

ချစ်သူရေ.........
  • လောကမှာ အချစ်နဲ့ အမုန်း၊ အပြုံးနဲ့ အမဲ့၊ အထက်နဲ့အောက်၊ အရှေ့နဲ့အနောက်၊ တောင်နဲ့ မြောက်၊ ဖိုနဲ့ မတို့ရဲ့ ကြားမှာဖြစ်ပေါ် ပေါက်ဖွားလာတဲ့ အမှားအယွင်းကြောင့်ပဲ လူတွေဟာ အမှားကို အမှန်ဖြစ်အောင် ပြုပြင်ပြီး ကိုယ့်ဘ၀ကို ထိန်းကျောင်းခဲ့တယ်။ ကိုယ့်ကိုယ်ကို ပြန်လည်ပြုပြင်ခဲ့ကြတယ်။
  • ဒါပေမယ့် ချစ်သူရယ်..........
  • လောကမှာ .......... မမှားတဲ့ ရှေ့နေ။ မသေတဲ့ ဆေးသမား၊ သားသမီးကို မချစ်တဲ့ မိဘ၊ ဖြောင့်ဖြူးတဲ့လမ်းရယ်လို့မှ မရှိတာ.......... ဟုတ်တယ်နော်။
  • အဲဒီတော့ .. စိတ်နဲ့ တည်ဆောက်ထားတဲ့ လူသားတွေဖြစ်တာကြောင့် ဘယ်သူပဲဖြစ်ဖြစ်၊ အမှန်နဲ့  အမှားရဲ့ ကြားမှာ ရပ်နေကြတဲ့ လူချည်းပဲ............
  • ဒီတော့ ........... ချစ်သူရယ်
  • အဲဒီလူသားတွေထဲမှာ ချစ်သူအပါအ၀င်ပေါ့...နော်
  • အားလုံး အားလုံးမလိုလားတဲ့ သူတစ်ယောက်ရှိတယ်။ အဲဒီလူကတော့ ရန်သူပါပဲတဲ့။ ဟုတ်တယ် ချစ်သူရေ......... ရန်သူကင်းတဲ့ လူရယ်လို့ လောကမှာ မရှိပါဘူးတဲ့။ ဟုတ်တယ်မလား ......... ချစ်သူ။

ချစ်သူ အတွက် 6

ချစ်သူရေ........


  • လူသားတိုင်း အရွယ်ရောက်ပြီဆိုတာနဲ့ အိမ်ထောင်ပြုကြ၊ သားသမီးယူကြ၊ ဘ၀ကို ထူထောင်ကြ၊ အောင်မြင် မှုတွေ၊ ရယူလိုတဲ့ လူသားတွေချည်းပါပဲနော်။
  • အဲသလို အိမ်ထောင်ပြုတော့မယ်။ သားသမီးတွေ ယူတော့မယ်ဆိုရင် လူသားတွေနဲ့ ထိတွေ့ဆက်ဆံပြီး ပေါင်းသင်းကြရတော့မယ်။ အဲသလို ထိတွေ့ပေါင်းသင်းတဲ့အပေါင်းအသင်းတွေထဲမှာ အမျိုးမျိုးသော လူတွေ စိတ်အမျိုးမျိုးအထွေထွေနဲ့ လူသားတွေ ပါဝင်နေမှာ အမှန်ပဲ။
  • ဒီတော့........
  • ဖြူတာကို မည်းချင်းမည်းမယ်။ မည်းတာကို ဖြူချင်းဖြူမယ်။ မနာလိုတဲ့ လူရှိမယ်။ တကယ့်တကယ် ၀မ်းသာတဲ့ လူရှိမယ်။ ရေလိုက် ငါးလိုက်နဲ့ နေတဲ့သူရှိမယ်။ အချဉ်ကြိုက်အချဉ်ကျွေးချင် ကျွေးကြမယ်။ အချိုကြိုက် အချိုပေးချင်ပေးကြမယ်.........
  • ဒါပေမယ့်..... ချစ်သူရေ........
  • အိမ်ထောင်မကျခင်က ဖွင့်ထားတဲ့ မျက်လုံးအစုံကိုတော့ အိမ်ထောင်ကျပြီးတာနဲ့ တစ်ဖက်ပိတ်ပစ် ထားပါတဲ့
  • ဒါမှ ...............

5

ချစ်သူရေ...........


  • မရေရာတဲ့ အရာကို ရေရာသလိုလိုမျိုး.....
  • မသိတဲ့ အရာကို သိသလိုလိုမျိုး........
  • နားမလည်တာကို နားလည်သလိုလိုမျိုး.........
  • မတတ်တာကို တတ်သလိုလိုမျိုး.........
  • မရှိတာကို ပြည့်ဝသလိုလိုမျိုး........
  • အဲသလို..... လိုလိုပဲဆိုတဲ့ လူသားတွေ လောကမှာ အများကြီးပါပဲ ချစ်တဲ့သူ။ အဲဒီ လိုလိုဆိုတဲ့ လူသားတွေရဲ့ ခန္ဒာကိုယ်ထဲမှာ ဟန်ဆောင်မှုတွေ အများကြီးရှိနေတယ်။ ပြီးတော့ အဲဒီလို လူစားမျိုးတွေ မေ့နေတာက အဲဒီလူအတွက် အန္တရာယ်တွေ အများကြီးရှိနေတယ်။ နောက်ကျောကို ဓားနဲ့ အထိုးခံ၇တော့မယ်ဆိုတာကိုတော့ ...........အဲဒီလူ မသိဘူး။
  • တကယ်တော့.......... ချစ်သူရေ.......
  • မသိတာကို မသိသေးဘူး....... မသိဘူးလို့ ရဲရဲတင်းတင်းဝန်ခံလိုက်စမ်းပါ။ အဲဒီလူ..... သိလာပါလိမ့်မယ်။ သအောင်လည်း သိတဲ့လူက လမ်းညွှန်ပြပေးပါလိမ့်မယ်........
  • မညာပါနဲ့ .............လိုလို မလုပ်ပါနဲ့..............
  • ချစ်တဲ့သူလဲ အဲလို မလုပ်နဲ့နော်..........

4

ချစ်သူရေ......
  • လောကမှာ လူတွေကို မခင်မင်လို့မရဘူး။ မိတ်ဆွေအဖြစ် မပေါင်းသင်းလို့မရဘူး။ ခင်ခင် မင်မင်နဲ့ ခေါ်ရ ပြောရ၊ တစ်ဦးနဲ့တစ်ဦး အကူအညီယူကြရတယ်လေ။ ချစ်သူကတော့ စစ်မှန်တဲ့ မိတ်ဆွေကိုရှာပြီး ပေါင်းသင်းချင်မှာ ပဲလေ.........
  • ဒါပေမယ့် ......... ချစ်သူရယ်
  • အတုတွေ အများကြီးပါ။ ပြုံးသလိုလိုနဲ့ ရင်ထဲက ငိုနေတာတွေ၊ အလိုလိုက်သလိုလိုနဲ့ ရင်ထဲ ခံပြင်းနေ တာတွေ၊ ကြည့်ဖြူသလိုလိုနဲ့ ရင်ထဲ ဒေါသဖြစ်နေတဲ့လူတွေ........
  • အဲဒီလူတွေရှိတယ်။ ပြောရရင်....... မိတ်ဆွေ အတုတွေပေါ့။ အဲသလို မိတ်ဆွေတွေကို ဝေးဝေးက ရှောင်ပါ။ ချစ်သူက ဝေးဝေးရှောင်လေ အဲဒီလူရဲ့ ရင်ထဲ ခံစားရလေပါ။ ဒါပေမယ့် ကိုယ့်ကို ဓားနဲ့ထိုးသတ်မယ့်လူကို ချစ်သူကျောပိုးထားရင်တော့ ချစ်သူတရားခံပဲပေါ့...............
  • တကယ်တော့......
  • အပြောချိုချိုနဲ့............. အပြုံးမြမြပြုံးပြီး ...........လိုလားဟန်ပြနေတဲ့ လူရဲ့ မျက်လုံးတွေက စကားပြောတတ်ကြတယ်။
  • ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ မနာလိုစိတ်က မျက်လုံးတွေကို ထင်ဟက်နေစမြဲပဲ မဟုတ်လား..........

3

ချစ်သူရေ
လူတွေမှာ မာန်တွေ၊ မာနတွေ၊ အတ္တတွေ၊ အ၀ိဇ္ဖာတွေ၊ ငါမှငါသိ၊ ငါမှငါတတ်၊ ငါမှ သူများထက်သာဆိုတဲ့ လူတွေရှိတတ်တယ်။ အဲဒီလို လူမျိုးတွေက ချစ်သူကို လာပြီး ပြိုင်မယ်ဆိုရင်၊ ချစ်သူလုပ်နေတဲ့ အလုပ်ကို ရေငုံနှုတ်ပိတ်နေပစ်လိုက်ပါ။ အဲချစ်သူက သန့်သန့်နဲ့ ချစ်သူလုပ်နေတာတွေ ခရေစေ့တွင်းကျသွားပြီး ပြောလိုက်ရင်တော့
ချစ်သူကိ ပြိုင်တဲ့လူရဲ့ ပါးစပ်က ထွက်လာမယ့်စကားတွေက ပန်းပွင့်တွေမဖြစ်နိုင်ဘူး။ လေပြေ လေညှင်းတွေ မဖြစ်နိုင်ဘူး။ အေးမြတဲ့ နှင်းစက်တွေ မဖြစ်နိုင်ဘူး။ ကြည်နှုးစရာ အရယ်အပြုံးတွေစကားတွေ မဖြစ်နိုင်ဘူး
အဲဒီလူရဲ့ နှုတ်က ထွက်လာမယ့် စကားတွေဟာ မာရ်နတ်စစ်သည်တွေရဲ့ အသံထက်ကြောက်စရာကောင်းတဲ့ စကား၊ သေမင်းရဲ့ ရယ်သံလို ကြောက်စရာစကားတွေပဲ ထွက်လာလိမ့်မယ်....
ဘာပြုလို့လဲဆိုရင်
အဲဒီလူဟာ ချစ်သူကို အမြဲတန်းပြိုင်ပြီး ချစ်သူကို အမြဲတန်းရန်ပြုနေလို့ပါပဲ။
ချစ်သူအပေါ်ထားတဲ့ မနာလိုစိတ်တွေဟာ၊ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားစွာ ပြပါလိမ့်မယ်။ ချစ်သူရေ
သတိထားနော် ။

2

ချစ်သူရေ ..............
  • လောကမှာ လူအချင်းချင်းနားလည်ခွင့်လွှတ်မှုတွေနဲ့ အမြင်အချင်းချင်း အတွေးအချင်းချင်း ဖလှယ်ကြရမယ်။ စာဖတ်တဲ့လူ ပြီးတော့ အဲဒီစာဖတ်တဲ့လူ ကိုယ်တိုင်က အသိအမြင် အတွေးတွေကို ဖြန့်ကျက်ထားတဲ့ လူဆိုရင်း အဲံဒီလူဟာ စာမဖတ်တဲ့ လူထက် အမြင်အသိပိုမယ်။
  • တစ်ဖက်လူက အသိအမြင်အနည်းငယ်ပဲရှိမယ်ဆိုရင်တော့ စာဖတ်တဲ့လူကို ဆရာတင်ပြီး အမြင်ချင်း ဖလှယ်ကြရလိမ့်မယ်။
  • ဒါဆိုရင် ..... စာမဖတ်တဲ့ လူရဲ့ အသိထဲမှာ ရင့်ကျက်တဲ့ အသိအမြင်တွေကို စာဖတ်တဲ့ လူဆီက ရရှိသွားလိမ့်မယ်.........
  • ချစ်သူရေ..... အသိအမြင်ကျယ်အောင်........ အမြင်အသိကြွယ်အောင်........ စာတွေ များများဖတ်ပါနော်.........။

1

ချစ်သူရေ...........
လောကမှာ အရာရာကို ပေးဆပ်ရဲတဲ့ လူဆိုတာ၊ အဲဒီလူရဲ့ အစွမ်းသတ္တိအတိမ်အနက်အပေါ်မူတည်ပြီး ဖြစ်ပေါ်လာတဲ့ အောင်မြင်မှုတစ်ခုပါပဲ၊ အဲဒီလိုပါပဲ........ လူသားတွေရဲ့ အနီးမှာရှိတဲ့ လူသားတိုင်းအရာရာကို ပေးဆပ်ရဲတဲ့သူတွေ ရှိနေကြတယ်။
သူတို့က မိဘနှစ်ပါးဖြစ်ပြီး၊ သားသမီးတွေအတွက်ဆိုရင် ပင်လယ်ရေကို ခမ်းခြောက်အောင်ပြုပေးပါဆိုရင် ပြုပေးကြမှာဖြစ်ပြီး သူတို့အတွက် သားသမီးတွေက ရေတစ်ခွက်တိုက်ပါဆိုရင် လက်နှေးနေကြမှာ အမှန်ပါပဲ.....
တကယ်တော့......
အဖေနဲ့ အမေဆိုတာ ကမ္ဘာကြီးကို ကျားကန်ပေးထားတဲ့ မာကျောတဲ့ ကျောက်တိုင်တွေပဲဖြစ်တယ်။ အများကြီးရှိတာတယ်။
ချစ်သူမှတ်ထားနော်......
ဒါဆိုရင် .........
မိဘမေတ္တာဆိုတာ နားလည်ပြီလေ...........

12 November 2009

******** အပြန်အလှန်-ပေးစာ(သားနဲ့မိဘ) *****

အဖေနဲ့ အမေ ခင်ဗျား ... ကျန်းခံ့သာလို့ မာပါစ။
ဒီမှာတော့ ကျောင်းရောက်တဲ့ ပထမတစ်လလုံးလုံး ဘာစာမှ မသင်ရပါဘူး။
စာသင်ခန်းတွေဆီမှ မသွားဖြစ်လို့၊၊ သွားဖြစ်တဲ့ တစ်ရက်ကလည်း ညဘက်
ဖြစ်နေတယ်။ အဲဒီညက မီးမလာဘူး။ ပြီးတော့ ဆရာလည်း မလာဘူး။


စာသင်တဲ့ တစ်နေ့မှာကျတော့ ဆရာက အတန်းထဲမှာ ပြောတယ်၊ `ဒီအခန်းထဲမှာ
နလပိန်းတုံးရှိရင် မတ်တတ်ရပ်စမ်းဟေ့´တဲ့။ သားတို့ တစ်တန်းလုံးငြိမ်ပြီး
ဘယ်သူမှ မလှုပ်ကြဘူး။ ဒါနဲ့ ခဏနေတော့ သား မတ်တတ်ရပ်လိုက်တယ်။ အခန်းထဲမှာ
ဆရာတစ်ယောက်တည်း ရပ်နေတာကို အားနာလို့။


ကောလိပ်ကျောင်းသားဆိုပြီး ဘောင်းဘီနဲ့ ရှူးဖိနပ်နဲ့ ကျောင်းတက်လို့
မရပါဘူးဗျာ။ သချာင်္တွက်ချိန်ကျလို့ ဆယ်ဂဏန်းကျော်သွားရင် ရှူးဖိနပ်ကို
ချွတ်ပစ်နေရတာ အလုပ်ရှုပ်လွန်းလို့။


ကောလိပ်ကျောင်းမှာ ကျောင်းသူလေးတွေ ချောတယ်။ အဖေတို့ အမေတို့အတွက်
ချွေးမလောင်းကိုရွေးပြီး ရည်းစားစာတစ်စောင် အင်္ဂလိပ်လိုရေးပြီး
ပေးလိုက်တယ်။ သားကို အင်္ဂလိပ်လို တက်လှပြီမထင်နဲ့။ သားမရေးတတ် ပါဘူး။
ဒါပေမယ့် ကိစ္စမရှိဘူး။ ကောင်မလေးကလည်း အင်္ဂလိပ်လို မဖတ်တတ်ဘူး။


စာရေးတာ နားဦးမယ်။ သား သိပ်နေမကောင်းဘူး။ ဟိုတစ်ပတ်က ဆရာက `မင်းတို့
အပြင်စာတွေ များများ ဖတ်ရမယ်´ဆိုတာနဲ့ ညဘက်အပြင်ထွက်ပြီး စာဖတ်တာ
အအေးမိသွားတယ်။ နေမကောင်းဖြစ်လိုက်တာ ပိန်သွားလို့ ရွာကယူလာတဲ့
ဦးထုပ်တောင် မတော်တော့ဘူး။ အဲဒါ နောက်စေ့ကို တူနဲ့ ထုထားရတယ်။ ဒီတော့မှ
နောက်စေ့မှာ ဘုထွက်ပြီး ဦးထုပ်က ကျွတ်မကျတော့ဘူးပေါ့။


ပြီးတော့ မနက်ဖြန်မှာ သားတို့ကို Blood Test စစ်မယ်ဆိုလို့ ဒီည တစ်ညလုံး
စာကြည့်ရဦးမယ်။



၂။ ကောလိပ်ကျောင်းရှိ သားထံ အမေ့ပေးစာ

ချစ်စွာသောသား....
အမေ အသက်ရှင်နေဆဲပဲ ရှိသေးတယ်ဆိုတာ သားသိရအောင် စာလှမ်းရေးလိုက်တာပါ။
မင်း စာမြန်မြန် မဖတ်နိုင်မှန်းသိလို့ အမေ ဒီစာကို ဖြည်းဖြည်းပဲ
ရေးလိုက်တယ်။
မင်း အိမ်ပြန်လာရင် အိမ်ဘယ်မှာမှန်းသိမှာ မဟုတ်ဘူး။ အမေတို့ ပြောင်းသွားကြပြီ။
မင်းအဖေလား။ အခု အလုပ်ကောင်းကောင်း တစ်ခုရနေပြီ။ သူ့အောက်မှာ လူ ၅၀၀
လောက်ရှိတယ်။ သချိုင်းမှာ မြက်ရိပ်နေရတယ်လေ။
အခု အမေတို့အိမ်အသစ်မှာ အ၀တ်လျှော်စက်တစ်လုံးရှိတယ်။ သိပ်တော့
မကောင်းလှပါဘူး။ ပြီးခဲ့တဲ့ အပတ်က အမေအဲဒီထဲ ရှပ်အကျီ ၁၄ထည် ထည့်တယ်။
ပြီး ခလုပ်နှိပ်လိုက်တာ အဲဒီအကျီတွေကို အဲဒီကတည်းက ပြန်မတွေ့ရတော့ပါဘူး။
သားအမ မမရီလည်း ဒီနေ့မနက်ပဲ ကလေးမွေးတယ်။ သားလေးလား၊ သမီးလေးလားတော့ အမေ
မသိသေးဘူး။ အဲဒီတော့ မင်းက အန်တီဖြစ်မလား၊ အန်ကယ်လ်ဖြစ်မလား အမေလည်း
မပြောတတ်ဘူး။
ပြီးခဲ့တဲ့အပတ်ထဲမှာ မင်းရဲ့ အန်ကယ်ချစ်လည်း တို့မြို့က
အရက်ချက်စက်ရုံမှာ ၀ီစကီကန်ထဲ ကျပြီးနစ်လို့ သူ့လုပ်ဖော်ကိုင်ဖက်အချို့က
ခုန်ဆင်းပြီးကယ်ကြသေးတယ်။ ဒါပေမယ့် သူက ကယ်တဲ့သူအားလုံးကို သတ္တိရှိရှိ
တွန်းလှန်နိုင်ခဲ့တယ်။ သူ့ကို သဂြိုဟ်တော့ အဲဒီမီးကို ငြိမ်းရတာ ၃
ရက်ကြာတယ်။
ပြီးခဲ့တဲ့အပတ်က မိုး ၂ ခါရွာတယ်။ တစ်ခါက ၃ ရက်ကြာပြီး နောက်တစ်ခါက ၎
ရက်ကြာတယ်။ တနင်္လာနေ့တုန်းကများ လေတွေတိုက်လိုက်တာ ခြံထဲက ကြက်မတစ်ကောင်ဟာ
ကြက်ဥတစ်လုံးတည်းကို လေးခါ ဥရတယ်။
အသုဘအလောင်းပြင်ဆင်ပေးတဲ့ အိမ်က စာတစ်စောင်မနေ့က ရတယ်။ သူက
အမေတို့ပေးစရာရှိတဲ့ ကြွေးကျန်ကို ၇ ရက်အတွင်း မပေးရင် မင်းဘွားအေကြီးကို
ပြန်ထအောင် လုပ်လိုက်မယ်တဲ့။
ချစ်တဲ့ အမေ
P.S : အမေ သားအတွက် ငွေ၅ထောင်-ထည့်ပို့မလို့ပဲ။ ဒါပေမယ့် စာအိတ်က ပိတ်ပြီးသွားပြီ။
ပြုံးပျော်နိုင်ပါစေ..။




ပျော်ရွှင်ပါစေ...
၁။ ကောလိပ်ကျောင်းရောက် သားထံမှ မိဘများသို့ ပေးစာ

********** မေးထဲကပါ ********

***** နဖူးစာ ဆိုတာ ဘာလဲ..****

သူငယ်ချင်းတို့ရေ...


ဟိုးရှေးရှေးတုန်းက.....
အိန္ဒိယနိုင်ငံက ရှေးလူကြီးတွေဟာ သူတို့ သားသမီးတွေ မွေးလာတာနဲ့ သူတို့သိကျွမ်းရင်နှီးတဲ့ မိတ်ဆွေတွေထဲက
သားသမီးတွေနဲ့ အိမ်ထောင်ချပေးဖို့ သဘောတူတတ်ကြသတဲ့..။ ဒီတော့ သူတို့တွေဟာ နှစ်ဦးနှစ်ဖက် သဘောတူ
ညီမှု ရခဲ့ပြီဆိုရင် သူတို့သားသမီးတွေရဲ့ နဖူးပေါ်မှာ သူတို့ သဘောတူထားတဲ့ သူတို့ မိတ်ဆွေရဲ့ သားသမီး အမည်
ကို ဆေးမှင်နဲ့ ရေးထားလိုက်ကြသတဲ့...။

ဒီလိုနဲ့ ဒီကောင်လေး ကောင်မလေးတွေဟာ ကြီးလာတော့ သူတို့နဖူးမှာရေးထားတဲ့ သူနဲ့ အိမ်ထောင်ပြုကြရသတဲ့..။
ဒါပေမဲ့ နောင်အခါ ခေတ်ကာလအရ နေရာဒေသတွေ ရွေ့ပြောင်းကြရတော့ နေရပ်ဒေသတွေဟာ တစ်နေရာထဲမှာ နေကြတာ
မဟုတ်တော့ နဖူးမှာ နာမည်ရေးထားတဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို တွေ့ကြရဖို့ ကောင်လေး ၊ ကောင်မလေးတွေဟာ နေရာအနှံ
ရှာဖွေ လက်ထပ်ကြရသတဲ့..။ ဒါကို နဖူးစာ ရွာလည်တယ်လို့ခေါ်တယ်လေ..။
နဖူးစာ ရွာလည်ပြီး နဖူးမှာ ကိုယ့်နာမည်ပါတဲ့ ချစ်သူကို တွေ့ကြရလို့ သူတို့ အိမ်ထောင်ပြုကြတဲ့ အခါမှာ ကိုယ့်နာမည်
ပါတဲ့ နဖူးလေးကို အမှတ်တရ နမ်းတတ်ကြသတဲ့..။ ငါ့ချစ်သူကို ငါရှာတွေ့ပြီ ဆိုတဲ့ သဘောနဲ့ လက်ထပ်တဲ့အခါမှာ ကိုယ့်နာမည်
ပါတဲ့ နဖူးလေးကို နမ်းတာဟာ ဒီနေ့ အထိ အမှတ်တရ ဖြစ်နေဆဲပါ...။
ဒီအချိန်မှာ ကိုယ့်သားသမီးကို ဘယ်မိတ်ဆွေ သားသမီးနဲ့မှ လက်ထပ်ဖို့ သဘောတူညီမှု မရတဲ့သူတွေဟာ သူတို့ရဲ့
သားသမီးတွေရဲ့ နဖူးမှာ ဘာနာမည်မှ ရေးမပေးနိုင်ကြဘူးတဲ့..။ ဒီလိုပဲ သူတို့တွေဟာ အပျိုကြီး ၊ လူပျိုကြီးတွေ ဖြစ်လာကြတယ်..။
တချို့ကျတော့ နဖူးမှာ နာမည်တွေ အများကြီးပါတတ်ကြတယ်..။ သူတို့တွေက အိမ်ထောင်ဆက်တွေ များကြပြန်ရော..။
သူတို့ကျတော့ ခြွင်းချက်ဆိုပါတော့လေ..။
ဟော.....
ပန်းကလေး ဒီလိုပြောနေလို့ ငါ့နဖူးမှာ ဘာနာမည်ပါလဲ ဆိုပြီး အခုထပြီး မှန်ထဲမှာ ပြူးပြဲကြည့်ချင်နေပါသလား သူငယ်ချင်း..။
ကြည့်သင့်ပါတယ်လေ..။
ပြီးတော့ နာမည်တစ်ခုကိုလည်း တွေ့အောင်ရှာကြည့်ပါဦး..။
ဒီနာမည်ဟာ သူငယ်ချင်း ချစ်သူပါပဲ..။
သူ့နဖူးလေးမှာလည်း ရှာကြည့်ပါ..။
သူငယ်ချင်းနာမည်ကို တွေ့ရမှာပါ...။
ပြီးရင် ကိုယ့်နာမည်ပါတဲ့ နဖူးလေးကို နမ်းဖို့ကိုလဲ မမေ့ပါနဲ့ဦး....။

အင်း.....
ဒီလောက်ပြူးပြဲရှာနေတာတောင်မှ သူငယ်ချင်း နဖူးမှာ ဘာနာမည်မှ မတွေ့ဘူးဆိုရင်တော့ ပန်းကလေး စိတ်မကောင်းပါဘူး...။
သူငယ်ချင်းဟာ အပျိုကြီး ၊ လူပျိုကြီး ဖြစ်တော့မယ်..။ ဒါတော့ ပန်းကလေးလည်း မတတ်နိုင်ဘူးနော် ... ဟိဟိ (မရည်ရွယ်ဘူးနော်)

အဲ.......
သူများကိုသာ ပြောနေတာ သတိရလို့ ပန်းကလေးက ကိုယ့်ဖာသာကိုယ် နဖူးကို မှန်ထဲ ပြန်ကြည့်လိုက်တော့... နာမည်လေးတစ်ခု
ပန်းကလေး နဖူးမှာ တွေ့ရတယ်ရှင့် ...။ ဘာလဲ ........ စိတ်ဝင်းစားသွားလား။ ဘယ်သူဖြစ်မလဲ ........ ဟိဟိ အဲဒါနဲ့ သေချာဖတ်ကြည့်လိုက်တော့........
........

“ ----------------------” တဲ့...။

(မှတ်ချက်။ ။ ဟိန္ဒူကျမ်းမှ အချက်အလက်တချို့ကို ဆင့်ပွားရေးထားတာပါ..။)

အချစ်ဆိုတာ

အချစ်ဆိုတာ - အချစ်ပါပဲ
ဝေးနေလည် - အချစ်ပဲ
နီးနေလည်း - အချစ်ပဲ
ချစ်တယ်လို့ပြောလည်း - အချစ်ပဲ
သူရှိနေလည်း - အချစ်ပဲ
သူးထားသွားလည်း - အချစ်ပဲ
အချစ်ဆိုတာတော့ - အချစ်ပါပဲ
ချစ်နေဖို့ပဲ လိုတယ်နော်။

**** လူတိုင်း ချစ်နိုင်ပါစေ *****

2 November 2009

* * နှိမ့်ချပါ။ မနိမ့်ကျစေနဲ့ * *

  • ဘ၀င်မြင့်၊ မာန်မာနထောင်လွှားရင် လူမုန်းများတယ်။ နှိမ့်ချရင် လူမုန်းမရှိဘူး။ အထင်ကြီးမခံချင်လို့ နှိမ့်ချရင် လူတွေက ပိုအထင်ကြီးတယ်။ နှိမ့်ချတယ်ဆိုတာ ပညာကြီးမြင့်သူ၊ စိတ်သဘောထားကြီးမြတ်သူမှ လုပ်နိုင်တာ။ နှိမ့်ချခြင်းဖြင့် ကြီးမြင့်ပါစေ။ ဒါမေပဲ့ နှိမ့်ချတာနဲ့ နိမ့်ကျတာ မတူဘူး။

* *လုပ်သင့်တဲ့ အလုပ်နဲ့ မလုပ်သင်တဲ့ အုလပ် * *

  • သူရောကိုယ်ပါ အကျိုးရှိတဲ့ လုပ်ငန်းမျိုးလုပ်။ ကိုယ်အကျိုးရှိ သူအကျိုးယုတ် မလုပ်နဲ့။ လူမုန်းတယ်။ အဲဒါမျိုး များများလုပ်လို့ လူမုန်းများရင် ကိုယ်ကျိုးယုတ်ပြီး ဒုက္ခရောက်တတ်တယ်။

* * * မဲ့ကာ ရွဲကာမပြောနဲ့ * * *

  • မဲ့ကာရွဲ့ကာပြောရင် အလှပျက်တယ်။ ဥပဓိရုပ်ပျက်တယ်။ ယောက်ျားမှာ မဲ့ကာရွဲ့ကာပြောသူနည်းပါတယ်။ မိန်းမသားတွေက ပိုများတယ်။ မဲ့ကာရွဲ့ကာပြောရင် ကြည့်မြင်ရတာ အရုပ်ဆိုးတယ်။ မှန်ထဲမှာ ကြည့်ပြီး ပြောကြည့်ပါ။ အလွန်လှတဲ့ မိန်းခလေးတောင် မဲ့ကာရွဲ့ကာပြောရင် အလှပျက်တယ်။ အကျည်းတန်သွားတယ်။ နှမျောစရာ၊ သနားစရာ ..... “မိဘ၊ အဒေါ်၊ အစ်မတို့ပြုပြင်မပေးကြလေခြင်း” လို့ စိတ်မကောင်းဖြစ်ရတယ်။ မဲ့ကာရွဲ့ကာပြောခြင်းဟာ စိတ်ရင်းမကောင်းတာကို အခြေခံတယ်။ မဲ့ကာရွဲ့ကာပြောခြင်းကြောင့် အလှမပျက်စေနဲ့။ စိတ်ကောင်းရှိအောင် ပြုပြင်ပါ။

* * နှလုံးသားကို အလှပြင်ပါ * *

  • လူတွေဟာ ရုပ်ကို အလှပြင်သလို နှလုံးသားကိုလဲ အလှပြင်ဖို့လိုပါတယ်။ မိန်းကလေးတစ်ယောက်ဟာ ဆံပင်ကို အလှပြင်တယ်။ မျက်နှာကိုလဲ အလှပြင်တယ်။ တစ်ကိုယ်လုံးကိုလဲ လှပအောင် ၀တ်ဆင်ထားတယ်။ ဒါပေမယ့် စိတ်ထားက မကောင်းဘူး။ ဒေါသမာနတွေနဲ့ ပူနေတယ်။ မနာလို ၀န်တိုစိတ်များတယ်။ ကောက်ကျစ်တယ်။ ရက်စက်ရိုင်းစိုင်းတယ်။ စိတ်ထားကောင်းနဲ့ နှလုံးသားကို အလှမပြင်ဘူး။
  • နောက်တစ်ယောက်ကတော့ ရုပ်သိပ်မလှ ရွက်ကြမ်း ရေချို။ အ၀တ်မဆင်မပြုမပြင်ကလဲ သာမာန်ပဲ။ ဒါပေမယ့် စိတ်ထားကောင်းတယ်။ သူများကို မေတ္တာစေတနာထားတယ်။ ကူညီစောင့်ရှောက်တယ်။ စိတ်ထားကောင်းတော့ နှလုံးသားက လှနေတယ်။
  • အများအမြင်မှာ ဒုတိယမိန်းကလေးက အေးချမ်းကြည်လင်ရှုခြဖွယ်၊ တင့်တယ်လှပနေပါလိမ့်မယ်။ အများအမြင်လှချင်ရင် နှလုံးသားကို အလှပြင်ပါ။

* ဥပဓိရုပ်တင့်ပါစေ *

  • တချို့က ရုပ်လှတယ်။ ဥပဓိရုပ်မကောင်းဘူး။ တချို့က ရုပ်မလှပေမဲ့ ဥပဓိရုပ်ကောင်းတယ်။ တချို့က ရုပ်လဲလှ၊ ဥပဓိရုပ်လည်းကောင်းတယ်။ တချို့က ရုပ်လဲ မလှ၊ ဥပဓိရုပ်လည်း မကောင်းဘူး။
  • ဥပဓိရုပ်ကောင်းတာဟာ ရုပ်လှတာထက်ပိုပြီး တန်ဘိုးကြီးတယ်။ ဥပဓိရုပ်ဟာ လူရဲ့စိတ်ထားနဲ့ ဆိုင်တယ်။ စိတ်ကောင်းရှိရင် ဥပဓိရုပ်ကောင်းတယ်။ စိတ်ကောင်းမရှိရင် ဥပဓိရုပ်မကောင်းဘူး။ စိတ်ကောင်းရှိခြင်းဖြင့် ဥပဓိရုပ် တင့်ပါစေ .....

****** ပန်းကလေးက ဆုတောင်းလိုက်တယ်နော် *************

* စိတ်ကောင်းရှိပါ *

  • လူုတစ်ယောက်ရဲ့ ဘ၀မှာ ... စိတ်ကောင်းရှိဖို့ အရေးကြီးဆုံးပါပဲ။ ပညာရှာ၊ စီးပွားရှာ၊ လုပ်ငန်းလုပ်ရာ၊ ပေါင်းသင်းရာ ကိစ္စတိုင်းမှာ စိတ်ကောင်းရှိဖို့လိုပါတယ်။ စိတ်ကောင်းရှိခြင်းဟာ လူတစ်ယောက်အတွက် အကောင်းဆုံးဂုဏ်ပါပဲ။
  • စိတ်ကောင်းရှိချင်ရင် အကောင်းတဲ့စိတ်ထားတွေ ရှောင်ရမယ်။ ဒေါသမာနကြီးလွန်းတာ၊ ရန်ညှိုးထားတာ မနာလိုဝန်တိုတာ၊ လိမ်ညာလှည့်စားတာ၊ ယုတ်မာရက်စက်တာ၊ နှိပ်စက်ညှဉ်းပမ်းတာ၊ အနိုင်ကျင့်တာ၊ မတရားပြုတာတွေဟာ မကောင်းတဲ့စိတ်ထားတွေဖြစ်တယ်။ အဲဒီ မကောင်းတဲ့စိတ်တွေ ကိုယ့်မှာရှိနေရင် စိတ်ရ့င်းမကောင်းတဲ့ လူပဲ။ လူယုတ်မာ၊ လူညံ့၊ လူဆိုးဖြစ်ပြီး အကျည်းတန်ပြီ။ လူတိုင်း စက်ဆုပ်ရွံမုန်းကြ မယ်။ မကောင်းတဲ့ စိတ်တွေကိုယ်သန္တာန်မှာမရှိအောင် ဆင်ခြင်ပါ။ ဖြစ်နိုင်သမျှ နည်းအောင်၊ ကင်းအောင် ရှောင်ရမယ်။
  • ကောင်းတဲ့စိတ်ထားဖြစ်တဲ့ သူတစ်ပါးကို မေတ္တာထားခြင်း၊ ကြင်နာခြင်း၊ ကူညီစောင့်ရှောက်ခြင်း၊ ကယ်တင်ခြင်း၊ ကိုယ်ချင်းစာခြင်း၊ တရားမျှတခြင်း၊ သူတပါးအောင်မြင်ချမ်းသာရင် ၀မ်းသာဂုဏ်ပြုတတ်ခြင်း ဆိုတာတွေဟာ ကောင်းမြတ်တဲ့ စိတ်ထားတွေဖြစ်တယ်။
  • မကောင်းတဲ့ စိတ်တွေရှောင်ပြီး ကောင်းတဲ့စိတ်တွေ ဆောင်ခြင်းဖြင့် လူတိုင်းချစ်ခင်နှစ်သက်တဲ့ စိတ်ကောင်းရှိသူ ဖြစ်ပါစေ ...........
* ** သူငယ်ချင်းတို့လဲ စိတ်ကောင်းလေးထားပေးနော် * ** ** *

1 November 2009

* စာဖတ်ခြင်းဖြင့် အသိမမြင်ကျယ်ပါစေ *

* * * ပြတင်းပေါက်ကို ဖွင့်ထားပါ ............ * * *
  • စာမတတ်သူက ပြတင်းပေါက်မပါတဲ့ အိမ်နဲ့တူတယ်တဲ့။ အလင်းမ၀င်၊ လေကောင်းမရ။ စာတတ်ပြီး စာမဖတ်သူက ပြတင်းပေါက်ပါပြီး ပြင်တင်းပေါက်မဖွင့်ဘဲ ပိတ်ထားတဲ့အိမ်နဲ့ တူတယ်တဲ့။ အလင်းမ၀င် လေကောင်းမရတာ အတူတူပါပဲ။
  • စာလဲတတ် စာလဲဖတ်သူကတော့ ပြတင်းပေါက်ရှိပြီး ပြတင်းပေါက်ကို ဖွင့်ထားတဲ့အိမ်မှာ အလင်းရောင်နဲ့ လေကောင်းရသလို အသိအမြင်ပညာ လင်းရတယ်။ စာနည်းနည်းဖတ်ရင် အသိအမြင် နည်းနည်းကျယ်တယ်။ စာအများကြီးဖတ်ရင် အသိအမြင် အများကြီးကျယ်တယ်။

* * အခွင့်သာတိုင်း စာဖတ်ပါ...... * *
  • တိုးတတ်တဲ့လူတွေက အချိန်ကိုအကျိုးမဲ့ အကုန်မခံဘူး။ ရထားစောင့်ရင်း၊ ကားစောင့်ရင်း စာဖတ်တယ်။ သင်္ဘောစီးရင်း စာဖတ်တယ်။ အစည်းအဝေးမစသေးရင် စာဖတ်တယ်။ သွားလေရာလက်ဆွဲအိတ်ထဲမှာ စာအုပ်၊ စာစောင်ပါတယ်။ အခွင့်သင့်တာနဲ့ စာဖတ်တယ်။ သွားရင်လာရင်း၊ နေရင်းထိုင်ရင်း အသိပညာတိုးနေတယ်။ တော်သူတွေ တော်သည်ထက်တော်အောင် ကြိုးစားနေကြတယ်။

* * စာဖတ်ခြင်းဖြင့် မြှုင့်တင်ပါ . . .. .. . * *

  • ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ၊ ဘယ်နေရာဖြစ်ဖြစ် ရွာသိမ်ရွာငယ်လေးရဲ့ အစွန်အဖျား တဲအိမ်လေးမှာ ဖြစ်ပါစေ စာအများကြီး ဖတ်ရင် နောက်ကျမကျန်ဖူး။ ကမ္ဘာနဲ့အညီ ခေတ်မီတိုးတတ်နေပါလိမ့်မယ်။ စာဖတ်ခြင်းဖြင့် မိမိကိုယ့်ကို မြှင့်တင်ပါ။

* * စာများများဖတ်ပါ......... * *

  • စာဖတ်တာကို အကျင့်ပါနေအောင်လုပ်ပါ။ အခွင့်သာတိုင်း စာဖတ်ပါ။ စာအများကြီးဖတ်ပြီး ပညာကြီးမြင့်ပါစေ။ လူတော်လူကောင်းဖြစ်ပြီ ဘ၀အောင်မြင်တိုးတတ်ပါစေ။

* * ဟာသအတွေးလေးများ * *

“ရထားဖြတ်သွားတိုင်း ကျွန်မတို့ အိမ်က ကုတင်က လှုပ်နေတတ်တယ်” ဟု အမျိုးသမီး တစ်ဦးက အိပ်ရာကုတင်
ရောင်းသော လူကိုဖုန်းဆက်သည်။ ထိုလူလာရောက် စစ်ဆေးသောအခါ ထိုလူအား ကုတင်ပေါ်တွင် လှဲလှောင်းစေ
ပြီး ရထားလာချိန်တွင် ကုတင်လှုပ် မလှုပ် ကိုယ်တွေစမ်းသပ်ခိုင်းသည်။ ထိုလူကုတင်ပေါ်လှဲအချတွင် အမျိုးသမီး၏
ယောက်ကျားပြန်အလာနှင့် တိုးသည်။
“ကျုပ်မိန်းမ ကုတင်ပေါ်မှာ ခင်ဗျားဘာလုပ်နေသလဲ” ဟု မေးရာ ထိုလူက
“ကျွန်တော် ရထားစောင့်နေတယ်လို့ ပြောရင် ခင်ဗျားယုံမလား” ဟု ပြန်ဖြေသည်။

အမှန်ပြောသော စကားအချို့သည် လိမ်နေသည်နှင့် တူပြီး လိမ်ပြောသော စကားအချို့သည် သံသယမရှိ ယုံကြည်
စေတတ်သည်။

(၂)
တစ်ခါက အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရထားပေါ်တွင် ဆုံကြသည်။ အမျိုးသမီးက အမျိုးသားအား
မြူဆွယ်ချင်သောကြောင့် သူမ အလွန်ချမ်းကြောင်း ပြောသည်။ အမျိုးသားက သူ၏စောင်ကို အမျိုးသမီးအား ခြုံစေ
သည်။ သူမချမ်းနေသေးကြောင်း ပြောပြန်သည်။
“ဒါဆို ကျွန်တော်ဘယ်လို ကူညီရမလဲ” အမျိုးသားမှာ စိတ်မသက်မသာဖြင့် ပြောသည်။
“ကျွန်မ ငယ်ငယ်ကဆို အမေက သူ့ကိုယ်ငွေ့နဲ့ ကျွန်မကို နွေးစေတယ်”
“ဒီလိုဆို ကျွန်တော် ဘယ်လိုမှ မကူညီနိုင်ပါဘူး ခင်ဗျား..ကျွန်တော် ရထားပေါ်က ခုန်ချပြီး ခင်ဗျားအမေကို လိုက်ရှာ
လို့မှ မဖြစ်နိုင်တာ”

အခြေအနေကို သိနားလည်သော ယောက်ကျားသည် ယောက်ကျားကောင်းဖြစ်ပြီး
အခြေအနေကို မသိ နားမလည်သော ယောက်ကျားသည် ယောက်ကျားမြတ်ဖြစ်သည်။

(၃)
Franklin Delano Roosevelt အမေရိကန်သမတ္တ မဖြစ်ခင် နေအိမ်တွင် အခိုးခံရဖူးသည်။သူငယ်ချင်းများက အကျိုး
အကြောင်း လာရောက်မေးမြန်းကြသည်။ Roosevelt က ထိုသို့ ပြန်ဖြေလေသည်။
“လာရောက်မေးမြန်းကြတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်.ကျွန်တော် ဘာမှမဖြစ်တဲ့အပြင် ကျွန်တော်စိတ်ဟာ
တည်ငြိမ်နေပါတယ်..ဘာဖြစ်လို့လဲဆိုတော့..
သူခိုးဟာ ကျွန်တော်ရဲ့ ပစ္စည်းတွေခိုးသွားခဲ့ပေမဲ့ အသက်ကို ရန်မရှာခဲ့ဘူး...
ပစ္စည်းတွေ ခိုးသွားခဲ့ပေမဲ့ အကုန်လုံးကို ခိုးမသွားခဲ့ဘူး....
ကျွန်တော် ၀မ်းအသာဆုံးက သူခိုးဟာ တစ်ခြားလူဖြစ်ပြီး ကျွန်တော်ကိုယ်တိုင် မဟုတ်လိုပါပဲ”

(၄)
Winston Churchill (British Prime Minister 1874-1965) တစ်ခါက ဟောပြောပွဲတွင် စင်အောက်မှ လူတစ်ဦးက
စာတစ်စောင် လှမ်းပေးသည်။ စာထဲတွင် (လူပြိန်း) ဟုသာရေးထားသည်။ စင်အောက်တွင် သူ့အား ကန့်ကွက်မည့်
သူများ သူအား အရှက်ကွဲစေရန် လုပ်လိုက်ကြောင်း သူသိလိုက်သည်။ Churchill မှာ ဘာမှ မဖြစ်သည့်ပုံစံဖြင့် ...
“ကျွန်တော် စာတစ်စောင် ရလိုက်တယ်... စာရေးသူဟာ စာထဲမှာ အကျိုးအကြောင်း ရေးဖို့မေ့ပြီး သူ့နာမည်ပဲရေး
ထားတယ်” ဟုပြောသည်။
စိတ်မဆိုးသည့်အပြင် ဟာသနှောပြီးတစ်ဖက်လူအား အလိမ္မာနည်းဖြင့် အနိုင်ယူလိုက်ခြင်းဖြစ်သည်။

ည၀တ် အချစ်အင်္ကျီ


ကြိုပြောထားမယ်နော်။ ဒီဟာသက နည်းနည်းဝါ(ပြာ)တယ်။ အမြင်တစ်မျိုး ဖြစ်မယ်ဆိုရင် ဆက်မဖတ်တာ အကောင်းဆုံးပဲး) မဖတ်ပါနဲ့ဆိုမှ ပိုဖတ်ချင်တယ်ဆိုရင်လည်း ဆက်ဖတ်ပေါ့နော်း) တစ်ခါတလေတော့လည်း ပေါ့ပေါ့ပါးပါး အသံထွက်အောင် အော်ရီကြည့်ကြတာပေါ့နော် .. ဟား..ဟား..ဟား


အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။

“ ဒါ ဘာလုပ်တာလဲ”
“ယောကျာ်းအပြန်ကို စောင့်နေတာလေ”
“ဘာမှ မ၀တ်ဘဲ စောင့်နေရသလား”
“ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်”
“လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ”
“ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်”

ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။

တအောင့်ကြာတော့ အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး “ဒါ ဘာလုပ်တာလဲ” လို့ အော်လိုက်တယ်။

“ဒါ ည၀တ် အချစ်အင်္ကျီလေ” လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက
“ ဟာ မင်းည၀တ်အင်္ကျီက မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်” လို့ ပြန်ပြောလိုက်သတဲ့။

အချစ်ကိုတပ်ဆင်ခြင်း

အင်ဂျင်နီယာ-----“ဘာများ ၀န်ဆောင်ပေးရမလဲ ခင်ဗျာ။”

ဧည့်သည်--------“နှလုံးသားမှာ အချစ်ကို တပ်ဆင်မလို့ ဆုံးဖြတ်ထားပါတယ်။ ဘယ်လို တပ်ဆင်ရမလဲဆိုတာကို တဆင့်ခြင်း ပြောပြလို့ရမလား။

အင်ဂျင်နီယာ-----“ရပါတယ်. . .တပ်ဆင်ဖို့အဆင့်သင့်ဖြစ်ပြီလား။”

ဧည့်သည်---------“ဟုတ်ကဲ့။ အဆင်သင့်ဖြစ်ပါပြီ.ဒါပေမဲ့ နည်းပညာတွေကို သိပ်နားမလည်လို့ ပထမဦးဆုံး ဘာလုပ်ရမလဲ ဆိုတာကို ပြောပြပါလား။”

အင်ဂျင်နီယာ----“ပထမအဆင့် အနေနဲ့ ရင်ဘတ်ကို ဖွင့်လိုက်ပါ။ နှလုံးသားကို ရှာတွေ့ပြီလား။”

ဧည့်သည်------“တွေ့ပါပြီ။ဒါပေမဲ့ တချို့ပရိုဂရမ်တွေ အလုပ်လုပ်နေတာ တွေ့ရတယ်။ သူတို့ အလုပ်လုပ်နေတဲ့ အချိန် အချစ်ကို တပ်ဆင်ရမှာ အခက်အခဲ ရှိနိုင်လား။”

အင်ဂျင်နီယာ----“ဘာပရိုဂရမ်တွေ အလုပ်လုပ်နေသလဲ။”

ဧည့်သည်--------“အင်း... ဒဏ်ရာဟောင်း၊ တစ်ကိုယ်ကောင်းဆန်စိတ်၊ မနာလို ၀န်တိုစိတ်၊ နာကျည်းစိတ်တွေက အလုပ်လုပ်နေပါတယ်။

အင်ဂျင်နီယာ-----“ကိစ္စမရှိပါဘူး. . .အချစ်ကိုတပ်ဆင် လိုက်တာနဲ့ အချစ် ဒဏ်ရာဟောင်းကို စစ်စတန်(system) ကနေ ဖျက်လိုက်မှာပါ။ အဲဒီ ဒဏ်ရာဟောင်းက မှတ်ဥာဏ် (memory)ထဲမှာ ကျန်ချင်ကျန်ခဲ့လိုက်မယ်။ ဒါပေမဲ့ တခြား ပရိုဂရမ်တွေကိုတော့ အနှောင့်အယှက် မဖြစ်စေပါဘူး။ အချစ်မှာ ရှိတဲ့ ကိုယ်ချင်းစာစိတ်က တကိုယ်ကောင်းဆန်စိတ်ကို ဖုံးသွားလိမ့်မယ်။ မနာလိုစိတ်နဲ့ နာကျည်းစိတ်တွေကို အရင်ပိတ်ပစ်ရဦးမယ်။ နို့မဟုတ်ရင် အချစ်ကို တပ်ဆင်ရာမှာ အခက်အခဲ ရှိလိမ့်မယ်။ သူတို့ကို ပိတ်ပစ်နိုင်မလား ”

ဧည့်သည်-------“သူတို့ကို ဘယ်လိုပိတ်ရမလဲ? ပြောပြနိုင်မလား”

အင်ဂျင်နီယာ----“ရပါတယ်... ခွင့်လွတ်စိတ်ကို ရွေးပြီး ရမ်း(run)လိုက်ပါ။ မနာလို ၀န်တိုစိတ်နဲ့ နာကျည်းစိတ်တွေ လုံးဝပျောက်သွားတဲ့အထိ ထပ်သလဲလဲရမ်းပေးပါ”

ဧည့်သည်--------“ကောင်းပြီလေ...အချစ်ကို တပ်ဆင်လို့ ပြီးပါပြီ။ ဒါပုံမှန် ဟုတ်ပါသလား”

အင်ဂျင်နီယာ-----“ဟုတ်ပါတယ်…ဒါပေမဲ့ ဒါဟာ အခြေခံအဆင့်ပဲ ရှိသေးတယ်။ အချစ်ကို တခြားနှလုံးသား တခုနဲ့ ဆက်သွယ်ပေးလိုက်မှ သူဟာ အဆင့် ထပ်တိုးသွားနိုင်တယ်။”

ဧည့်သည်--------“ဟာ မှားယွင်းနေကြောင်း အသိပေးချက် ပေါ်လာပါလား? အချစ်ပရိုဂရမ်ဟာ အခြားတစ်ခုမှာ အလုပ် မလုပ်နိုင်ဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ?”

အင်ဂျင်နီယာ-----“စိတ်မပူပါနဲ့...အချစ်ဆိုတဲ့ အရာဟာ အတွင်းစိတ်ကနေပဲ အလုပ်စလုပ်တယ်လို့ ပြောတာပါ။ လွယ်လွယ် ပြောရရင် အချစ်ကို တခြားနှလုံးသားတစ်ခုနဲ့ မဆက်သွယ်ခင် ကိုယ့်ကိုယ်အရင် ချစ်ဖို့ပါပဲ”

ဧည့်သည်-------“ဒါဆို ဘယ်လိုလုပ်ရမလဲ။”

အင်ဂျင်နီယာ----“ကိုယ့်ကို လက်ခံတဲ့ ဖိုင်ကို ရွေးလိုက်ပါ။ ဒီဖိုင်ထဲက “ကိုယ့်ကို ခွင့်လွတ်မူ” “ကိုယ့်တန်ဖိုးကို ကိုယ်နားလည်မူ” နဲ့ “ကိုယ်လိုချင်တဲ့ ကန့်သတ်မူ” ဆိုတဲ့ ဖိုင်တွေကို ကော်ပီလုပ်ပြီး ရင်ဘတ်ထဲကို ထည့်လိုက်ပါ။ တူနေတဲ့ ဖိုင်တွေကို ဖုံးသွားမှာပါ။ ဝေဖန်တတ်တဲ့ စိတ်ကိုလည်း ဖျက်ပစ်လိုက်ပါ။ နောက်ပြီး(recycle bin)ထဲက ရှိသမျှအားလုံးကိုလည်း ဖျက်လိုက်ပါ”

ဧည့်သည်-----“အင်း..ကောင်းပါပြီ။ နှလုံးသားမှာ ဖိုင်အသစ်လေးတွေ ထွက်လာတာ မြင်နေရပြီ...စခရင် မျက်နှာပေါ်မှာ အပြုံးလေးတွေ တွေ့နေရပြီ။ “တည်ငြိမ်ခြင်း” နဲ့ “စစ်မှန်ခြင်း”က နှလုံးသားမှာ အပြည့် ကော်ပီကူးထားတယ်။ ဒါဟာ ပုံမှန် ဟုတ်ပါသလား”

အင်ဂျင်နီယာ-----“ပုံမှန်ပါပဲ...တခါတလေ ဒီိလိုပဲ အဆင်ပြေသွားတတ်တယ်။ တခါတလေတော့လည်း စောင့်ရတတ်တယ်။ အခုဆိုရင် အချစ်ကိုတပ်ဆင်လို့ ပြီးသွားပြီ။ စတင် အလုပ်လုပ်နေပြီ။

အချစ်ဆိုတာ လူတိုင်းရဲ့ နှလုံးသားထဲမှာ ဆောင်ထားသင့်
တဲ့ ဖရီးဆော့ဝဲလ် တစ်ခုလို့ ကျွန်တော်ပြောဖို့ မေ့သွားတယ်။ အဲဒီ ဆော့ဝဲလ်နဲ့ သူ့ထဲက ဖိုင်တွေကို တခြားလူနဲ့ မျှဝေဖို့ မမေ့ပါနဲ့။ အဲဒီ လူတွေကလည်း တခြားလူတွေကို ထပ်ပြီး မျှဝေပေးကြမှာပါ။ နောက်ဆုံး အရမ်းကောင်းတဲ့ ဖိုင်တစ်ချို့ ကိုယ့်စီ ပြန်ရောက်လာမှာပါ”

ချစ်သူဆိုတာ.......

မိန်းကလေးချစ်သူဆိုတာ......
၁) ငြင်းခုံရန်ဖြစ်ချိန် ခေါင်းငုံ့ အရှုံးပေးချင်ပေမယ့် တင်းခံပြီး ပြန်ငြင်းတတ်သူ
၂) ချစ်သူရဲ့ ဂတိသစ္စာတွေကို နှလုံးပေါ်မှာ ထွင်းထားပေမယ့် “ကျွန်မကို ချစ်မိတာ နောင်တ မရဘူးလား”လို့ လိုက်မေးတတ်သူ
၃) လမ်းဖြတ်ကူးတဲ့ အချိန် ချစ်သူရဲ့ခြေလှမ်းအတိုင်း လိုက်လှမ်းချင်တဲ့သူ
၎) ချစ်သူရဲ့ရှေ့မှာ မလှဆုံး၊ ချစ်စရာ မကောင်းဆုံးဖြစ်မှာကို စိုးရိမ်တတ်သူ
၅) လေပြင်းမုန်တိုင်းကျနေပါစေ ချစ်သူရဲ့လက်ကို တင်းတင်းဆုတ်ကိုင်ပြီး ကျော်ဖြတ်ရဲသူ
၆) အချက်အပြုတ် မတတ်ဘဲ မီးဖိုတစ်ခုလုံးကို မွှေနှောက် ချစ်သူကို ကိုယ်တိုင် ချက်ကျွေး ချင်တဲ့သူ
၇) ဗေဒင် လက္ခဏာတွေတွက် ယတြာတွေ လိုက်ချေပြီး ချစ်သူနဲ့ ပေါင်းဖက်ရ အောင်လုပ်သူ
၈) ချစ်သူကို တစ်နေ့ မမြင်ရရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ
၉) ချစ်သူ မောပန်းတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်မှာ ရင်ခွင်ထဲ ထွေးပွေ့ပြီး နှစ်သိမ့်တတ်သူ
၁၀) ပျော်ရွှင်မှုတွေကို နွေးထွေးတဲ့ အနမ်းနဲ့ ချစ်သူကို မျှဝေပေးတတ်သလို စိတ်ညစ် ၀မ်းနည်းမှုတွေကို မျက်ရည်နဲ့အတူ ချစ်သူကို ရင်ဖွင့်တတ်သူ

ယောက်ျားလေးချစ်သူဆိုတာ.......

၁) မိုးသက်လေပြင်းကျချိန် ချစ်သူ စိုမှာစိုးလို့ အကာအကွယ်ပေးပြီး လိုက်မိုးပေးသူ
၂) သူ့လက်ကို တွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့မှုတွေ အဝေးကို ပြေးစေသူ
၃) ချမ်းအေးတဲ့ ဆောင်းမနက်မှာ ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ
၎) ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံ ငှားပေးသူ
၅) ဂျုလီယာ ရောဘတ်ကို ကြိုက်ပေမယ့် ဒီကမ္ဘာမှာ အကောင်းဆုံး အလှဆုံးဟာ ကိုယ်ပါလို့ ပြောသူ
၆) ဂျက်ကီချန်းကားတွေ ကြိုက်ပေမယ့် လွမ်းဆွေးစရာ ကိုးရီးယားကားတွေကို မပျင်းမရိဘဲ ကိုယ်နဲ့အတူ လိုက်ကြည့်တတ်သူ
၇) ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့အတူ စိတ်ရှည်လက်ရှည် လိုက်ရေတတ်သူ
၈) ကိုယ့်မွေးနေ့ကို မှတ်မိပြီး လက်ဆောင်ပစ္စည်း ၀ယ်ဖို့ မေ့တတ်သူ
၉) သူ့ရင်ဘတ်ကို ထုပြီး ကိုယ်ဒေါသထွက်ချိန် အနမ်းတစ်ပွင့်နဲ့ နှစ်သိမ့်တတ်သူ
၁၀) မျိုမကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ

* * ချစ်သူ့နှင်းဆီ * *

အချိန်တွေက အကုန်မြန်လိုက်တာ တစ်လတစ်လဆို ခဏလေးပဲ။ ဘာလိုလိုနဲ့ ၂၀၀၈ဇန်န၀ါရီက မျက်စိတမှိတ်မှာ လှစ်ခနဲ ပျောက်သွားခဲ့တယ်။ ကျွန်မချစ်တဲ့ လတွေထဲမှာ ဒီဇင်ဘာပြီးရင် ဖေဖော်ဝါရီလဲ အပါအ၀င်ပဲ။ ရက်မစေ့တဲ့ လဖြစ်ပေမဲ့ အထိမ်းအမှတ်နေ့တွေနဲ့ ပြည့်နေလို့ပါပဲ။ ဖေဖော်ဝါရီ (၇)ရက် နှစ်သစ်ကူးနေ့၊ ဖေဖော်ဝါရီ(၁၂) ပြည်ထောင်စုနေ့၊ ဖေဖော်ဝါရီ (၁၃)ရက် ဗိုလ်ချုပ်မွေးနေ့၊ ဖေဖော်ဝါရီ (၁၄) ချစ်သူများနေ့၊ ဖေဖော်ဝါရီ (၂၈)ရက် လခထုတ်ရက်ပေါ့း) ရိုးရာနှစ်သစ်အကြောင်း၊ ကြည်နူးစရာ ချစ်သူများနေ့နဲ့ ပတ်သက်တဲ့အကြောင်းကို ဘလော့မှာ တစ်လှည့်စီတင်သွားပါ့မယ်။ အချစ်တွေ ဖောင်းပွပြီး မျက်စိနောက်ခဲ့ရင် အပျိုကြီး စိတ်ကူးအယဉ်လွန်နေတယ်လို့ မထင်လိုက်ပါနဲ့လို့.....

မနှစ်က “ချစ်သူများနေ့ ဘာကြောင့်ဖြစ်” ဆိုတာကို တင်ပြီးတဲ့နောက် ဒီနှစ်မှာ ချစ်သူများနေ့ရဲ့ လက်ဆောင်အကြောင်းကို ရေးချင်ပါတယ်။ ပန်းတကာပန်းထဲမှာ နှင်းဆီပန်းကို “အချစ်ပန်း” လို့ တင်စားရင် မှားမယ် မထင်ပါဘူး။ ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာ ကျရောက်မဲ့ ချစ်သူများနေ့မှာ ကိုယ်ချစ်တဲ့သူကို နှင်းဆီပန်းတွေပေးပြီး ရင်ထဲက ခံစားမှုတွေကို ထုတ်ဖော်နိုင်အောင် နှင်းဆီအပွင့်ရေရဲ့ ကိုယ်စားပြုတွေကို အင်တာနက်မှာ ရှာပြီး မျှဝေလိုက်ပါတယ်။
နှင်းဆီ ၁ပွင့်..... ရင်ထဲမှာ မင်းပဲရှိတယ်
နှင်းဆီ ၂ပွင့်..... ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း
နှင်းဆီ ၃ပွင့်..... မင်းကိုငါချစ်တယ်
နှင်းဆီ ၄ပွင့်..... သေတောင် မခွဲဘူး
နှင်းဆီ ၅ပွင့်..... တန်ဖိုးထား မြတ်နိုးတယ်
နှင်းဆီ ၆ပွင့်..... တစ်ယောက်ကိုတစ်ယောက် လေးစား၊ ချစ်ခင်၊ ခွင့်လွတ်တယ်
နှင်းဆီ ၇ပွင့်..... မင်းကို တိတ်တခိုးလေး ချစ်နေတယ်
နှင်းဆီ ၈ပွင့်..... မင်းရဲ့ ကြင်နာယုယမှုနဲ့ အားပေးမှုကို ကျေးဇူးတင်တယ်
နှင်းဆီ ၉ပွင့်..... အမြဲတမ်း

နှင်းဆီ ၁၀ပွင့်...... အပြစ်ကင်းစင်သော ချစ်သူ
နှင်းဆီ ၁၁ပွင့်...... မင်းတစ်ယောက်ကိုပဲ ဂရုစိုက်တယ်။
နှင်းဆီ ၁၂ပွင့်...... တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်။
နှင်းဆီ ၁၃ပွင့်...... သူငယ်ချင်းအချစ်
နှင်းဆီ ၁၄ပွင့်...... ဂုဏ်ယူပါတယ်
နှင်းဆီ ၁၅ပွင့်...... I'M SORRY!
နှင်းဆီ ၁၆ပွင့်...... မတည်ငြိမ်သော အချစ်
နှင်းဆီ ၁၇ပွင့်...... ပြန်မရနိုင်တော့တဲ့ အချစ်
နှင်းဆီ ၁၈ပွင့်...... ရိုးသားပွင့်လင်းခြင်း
နှင်းဆီ ၁၉ပွင့်...... မျှော်လင့်စောင့်စားခြင်း
နှင်းဆီ ၂၀ပွင့်..... ငါ့မှာ ရိုးသားတဲ့အချစ် တစ်ခုတည်းပဲရှိတယ်။

နှင်းဆီ ၂၁ပွင့်..... ရိုးသားတဲ့အချစ်
နှင်းဆီ ၂၂ပွင့်..... မင်းကံကောင်းပါစေ
နှင်းဆီ ၂၅ပွင့်..... မင်းပျော်ရွှင်ပါစေ
နှင်းဆီ ၃၀ပွင့်..... ဖူးစာကိုယုံတယ်
နှင်းဆီ ၃၆ပွင့်..... ရိုမန်တစ်

နှင်းဆီအပွင့် ၅၀..... မမျှော်လင့်ပဲ တွေ့ကြတယ်
နှင်းဆီအပွင့် ၉၉..... FOREVER!
နှင်းဆီအပွင့် ၁၀၀..... ၁၀၀% အချစ်
နှင်းဆီအပွင့် ၁၀၁..... အရမ်း.. အရမ်း..ချစ်
နှင်းဆီအပွင့် ၁၀၈..... လက်ထပ်ခွင့် ပေးပါ
နှင်းဆီအပွင့် ၁၁၁..... အဆုံးမဲ့အချစ်
နှင်းဆီအပွင့် ၁၄၄..... နေ့တိုင်း၊ လတိုင်း၊ အသက်ရှင်နေသရွေ့ မင်းကိုချစ်တယ်
နှင်းဆီအပွင့် ၃၆၅..... နေ့တိုင်းလွမ်းတယ်
နှင်းဆီအပွင့် ၉၉၉..... မချုပ်ငြိမ်းတဲ့အချစ်၊ အမြဲတမ်းထာဝရ
နှင်းဆီအပွင့် ၁၀၀၁...... သက်ဆုံးထိတိုင်

(.. ချစ်နိုင်ကြပါစေး)

** ** အချစ် * * *

အချစ်ဆိုတဲ့ အရာက လူကို ပျော်ရွှင်မှုတွေ သယ်ဆောင်ပေးသလား?
စိတ်ပျက်ဝမ်းနည်းစရာတွေ ယူဆောင်ပေးသလား?
ချစ်ခဲ့ဖူးတဲ့ အချစ်တွေ ချိုမြိန်ခဲ့သလား? ခါးသက်ခဲ့သလား?

အချစ်အတွက် တိကျတဲ့အဖြေ မရှိခဲ့ပါဘူး...

အချစ်ကို သိချင်နေတဲ့ လူငယ်တစ်ယောက်ဟာ အဖြေရှာဖို့ ထွက်လာခဲ့တယ်။ လမ်းမှာ အသဲကွဲနေတဲ့ မိန်းမငယ်တစ်ယောက်ကို တွေ့လို့ မေးတော့ “အချစ်က လူကို နာကျင်စေလွန်းတယ်။ အချစ်က ငါ့အနားကနေလည်း ထွက်သွားရော ငါ့ဝိညာဉ်တွေပါ ယူသွားခဲ့တယ်” လို့ ပြန်ဖြေခဲ့တယ်။

လူငယ်ဟာ ရှေ့ဆက်သွားပြီး တစ်နေရာမှာ ချစ်သူနှစ်ယောက်ကို တွေ့တော့ မေးပြန်တယ်။ ချစ်သူနှစ်ယောက်က မတိုင်ပင်ဘဲ “ အချစ်က လူကို သိမ့်မွေ့နူးညံ့စေတယ်။ မျှော်လင့်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေ ပေးတယ်။ အဲဒီစိတ်ကူးကို ကျွန်တော်တို့ အကောင်အထည် ဖော်ကြတော့မယ်” လို့ ပြိုင်တူ ဖြေခဲ့ကြတယ်။

မတူညီတဲ့ အဖြေတွေ ကြားပြီးနောက် လူငယ်ဟာ လက်ရှိ ရှင်သန်နေတဲ့အချိန်၊ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေမှာ အရာရာကို အကောင်းမြင်သူတွေက ဘယ်အရာကိုမဆို ကြည်ကြည်နူးနူး ခံစားကြပြီး အရာရာကို အဆိုးမြင်သူတွေက ဘယ်အရာကိုမဆို ခါးသက်တယ်လို့ ခံစားနေကြရတယ်လို့ မှတ်ချက်ချလိုက်တယ်။

ကိုယ်သိချင်တဲ့ အဖြေကို သိခဲ့ပြီလို့ ထင်ပြီး လူငယ်ဟာ နေအိမ်ကို လှည့်ပြန်ခဲ့တယ်။ လမ်းမှာ အဘိုးအိုတစ်ဦးနဲ့ တွေ့ပြန်တယ်။ ဒါနဲ့ လူငယ်က အဘိုးအိုကို ထပ်မေးလိုက်ပြန်တယ်။

အဘိုးအိုက..

ပြီးဆုံးခဲ့တဲ့ အချစ်အတွက် ထိခိုက်မနေပါနဲ့
ရှိခဲ့ဖူးတဲ့ အချစ်အတွက် ပြုံးလိုက်ပါ လို့ အချစ်ကို ဖွင့်ဆိုလိုက်တယ်။

* * အိမ်ထောင်ရေး တိုးကိန်းသီအိုရီ * **

သင်တန်းကျောင်းတစ်ခုရဲ့ နောက်ဆုံးသင်တန်းချိန်က "အိမ်ထောင်ရေး၏ လုပ်ဆောင်မှုနှင့် ထီထွင်မှု" အကြောင်းဖြစ်တယ်။ ဟောပြောမယ့်ဆရာက အတန်းထဲဝင်လာပြီး အသင့်ယူလာတဲ့ ကားချပ်တစ်ချပ်ကို ကျောက်သင်ပုန်းပေါ် ချိတ်ဆွဲလိုက်တယ်။ ကားချပ်ပေါ်မှာက "အောင်မြင်တဲ့ အိမ်ထောင်ရေး အချက်နှစ်ချက်" ဆိုပြီး

၁) လူကောင်းတစ်ယောက်ကို ရှာပါ။
၂) ကိုယ်ကိုယ်တိုင် လူကောင်းဖြစ်အောင် လုပ်ပါ... လို့ ရေးထားတယ်။

ဆရာက "အောင်မြင်တဲ့ အိမ်ထောင်ရေးက ဒီလောက်ပဲ လွယ်ကူပါတယ်။ တစ်ခြားအောင်မြင်တဲ့ လျှို့ဝှက်ချက်တွေကိုလည်း သက်ကြီးရွယ်အိုတွေဆီက အမြဲကြားဖူးကြလိမ့်မယ် ထင်ပါတယ်" လို့ စကားစလိုက်တာနဲ့ သင်တန်းသားတွေဆီက တွတ်ထိုးသံတစ်ချို့ ထွက်လာတယ်။ သင်တန်းသားအများစုက အိမ်ထောင်ရှိသူတွေ ဖြစ်ကြတယ်။

တအောင့်ကြာတော့ အသက် ၃ဝအရွယ် အမျိုးသမီးတစ်ဦးက ထရပ်ပြီး "တကယ်လို့ ဒီအချက် နှစ်ချက်စလုံးကို မလုပ်နိုင်ခဲ့ဘူးဆိုရင်ရော? " လို့ ဆရာ့ကိုမေးတယ်။

ဆရာက "မလုပ်နိုင်ခဲ့ရင် အချက်(၄)ချက် ဖြစ်သွားလိမ့်မယ်" လို့ ပြောပြီး နောက်ကားချပ်တစ်ခုကို ချိတ်ဆွဲလိုက်တယ်။

၁) သည်းခံပါ၊ ကူညီပါ။ ကူညီတာ အလိုမကျရင် သည်းခံပါ။
၂) သည်းခံတာကို အကျင့်ဖြစ်အောင် လုပ်ပါ။
၃) တုံးအတဲ့ စရိုက်လေးပါအောင် ကျင့်ပါ။
၎) တုံးအအ စရိုက်ကို တစ်သက်လုံး ကျင့်သွားပါ။

အချက် (၄)ချက်ကို ဆရာရွတ်မပြီးခင် သင်တန်းသားတွေ လှုပ်လှုပ်ရွရွ ဖြစ်လာကြတယ်။ ဒါမဖြစ်နိုင်ဘူး၊ ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ တီးတိုးသံတစ်ချို့ လွှင့်လာတယ်။ အားလုံး ငြိမ်သက်သွားချိန်ရောက်မှ ဆရာက "တည်ငြိမ်တဲ့ အိမ်ထောင်ရေးတစ်ခု ရှိချင်တယ်။ ဒီ (၄)ချက်ကိုလည်း မလုပ်နိုင်ဘူးဆိုရင် အောက်က အချက် (၁၆) ချက်ကို လုပ်နိုင်ရမယ်" လို့ ပြောလိုက်တယ်။

ဆရာက နောက်ကားချပ်တစ်ချပ်ကို ချိတ်ဆွဲလိုက်ပြန်တယ်။
၁) မတူတဲ့အချိန်မှာ စိတ်တို၊ ဒေါသထွက်ကြပါ။
၂) ရေးကြီးခွင်ကျယ် မဟုတ်ခဲ့ရင် စကားပြောတဲ့အချိန် အော်မပြောပါနဲ့။
၃) ရန်ဖြစ် အငြင်းပွါးတဲ့အခါ တစ်ဖက်လူကို အနိုင်ပေးလိုက်ပါ။
၎) ဒီနေ့ငြင်းခုံတာကို မနက်ဖြန်အထိ သယ်မသွားပါနဲ့။
၅) ငြင်းခုံရန်ဖြစ်ပြီး အမေအိမ်ပြန်တာပဲဖြစ်ဖြစ်၊ အပြင်ထွက်သွားတာပဲဖြစ်ဖြစ် အချိန် ၈နာရီထက် မကျော်ပါစေနဲ့။
၆) ဝေဖန်တဲ့စကားမှာ မေတ္တာပါပါစေ။
၇) ကိုယ့်အမှားကို တောင်းပန်တတ်ဖို့ အမြဲအသင့်ပြင်ထားပါ။
၈) ကိုယ့်အကြောင်း သွားပုပ်လေလွှင့် အတင်းကြားတဲ့အခါ ဟာသလို သဘောထားပြီး ရီပစ်ပါ။
၉) တစ်လကို တစ်ညလောက် သူ (သူမ) အတွက် လွတ်လပ်တဲ့အချိန်ပေးလိုက်ပါ။
၁ဝ) ဒေါသစိတ်နဲ့ အိပ်ရာမဝင်ပါနဲ့။
၁၁) သူ (သူမ) အိမ်ပြန်ချိန်မှာ ကိုယ်အိမ်မှာ ရှိနိုင်ဖို့ကြိုးစားပါ။
၁၂) တစ်ဖက်လူက မနှောင့်ယှက်စေချင်ရင် မနှောင့်ယှက်မိအောင် ကြိုးစားပါ။
၁၃) ဖုန်းမြည်တဲ့အချိန် တစ်ဖက်လူ အရင်ကိုင်ပါစေ။
၁၄) အိတ်ကပ်ထဲ ငွေဘယ်လောက်ရှိတယ် ဆိုတာကို အမြဲစာရင်းပေးပါ။
၁၅) ငွေမရှိတဲ့နေ့ရက်ကို ဖျက်ဆီးနိုင်အောင် ကြိုးစားပါ။
၁၆) ကိုယ့်မိဘကို ပေးတဲ့ငွေက တစ်ဖက်မိဘကို ပေးတဲ့ငွေထက် နည်းပါစေ။

(၁၆) ချက်ကို ဆရာရွတ်ပြီးနောက် သင်တန်းသား တစ်ချို့ကရီကြတယ်။ တစ်ချို့က သက်ပြင်းချကြတယ်။ ဆရာက ဆက်ပြီး "တကယ်လို့ ဒီ(၁၆)ချက်ကို မလုပ်နိုင်သေးဆိုရင် အောက်က အချက် (၂၅၆) ချက်ကို လုပ်ရလိမ့်မယ်။ လူနှစ်ယောက် ပေါင်းသင်းတဲ့သီအိုရီက တိုးကိန်းသီအိုရီဖြစ်တယ်။ ရှေ့က အခြေခံအချက်တွေပေါ်မှာ နှစ်ထပ်တိုးသွားတာဖြစ်တယ်"

အဲဒီနောက် ဆရာက အချက်(၂၅၆)ချက်ကို ရေးလိုက်တယ်။

" ဒီအခြေအနေကို ရောက်သွားတဲ့ အိမ်ထောင်ရေးက အန္တရာယ်နဲ့ အရမ်းနီးနေပြီ" လို့ ပြောပြီး သင်ခန်းစာကို အဆုံးသတ်လိုက်ချိန်မှာ တစ်ခန်းလုံး လက်ခုပ်သံတွေ ဟိန်းသွားခဲ့တယ်။ ဟောပြောပွဲပြီးကြောင်း ကြေညာခဲ့ပေမယ့် တစ်ချို့သင်တန်းသားတွေက မလှုပ်မယှက် ထိုင်နေခဲ့ကြတယ်။ သူတို့မျက်နှာပေါ်မှာ မျက်ရည်တွေ စီးဆင်းနေခဲ့တယ်။


original from : http://www.ntuee78.org/essay

ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ!

ညနေခင်းလေးတစ်ခု... လှပတဲ့ ဆည်းဆာနေရောင်က လောကတစ်ခွင်ကို ဖြန့်ကြက်ထားတယ်။ ရှည်လျှားတဲ့ လမ်းမထက်က စက်ဘီးလေး တစ်စီးပေါ်မှာ ကောင်လေးက ကောင်မလေးကို တင်နင်းထားတယ်။

"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ! "

ကောင်လေးခါးကို ပွေ့ဖက်ထားတဲ့ ကောင်မလေးက ကောင်လေးကျောကို မှီပြီး ခပ်တိုးတိုးလေး မေးတယ်။ ကောင်လေးရဲ့အဖြေက ကောင်မလေး စိတ်ကျေနပ်လောက်တဲ့ အမှတ်ပြည့်အဖြေ မဟုတ်မှန်း ကောင်မလေးသိနေခဲ့တယ်။

"ချစ်စရာ စကားလေးတွေနဲ့ ဖြေဖို့ အခွင့်အရေးပေးမယ်" ကောင်မလေးက ချွဲနွဲ့ပြီးပြောတော့ ကောင်လေးက စိတ်ပါလက်ပါ စဉ်းစားလိုက်တယ်။

မီးနီနေတုန်း ကောင်လေးက ကောင်မလေးကို လက်"တစ်"ချောင်းထောင်ပြပြီး အဖြေပေးလိုက်တယ်။ ကောင်မလေးက ဝမ်းသာအားရ "တစ်သက်လုံး! " လို့ ပြောတယ်။

ကောင်လေးရီလိုက်တယ်။ ကောင်မလေးရဲ့ အပြောမှန်သွားလို့ မဟုတ်ပါဘူး။ ကောင်မလေးဆီက အပျော်တွေ ကူးစက်သွားလို့ဖြစ်တယ်။ မီးစိမ်းတော့ ကောင်လေးက စက်ဘီးကိုဆက်နင်းပြီး ကောင်မလေးကို တိုးတိုးလေး ပြောတယ်။

"နင့်ကိုငါ ဒီလိုအဖြေမျိုးပေးမှာ မဟုတ်ဘူး။ ဒီလိုအဖြေမျိုးက လူတိုင်းဖြေတတ်တဲ့အတွက် မစစ်မှန်သလိုပဲ... ပြန်စဉ်းစားကြည့်ပါအုန်း"

ကောင်လေးစကားကို ကောင်မလေးက ခေါင်းညိတ်ထောက်ခံရင်း "ဒီလိုဆိုရင် တစ်ရက်လား?"

"ဟား..ဟား ငါတို့ချစ်တာတောင် နှစ်လကျော်နေပြီ။ တစ်ရက်၊ တစ်ပတ်၊ တစ်လဆိုတဲ့ အဖြေမျိုးက မဖြစ်နိုင်ဘူးလေ"

ကောင်လေးအပြောမှာ ကောင်မလေးရောယောင် ရီရင်း " ခဏတော့ မဟုတ်ရပါဘူးနော်" လို့ အသံကျယ်ကြီးနဲ့ မေးတယ်။

ကောင်မလေးအပြောကြောင့် စက်ဘီးလဲမတတ် ကောင်လေးအော်ရီမိတယ်။ ကောင်မလေးရဲ့ ဒီလို ရွတ်နောက်နောက်အပြောနဲ့ ကြည်လင်တဲ့ ရယ်သံတွေကို ကောင်လေး အရမ်းချစ်ခဲ့တယ်။ ကောင်မလေးရဲ့လက်ကို ကောင်လေးတင်းတင်းလေး ဆုတ်ကိုင်ထားလိုက်တယ်။

"ဒီလိုဆိုရင် တစ်နှစ်လား?" ကောင်လေး ခေါင်းခါပြလိုက်တယ်။

"ဒီလိုဆိုရင် နှစ်တစ်ရာကွာ... ငါ့ကို နှစ်တစ်ရာချစ်ရင် ရပြီ" ကောင်မလေးက စိတ်မရှည်ဘဲ ပြောနေပေမယ့် မျက်နှာပေါ်မှာ အပျော်ရိပ်တွေ သမ်းနေခဲ့တယ်။

"နှစ်တစ်ရာ! မတိုလွန်းဘူးလားကွာ.. နှစ်တစ်ရာနဲ့ ငါနင့်ကို ချစ်လို့ မဝနိုင်ဘူး" ကောင်လေးရဲ့ စကားလက်နက်က ကောင်မလေးရဲ့နှလုံးသားထဲ စူးစူးနစ်နစ် ထိုးစိုက်သွားတယ်။ ကောင်မလေးရဲ့ တိုးညှင်းညှင်းရီသံက ကောင်လေးကို မီးနီဖြတ်မောင်းရဲတဲ့ အင်အားတွေ ပေးခဲ့တယ်။

"အဖြေကို သိချင်ပြီလား?" ကောင်လေး ဖြေချင်နေပြီ။

"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ?" ကောင်မလေးလည်း အဖြေကို ကြားချင်နေပြီ။

ကောင်လေးက လက်တစ်ချောင်းထောင်ပြရင်း "နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်"

ကောင်လေးစကားကြောင့် ကောင်မလေး ငေးငိုင်သွားခဲ့ရတယ်။

နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်!

အဲဒီတစ်နေ့က ဘယ်လောက်ကြာနိုင်မလဲ? တိုနိုင်သလို ၊ ရှည်နိုင်တယ်။ ထာဝရ၊ တခဏလဲ ဖြစ်နိုင်ပေမယ့် တိကျတဲ့ အဖြေဖြစ်ခဲ့ပါတယ်။

**** ပန်းကလေးဖတ်မိတဲ့ ဘလော့ဂ်တစ်ခုထဲကပါ။ *********

** ကော်ဖီနဲ့တူတဲ့ အချစ် ***

အခုခေတ် လူတွေက သူတို့ရဲ့အချစ်ဟာ fast food (မြန်ဆန်တဲ့အချစ်)နဲ့ တူတယ်လို့ ခိုင်းနှိုင်းကြတယ်။ ဒါပေမယ့် အချစ်ကို ကော်ဖီနဲ့ ခိုင်းနှိုင်းရင် ပိုသိသာ၊ မြင်သာမယ်လို့ ထင်ပါတယ်။

ချစ်သူရီးစားဘဝက ကော်ဖီတစ်ခွက် သောက်နေတာနဲ့တူပါတယ်။ အငွေ့တထောင်းထောင်း ထနေတဲ့ ကော်ဖီတစ်ခွက် ကိုယ့်ရှေ့ရောက်လာပြီဆိုရင် တစ်ချို့လူတွေက သကြားနဲ့နို့ကို အရင်ဆုံး အများကြီး ထည့်ပစ်တတ်တယ်။ အဲဒီအချိန်မှာ အချိုတွေ အများကြီးရောထားတဲ့ ကော်ဖီဟာ အချိုရည်အသွင် ပြောင်းသွားတော့တယ်။ ကော်ဖီရဲ့ နဂိုခါးသက်သက် အရသာတွေ ပျောက်သွားခဲ့ရတယ်။ ချစ်သူရီးစားဘဝတွေမှာ ချစ်သူကို လက်ဆောင်၊ ပန်းစည်းတွေနဲ့ပဲ အပျော်၊ ကြည်နူးမှုတွေ ပေးခဲ့မယ်ဆိုရင် ချိုမြိန်မှုတွေ ရနိုင်ပေမယ့် ကြာလာရင် ငြီးငွေ့အီစိမ့် လာတတ်ပါတယ်။

တစ်ချို့လူတွေက ကော်ဖီကို အရသာမခံဘဲ တစ်ကြိတ်ထဲ သောက်ချပစ်လိုက်တတ်တယ်။ အာခေါင်၊ လျှာတွေကို ပူမိသည်ဖြစ်စေ၊ မပူမိသည်ဖြစ်စေ သောက်ဖို့တစ်မိနစ် နောက်ကျတာနဲ့ ရထားလွတ်သွားတော့မယ့် ပုံစံနဲ့ ကော်ဖီကို ဂွတ်ခနဲ့သောက်ပစ် တတ်ကြတယ်။ စသောက်တုန်းက ရှုရှိုက်မိတဲ့ ကော်ဖီနံ့ကလွဲလို့ နောက်ဆုံးမှာ ပါးစပ်တစ်ခုလုံးထဲ ခါးသက်တဲ့ အရသာပဲ ကျန်ခဲ့တော့တယ်။ တစ်ချို့လူတွေက ကော်ဖီတစ်ကြိတ်အချစ်ကို ချစ်တတ်ကြတယ်။ အခုချစ်၊ အခုလက်တွဲ၊ အခုပဲ မှားယွင်းတတ်ကြတယ်။ အချိန်တိုတိုအတွင်းမှာ ချစ်ကြကွဲကြပြီး နောက်ဆုံးမှာ စိတ်လက်မကြည်မသာဖြစ်ပြီး ကျန်နေခဲ့ရတယ်။ ဘယ်သူနဲ့ ကိုယ်ချစ်ခဲ့တယ်၊ ဘယ်အချိန်မှာ ချစ်ခဲ့တယ်ဆိုတာကိုတောင် မှတ်မိချင်မှ မှတ်မိတတ်ကြတယ်။

တကယ့်ကော်ဖီသောက်နည်းက စားပွဲပေါ် ကော်ဖီရောက်ရင် သင်းပျံ့တဲ့ ကော်ဖီနံ့ကို အရင်ရှုမယ်။ မိန်းကလေးတွေရဲ့ ဆံနွယ်ကို ရှုရှိုက်သလိုပါပဲ။ ပြီးမှ တစ်ငုံ့အရသာခံ သောက်မယ်။ ခံတွင်းထဲက ခါးသက်တဲ့အရသာတွေ ချိုမြိန်သွားတဲ့အထိ အရသာခံပြီး သကြားထည့်မလား၊ နို့ထည့်မလားဆိုတာကို ဆုံးဖြတ်မယ်။ ဒီလိုကော်ဖီက သောက်ရတာ ပိုအရသာရှိပါတယ်။ အချစ်ကိုလည်း ဒီကော်ဖီသောက်နည်းလို ဖြေးဖြေးချင်း အရသာခံ ခံစားချစ်ကြည့်မှ အချစ်ဟာ ပိုလှပကြောင်း သိနိုင်ပါလိမ့်တယ်။

* အသင့်တော်ဆုံးချစ်သူ *

အချစ်မှာ ပုံသေနည်းမရှိဘူး! အချစ်အတွက် ဖွင့်ဆိုထားတဲ့ အချက်အလက်ကောင်းတိုင်းက လူတိုင်းနဲ့ သင့်တော်ချင်မှ သင့်တော်လိမ့်မယ်။ ကောင်းတယ်လို့ ကိုယ်ထင်ထားတဲ့အချစ်ကို တစ်ခြားလူကြိုက်ချစ်မှ ကြိုက်မယ်။ မကောင်းဘူးလို့ ကိုယ်ထင်ထားတဲ့ အချစ်က တစ်ခြားလူရဲ့ မျက်စိထဲမှာ လုံးဝကောင်းတယ်လို့ ထင်နေကြမယ်။ အချစ်မှာ အကောင်းဆုံးဆိုတာ မရှိဘူး။ အသင့်တော်ဆုံး ဆိုတာပဲရှိတယ်။

ဥပမာ (၁)

ရည်ရွယ်ချက်ကြီးကြီးမားမား မရှိတဲ့ မောင်မောင်က ကိုယ်ပိုင်အိမ်လေးတစ်လုံး၊ တည်ငြိမ်တဲ့ ဘဝနဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်ချင်မိတယ်။ သူလိုချင်တဲ့ ဘဝမျိုးကို လွယ်လွယ်ကူကူ မရနိုင်ဘူးဆိုတာ မောင်မောင်သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ပင်ပင်ပန်းပန်း လုပ်ရတာကို မောင်မောင်မကြိုက်လို့ပဲ။ အလုပ်စောစောဆင်း၊ ကိုယ်တိုင် ချက်ပြုတ်စားသောက်၊ အဝတ်လျှော်ဖို့ကလွဲပြီး လက်ရှိအလုပ်ထက် ပိုကောင်းတဲ့အလုပ်ကို မောင်မောင် မရှာချင်ခဲ့ဘူး။

ကျောင်းနေဖက် သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် အရာရှိတွေ ဖြစ်ကုန်ကြပေမယ့် မောင်မောင်က သာမန် ဝန်ထမ်းအဆင့်ကနေ မတက်ခဲ့ဘူး။ မောင်မောင့်ချစ်သူ ဝေဝေတစ်ယောက် မာစတာအောင်ပြီး နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ အလုပ်ရတဲ့အချိန် သူတို့အချစ်ရေးကို လူတွေက ထင်ကြေးအမျိုးမျိုး ပေးခဲ့ကြတယ်။ ဒါပေမယ့် မောင်မောင်ကို ဝေဝေမထားခဲ့ဘူး။ ဝေဝေလခတွေ တိုးပြီး ကုမ္ပဏီက ဒါရိုက်တာရာထူး ခန့်အပ်ခံလိုက်ရတဲ့အခါ လူတွေက အဆင့်အတန်းမတူတဲ့ မောင်မောင်တို့ရဲ့အချစ်ရေးကို လုံးဝဆုံးခန်းတိုင်ပြီလို့ ထင်ကြေးပေးကြပြန်တယ်။ ဒါပေမယ့် မောင်မောင်ကို ဝေဝေလက်ထပ်လိုက်တယ်။

လက်ထပ်ပြီးနောက် ဝေဝေ နိုင်ငံခြားမှာ အလုပ်သွားလုပ်ခဲ့တယ်။ ၂ နှစ်နေပြီးနောက် ကလေးတစ်ယောက် မွေးဖွားခဲ့တယ်။ မောင်မောင် အလုပ်ကထွက်ပြီး အိမ်မှာပဲ ကလေးထိန်းခဲ့တယ်။

မိတ်ဆွေတွေက မောင်မောင် အလုပ်ထွက်လိုက်တာကို စိုးရိမ်နေကြတယ်။ ကလေးကြီးလာပြီး ကိုယ်ပါအသက်အရွယ် ကြီးလာရင် အလုပ်ထပ်ရှာရခက်လိမ့်မယ် လို့လည်း ပြောကြတယ်။ မောင်မောင်က ကလေးတွေကြီးလာရင် မြေးတွေကို ထိန်းရဦးမယ်။ မိန်းမက ဒီလောက် ပိုက်ဆံအရှာတော်နေမှတော့ သူဘာအလုပ် ထပ်လုပ်စရာ လိုသလဲလို့ ပြောတယ်။

ဝေဝေရဲ့ သူငယ်ချင်းတွေကလည်း ဝေဝေကို "ကိုယ့်ဘေးမှာ လုံးဝပြီးပြည့်စုံတဲ့ လူတွေ ဝိုင်းဝိုင်းလည် နေရက်သားနဲ့ ဘာဖြစ်လို့ တကယ့်အသုံးမကျတဲ့သူကိုမှ ပိုချစ်ရတာလဲ" လို့ မေးတော့ ဝေဝေက "ကျွန်မ အလုပ်အရမ်းလုပ်ချင်တယ်။ မိသားစုလိုချင်တယ်၊ ကလေးလိုချင်တယ်။ ဒါကြောင့် အလုပ်မလုပ်တဲ့ ယောက်ျားတစ်ယောက်ကို လိုချင်တယ်။ ဒါမှ ကလေးတွေကို ကျွန်မအစား သူစောင့်ရှောက်မှ ကျွန်မစိတ်ချချ အလုပ်လုပ်နိုင်မှာ" လို့ ပြန်ဖြေခဲ့တယ်။

ဥပမာ (၂)

စုစုက သန့်ရှင်းမှုဆိုတာနဲ့ လုံးဝမပတ်သက်သူဖြစ်တယ်။

ထမင်းချက်ဖို့ မပြောနဲ့ အဝတ်လျှော်၊ တံမြက်စည်းတောင် မလှဲတတ်တဲ့သူဖြစ်တယ်။ ငယ်ငယ်ကနေ ကြီးလာတဲ့အထိ ကိုယ်ခြုံတဲ့ စောင်ကိုတောင် မခေါက်ဖူးတဲ့သူဖြစ်တယ်။ အခန်းထဲမှာရှိတဲ့ စုစုရဲ့ ပစ္စည်းတွေက အချိန်မရွေး ပြိုကျနိုင်လောက်အောင် ရှုတ်ထွေးတယ်။ သပ်သပ်ရပ်ရပ်နဲ့ သန့်ရှင်းအောင် စုစုလုပ်တတ်တဲ့ အလုပ်တစ်ခုက အလှပြင်တာပဲဖြစ်တယ်။ သူ့အိမ်ကို ရောက်ဖူးတဲ့ သူငယ်ချင်းတွေက စုစုကို လက်မြောက်သြချကြတယ်။ အင်္ကျီင်္တစ်ထည်ကို ရှုတ်ထွေးတဲ့ အခန်းထဲကနေ ရှာပြီး ကိုယ့်ကိုယ်လှလှပပ ဝတ်ဆင်နိုင်လို့ပါပဲ။

စုစုရဲ့အမေက စုစုကို အမြဲဆူတယ်။ ဒီလို အိမ်မှုကိစ္စမနိုင်၊ ညစ်ပတ်တဲ့စုစုကို ဘယ်သူ့မှ ယူမှာမဟုတ်ဘူးလို့ အမြဲပြောတယ်။ ချစ်သူရည်းစားရှိခဲ့ရင်လည်း စုစုအခန်းထဲ ရောက်တာနဲ့ လန့်ပြီး ထွက်ပြေးသွားနိုင်တယ်လို့လည်း ပြောတယ်။

ဒါပေမယ့် စုစု အိမ်ထောင်ကျခဲ့ပါတယ်။ စုစုယောက်ျားက စုစု မသန့်ရှင်းတဲ့အကြောင်းကို တစ်ခွန်းမှဟပြီး မဆူခဲ့ပါဘူး။ စုစုရဲ့ယောက်ျားက အနုပညာသည်ဖြစ်တယ်။ သူ့အတွက် စုစုက သူရဿတီ နတ်သမီး (MUSE goddess) ဖြစ်တယ်။ သူ့အတွက် စုစုထမင်းချက်၊ တံမြက်စည်း လှဲစရာမလိုဘူး။ အိမ်အပြည့် စုပုံထားတဲ့ သူ့အနုပညာပစ္စည်းတွေကို စုစုယောင်လို့တောင် မထိခဲ့ဖူးဘူး။ ရှုတ်ထွေးနေတဲ့ အခန်းက သူ့အတွက် အနုပညာဖြစ်ခဲ့တယ်။ တာကျိုးမလား ထင်ရလောက်တဲ့ အဝတ်ပုံကြားထဲကနေ မနက်စောစော နိုးထလာရတာကိုက သူ့အတွက် ရိုမန်တစ်ဆန်တယ်လို့ ထင်နေခဲ့တယ်။

အချစ်မှာ အကောင်းဆုံးဆိုတာ မရှိဘူး။ အသင့်တော်ဆုံး ဆိုတာပဲရှိတယ်။

တစ်ချို့က အသည်းကွဲသူတစ်ယောက်ကို နောက်တစ်ယောက် ပိုကောင်းလိမ့်မယ်။ သူ့ထက်ပိုကောင်းတဲ့ချစ်သူ တွေ့လိမ့်မယ်လို့ နှစ်သိမ့်ကြတယ်။ ဒါပေမယ့် ပိုကောင်းတယ်ဆိုတဲ့ သတ်မှတ်ချက်မှာ လူတိုင်းမတူညီခဲ့ကြဘူး။ လူတွေထင်တဲ့ ကိုယ်နဲ့အတွက် အကောင်းဆုံးချစ်သူက ကိုယ်လက်ထပ်ချင်တဲ့လူ ဖြစ်ချင်မှလည်း ဖြစ်လိမ့်မယ်။ ကိုယ်လိုအပ်တာက ကိုယ်နဲ့အသင့်တော်ဆုံးလူဖြစ်တယ်။

အဲဒီလိုပဲ ကိုယ့်ကို မချစ်တတ်တဲ့လူ၊ ချစ်သူကောင်း မပီသတဲ့လူလို့ တစ်ချို့က ပြောကြမယ်။ ဒါပေမယ့် ဒီလောကမှာ ကိုယ်နဲ့သင့်တော်မယ့် လူတစ်ယောက်ကတော့ ရှိနေပါတယ်။ ကိုယ့်ရဲ့အိမ်ရှေ့မင်းသား (မင်းသမီး) ကို ရှာမတွေ့လို့ စိတ်ပျက်မနေကြပါနဲ့... တစ်နေ့နေ့မှာ မင်းသား (မင်းသမီး)က ကိုယ့်ကို လာကယ်တင်ပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ဘဝကို ကောင်းကောင်းတန်ဖိုးထားပြီး ချစ်လိုက်ပါ...

************* ပန်းကလေး ဖတ်မိတဲ့ ဘလော့ဂ်တစ်ခုထဲကပါ။*********

* အချစ်ဆုံးကို နားလည်ပါ *

ခင်ပွန်း
တစ်ခါတလေမှာ သူဟာ ကလေးဆိုးကြီးနဲ့ တူတတ်တယ်။
ရုံးဝတ်စုံကို ချွတ်ပြီးနောက် သူ့ပုံစံကို တစ်မျိုးပြောင်းခွင့်ပေးလိုက်ပါ။
သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့ သူ့ကို ဗွေမယူပါနဲ့။
သွယ်ဝိုက်ပြီး အကြိမ်ကြိမ် သတိပေးမှ ကိုယ့်မွေးနေ့ကို မှတ်မိတတ်တဲ့သူ့ကို ခွင့်လွတ်နားလည်ပေးပါ။
တကယ်တော့... သန်မာထွားကြိုင်းတဲ့ သူ့ခန္ဓာအောက်က အသဲနှလုံးတစ်စုံဟာ
ကိုယ့်ဆီက ခွင့်လွတ်နားလည်မှု နည်းနည်းနဲ့ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။

ဇနီး
သူ့ဆီမှာ ကိုယ်တောင်းဆိုတဲ့အရာတွေက ကိုယ့်မိခင်ဆီ ကိုယ်တောင်းဆိုတဲ့အရာလို သဘာဝကျပါသလား?
တစ်ခြားကဏ္ဍကနေ ပါဝင်ကြည့်ပါ။
တစ်ခါတလေ ကလေးနို့ပုလင်းကို ကိုင်ကြည့်ပါ။
တစ်ခါတလေ မီးဖိုချောင်ဝင်ကြည့်ပါ။
လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားအပြင် ဂရုစိုက်မှု၊ နားလည်မှုနဲ့
ချိုမြိန်တဲ့ စကားတွေ သူ့ကိုနည်းနည်း ပိုပေးလိုက်ပါ။

သားသမီး
သေးငယ်တဲ့ သူ့ရဲ့လက်တွေ နောင်တစ်ချိန်မှာ ဘယ်လိုလက်ဖဝါးကြီးမျိုး ဖြစ်နိုင်မလဲ?
ရီပို့ကတ်ပေါ်က အမှတ်တွေကို သူ့ဆီက ကိုယ်တောင်းဆိုသလို ပတ်ဝန်းကျင်၊ သဘာဝတရားတွေကို သူခံစားတတ်အောင် သင်ပေးပါ။
စိတ်ဓာတ်တွေ သန်မာကြံ့ခိုင်အောင် သင်ပေးသလို နူးညံ့ပျော့ပျောင်းတဲ့ နှသားသားတစ်စုံ ရှိသင့်ကြောင်းလည်း ပြောပြပါ။
သူကြီးပြင်းရာ လမ်းတစ်လျှောက်မှာ လမ်းညွှန်ဆုံးမသူအဖြစ် အဖော်ပြုပေးပါ။

မိဘ
အချိန်မီသေးတဲ့အချိန်မှာ တန်ဖိုးထားပါ။
ကိုယ့်သားသမီးတွေရဲ့ ငိုသံက ကိုယ့်မိဘတွေရဲ့ သက်ပြင်းချသံထက် ပိုကြင်နာမှုရခဲ့ပါတယ်။
သားသမီးတွေ ကျောင်းလွတ်တဲ့အချိန်ကို ကိုယ်မမေ့ပေမယ့်
ကိုယ်အိမ်ပြန်ချိန်ကို မျှော်နေတတ်တဲ့ မိဘတွေရဲ့ ဂရုစိုက်မှုကိုတော့ ကိုယ်လျှစ်လျှူရှူမိတတ်တယ်။
လောဘရမ္မက်ရဲ့ တောင်းဆိုမှုကို ဥစ္စာပစ္စည်းတွေက မဖြည့်တင်းပေးနိုင်ပါဘူး။
အရေးကြီးတာက မိဘတွေကို ကိုယ့်ရဲ့အချိန်တွေ နည်းနည်းပိုပေးဖို့ပါပဲ။

မောင်နှမ
stand by me ကိုယ့်ဖက်မှာပဲ သူရှိနေခဲ့တယ်။
အဖေက အစ်ကို့ကို ပိုအလိုလိုက်တယ်လို့ ထင်ခဲ့တယ်။
အမေက ညီမလေးကို ပိုချစ်တယ်လို့ ထင်ခဲ့တယ်။
တကယ်တော့... လက်ဖဝါးချင်းပါပဲ၊ သွေးရင်းတွေပါပဲ
ကိုယ်လိုအပ်ချိန်မှာ သူတို့က ကိုယ်ဖက်မှာ ရှိနေခဲ့ပါတယ်။


ချစ်သူ
အချစ်က တစ်လမ်းသွားမဟုတ်ပါဘူး။ ရောင်ပြန်ဟပ်တတ်ပါတယ်။
ကိုယ်ပေးဆပ်သလောက် ပြန်ရတာပါပဲ။
စိတ်ဆိုးချိန်မှာ သူ(သူမ)ရဲ့ ကောင်းကွက်ကို ရှာကြည့်ပါ။
မကျေနပ်ချိန်မှာ သူ(သူမ)ရဲ့ အနစ်နာခံခဲ့တာကို သတိရပါ။
အေးစက်ချိန်မှာ သူ(သူမ)ရဲ့ နွေးထွေးမှုကို အမှတ်ရပါ။
ပေးဆပ်ခြင်းကို နှစ်ယောက်စလုံးနားလည်ခဲ့ရင် အချစ်က ထာဝရတည်တံ့ပါတယ်။
နှလုံးသားချင်းထပ်ပြီး နှစ်ယောက်အတူ ချစ်ဖို့ရာ မလွယ်ကူပါဘူး။
လမ်းခွဲတဲ့စကားကို လွယ်လွယ်ကူကူ မပြောလိုက်ပါနဲ့.....

youthwant.com.tw မှာဖတ်မိတာလေးပါ မျှဝေလိုက်ပါတယ်။

ခံစားမှုဘဏ်ထဲ ဘာတွေစုဆောင်းမလဲ?

ဇနီးရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

၁) မနက်ခင်းမှာ နွေးထွေးတဲ့ ပွေ့ဖက်မှုတစ်ခုပေးပါ
၂) သူ့အစား ကော်ဖီ၊ လက်ဖက်ရည်ဖျော်ပါ
၃) သူ့အစား အိပ်ရာခင်းတွေ ခေါက်ကူပါ
၎) ညအချိန်မှာ အမှိုက်သိမ်း/ သွန်ကူပါ
၅) ကလေးကို ကျောင်းပို့ပါ
၆) သူ့မိဘကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ
၇) အင်္ကျီကူခေါက်ပါ
၈) မွေးနေ့လက်ဆောင်ပေးပါ
၉) အိမ်စရိတ် ကူညီထောက်ပံ့ပါ
၁ဝ) ဂရုစိုက်၊ နွေးထွေးတဲ့စကားတွေပြောပါ

ခင်ပွန်းရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

၁) အလုပ်ကပြန်လာတဲ့သူ့ကို ကြိုဆိုပါ
၂) သူ့အလုပ်အကိုင်ကို ဂရုပြု(စောင့်ရှောက်)ပါ
၃) ညစာကို စားချင်စဖွယ်ပြင်ဆင်ပါ
၎) သူ့စိတ်လိုအင်ကို ဖြည့်ပါ
၅) မင်္ဂလာနှစ်ပတ်လည်မှာ သူအံ့သြပျော်ရွှင်အောင် လက်ဆောင်ပေးပါ
၆) သူ့လုပ်ရည်ကိုင်ရည်၊ သူ့အကျင့်စရိုက်ကို လေးစားတန်ဖိုးထားပါ
၇) အခြေအနေ၊ အချိန်အခါကိုကြည့်ပြီးမှ ပြဿနာကို ဆွေးနွေးတင်ပြပါ
၈) သူနှစ်သက်တဲ့ ဘောလုံးပွဲကိုကြည့်ပါစေ
၉) ကိုယ့်ကိုအမြဲ လှပသန့်ရှင်းအောင် ပြင်ဆင်ပါ
၁ဝ) သူ့မိဘကို ပြုစုစောင့်ရှောက်ပါ

ချစ်သူရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

၁) သူပြောတာ၊ လုပ်တာကို ယုံကြည်ပါ
၂) သူ့ကိုအလေးထား ဂရုစိုက်ပါ
၃) ခွင့်လွတ်နားလည်မှုတွေ ပေးပါ
၎) သူနှစ်သက်တဲ့အလုပ်၊ ပွဲတွေမှာ ပါဝင်ပါ
၅) သူပြောချင်တာကို နားထောင်ပေးပါ
၆) နေ့တိုင်း ချစ်သူများနေ့လို ချိုချိုမြိန်မြိန်ဖြတ်သန်းပါ
၇) ချစ်တယ်ဆိုတဲ့ စကားကို ပါးစပ်ဖျားမှာ ချိတ်ထားစရာမလိုပေမယ့်
ရင်ထဲမှာ အမြဲထည့်ထားပါ

၈) စိတ်ကြည်နူးစေတဲ့ လက်ဆောင်လေးတွေ တစ်ခါတရံပေးပါ
၉) သူ့အလုပ်ကို ကူလုပ်မပေးခင် ကြည်နူးနှစ်သက်တဲ့ စကားအကောင်းကိုပြောပါ
၁ဝ) သူ့ကောင်းကွက်ကို ပိုမြင်ပြီး ဆိုးကွက်ကို လျှော့ကြည့်ပါ

သူငယ်ချင်းရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

၁) သူရင်ဖွင့်တဲ့စကားကို နားထောင်ပေးပါ
၂) သူလုပ်ချင်တဲ့အလုပ်ကို ထောက်ခံအားပေးပါ
၃) သူအခက်ခဲကြုံချိန်မှာ ကူညီပါ
၎) သူအမှားလုပ်မိချိန်မှာ လမ်းပြညွှန်ကြားပါ
၅) သူဝမ်းနည်းထိခိုက်ချိန်မှာ ဖေးမအဖော်ပြုပါ
၆) သတိရချိန်မှာ ဖုန်းဆက်ပြီး သူ့ကိုကိုယ်သတိရကြောင်း ပြောပါ
၇) မကြာမကြာ သူရဲ့အခြေအနေ (အဆင်ပြေ မပြေ)ကို ဂရုစိုက်ပါ
၈) စိတ်ဝိညာဉ်ချင်း ဖလှယ်ပါ
၉) ကိုယ့်စီမှာရှိတဲ့ ပျော်စရာ၊ ကောင်းတဲ့ပစ္စည်းတွေ သူ့အတွက် တစ်ပုံအမြဲရှိပါစေ
၁ဝ) ကိုယ့်ခံစားချက်ကို သူနဲ့အတူ မျှဝေပါ

လူ့ဘဝက ရှုတ်ထွေးပွေလီလှတယ်။ တစ်ခါတရံမှာ ထိန်းချုပ်မှုတွေ ကင်းလွတ်ပြီး ကိုယ့်ချစ်သူ၊ ကိုယ့်ကြင်ဖော်၊ ကိုယ့်သူငယ်ချင်းတွေကို ထိခိုက်နာကျင်တဲ့စကားတွေ ပြောဆိုမိတတ်တယ်။ ခံစားမှုဘဏ်တိုက် အကောင့်လေး overdraft မဖြစ်အောင် အကောင်းဆုံးနည်းက - ကောင်းတဲ့စကား၊ ကြည်နူးတဲ့စကား၊ ပြုစုယုယမှုတွေ၊ ဂရုစိုက်စောင့်ရှောက်မှုတွေ ပုံမှန်စုဆောင်းတာပဲ ဖြစ်ပါတယ်။

* လွှင့်ပါးခဲ့တဲ့အချစ် *


ချစ်နေချိန်မှာ အချစ်ကစိတ်ကူးယဉ်ဆန်တယ်။ ဖမ်းဆုပ်လို့ မရဘူး။
ရယူပြီးချိန်မှာ အချစ်က လှပချိုမြိန်တယ်။
လွမ်းဆွေးချိန်မှာ အချစ်က ခါးသက်တယ်။
အသဲကွဲချိန်မှာ အချစ်က ခိုကိုးရာမဲ့ လဲပြိုလို့...
"ဘာဖြစ်လို့ ကျွန်တော့်ကို စွန့်လွှတ်လိုက်တာလဲ"
အေးစက်စက်မြေပြင်ပေါ် လဲကျရင်း အချစ်ကမေးတယ်။
"ဝါသနာနဲ့ မျှော်မှန်းချက်ကိုပဲ လိုချင်ခဲ့တာ"
"ကျွန်တော့်ကို ကောက်ယူပါ။ ကျွန်တော်ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ နောက်တော့ ခင်ဗျားသိမှာပါ" အချစ်က ခခယယတောင်းဆိုတယ်။
"ဟို...."
အချစ်ရဲ့ခယတောင်းဆိုမှုမှာ ကိုယ်တွေဝေနေမိတယ်။ ပြောစရာ စကားလုံး ကိုယ်ရှာမတွေ့ခဲ့ဘူး။ ကိုယ့်အတွေးထဲမှာ အချစ်ကဒြပ်မဲ့ပစ္စည်း.... မမြင်နိုင်ဘူး၊ ဆုပ်ကိုင်လို့မရဘူး။ ဒါကြောင့် အချစ်နဲ့ မျှော်မှန်းချက်ကြားမှာ မျှော်မှန်းချက်ကိုရွေးဖို့ ကိုယ်ဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့် မျက်ရည်တွေနဲ့ ပြည့်နှက်နေတဲ့အချစ်ကို မကြည့်ရက်ခဲ့လို့ ခါးချိုးဦးညွှတ်ပြီး အချစ်ကို ကိုယ်ကောက်ယူလိုက်မိပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ အချစ်က ကိုယ့်လက်ဖဝါးထဲမှာ တလက်လက်တောက်ပပြီး နွေးထွေးတဲ့ရောင်ခြည်တွေ ယှက်ဖြာနေတဲ့ ပုလဲတစ်လုံးလို့ ကိုယ်ခံစားမိတယ်။
ဒါပေမယ့်....
"ကိုယ့်ရွေးချယ်မှုကို နားလည်ပေးပါ။ အခုအချိန်မှာ အချစ်က မျှော်မှန်းချက်လောက် အရေးမကြီးဘူးလို့ ကိုယ်ထင်တယ်"
နောက်ဆုံး အချစ်ကို ကိုယ်တီးတိုးတောင်းပန်ရင်း လွှတ်ချဖို့ပြင်တယ်။
"မလုပ်ပါနဲ့... ကျွန်တော့်ကို လွှတ်မချပါနဲ့ ... ကျွန်တော့်ကိုပေါင်နှံပြီး အလိုရှိတဲ့ ပစ္စည်းနဲ့လဲယူပါ။ တစ်နေ့ ကျွန်တော့်ကို သတိရတဲ့အချိန် ကျွန်တော်ကို ပြန်လာဝယ်ပါ"
အချစ်ကို လက်ဖဝါးထဲထည့်ပြီး အချစ်အပေါင်ဆိုင်ဆီ ကိုယ်ရောက်ခဲ့တယ်။ အပေါင်ဆိုင်ပိုင်ရှင်က ခေါင်းမဖော်ဘဲ မေးတယ်။
"ဘာနဲ့ လဲမလဲ?"
"မျှော်မှန်းချက်နဲ့ လွတ်လပ်မှု" စိတ်ထင့်ထင့်နဲ့ ကိုယ်ဖြေတယ်။
"အချစ်ကိုထားပြီး သွားနိုင်ပါပြီ"
ကိုယ့်အချစ်ကို အိတ်တစ်အိတ်ထဲထည့်ပြီး အိတ်ပေါ်အမှတ်တစ်ခုကပ်လိုက်တာကို ကိုယ်လှမ်းမြင်လိုက်တယ်။
"မျှော်မှန်းချက်နဲ့ လွတ်လပ်မှု" ကို ပိုက်ပြီး အပေါင်ဆိုင်က ကိုယ်အပြေးထွက်ခဲ့တယ်။
နောက်ဆုံး အချစ်ရဲ့ ချုပ်နှောင်မှုတွေကင်းခဲ့လို့ ကိုယ်လွတ်လပ်ခဲ့တယ်။ မျှော်မှန်းချက် ကောင်းကင်အောက်မှာ ကိုယ်လွတ်လွတ်လပ်လပ် ဝဲပျံနိုင်ခဲ့တယ်။ ဒါပေမယ့် ကာလတစ်ခုအရောက်မှာ "အထီးကျန်ခြင်း" ဆိုသူတစ်ဦးက ကိုယ်သတိမထားမိချိန် ကိုယ့်အနားရောက်ရောက်လာခဲ့တယ်။ သူ့ကို ကိုယ်ဘယ်လိုမှ ငြင်းပယ်၊ မောင်းထုတ်လို့ မရခဲ့ဘူး။ ဒီလိုအချိန်ခါမျိုးမှာ အချစ်ကို ကိုယ်ပြန်သတိရမိတယ်။ လှပတဲ့ရောင်ခြည်တွေ ယှက်သန်းထားတဲ့ အချစ်ကို ကိုယ်ပြန်လွမ်းဆွတ်မိတယ်။
အချစ်အပေါင်ဆိုင်ထဲ ကိုယ်တစ်ခေါက်ရောက်ခဲ့ပြန်တယ်။ အပေါင်ဆိုင်ထဲမှာ အိတ်ကြီးအိတ်သေးတွေ အပြည့်ချိတ်လို့.. အပေါင်ဆိုင်ပိုင်ရှင်ကြီး ခေါင်းမဖော်နိုင်အောင် အလုပ်တွေရှုပ်နေခဲ့တယ်။
"၁၉၉၈ခုနှစ် ဇွန်လကအချစ်ကို ပြန်ဝယ်ချင်လို့ပါ"
"ဘာနဲ့ ဝယ်မလဲ?"
ရင့်ရော်နေတဲ့အသံနဲ့ အပေါင်ဆိုင်ပိုင်ရှင်က ကိုယ့်ကို အေးစက်စက်မေးတယ်။
"ကိုယ်ရဲ့အခုလက်ရှိနဲ့ အနာဂတ် အရာအားလုံး... ပြီးတော့ အသဲနှလုံးတစ်စုံနဲ့ ပြန်ဝယ်မှာပါ" တွေဝေမှုကင်းတဲ့အသံနဲ့ ကိုယ်ပြန်ဖြေတယ်။
တုန်ရီနေတဲ့လက်နဲ့ အိတ်ကို ကိုယ်ဖွင့်ကြည့်လိုက်တယ်။ အိတ်ထဲအချစ်က အရင်အတိုင်း လှပကြွရွနေတာကို တွေ့လိုက်တယ်။ အချစ်ကို တယုတယ ကိုင်တွယ်ရင်း အပေါင်ဆိုင်က ကိုယ်လှည့်ထွက်လာခဲ့တယ်။
အရင်က တန်ဖိုးထားရကောင်းမှန်း ကိုယ်မသိခဲ့လို့ဖြစ်လိမ့်မယ်။ ဒီတစ်ကြိမ်မှာတော့ လက်ထဲကအချစ် လွတ်မကျအောင် ကိုယ်ဂရုတစိုက်ရှိခဲ့တယ်။ အချစ်ကို ဂရုစိုက်နေခဲ့လို့ ရှေ့ကလမ်းကို ကိုယ်သေချာမကြည့်ခဲ့မိဘူး။ လေပြင်းတိုက်နေတဲ့ ရာသီဥတု အခြေအနေကိုလည်း သတိမရခဲ့ဘူး။ကိုယ်သတိတစ်ချက်အလွတ်မှာ ဒီနှစ်ရာသီရဲ့ နံပါတ်(၃)ခုမြောက် "အမှန်တရား"ဆိုတဲ့ လေပြင်းက ကိုယ့်လက်ထဲက အချစ်ကို လွတ်ကျအောင် တိုက်ခိုက်သွားခဲ့တယ်။
ကိုယ့်လက်ထဲကအချစ် ပြုတ်ကျပြီး သဲတွေဖြစ်သွားတာကို ကိုယ်မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတယ်။
"ဟင့်အင်း.. ဒါ ငါ့အချစ်မဟုတ်ဘူး။ ငါ့အချစ်က ပုလဲတွေ"
အရူးတစ်ယောက်လို ကိုယ်အော်ဟစ်မိတယ်။ အချစ်က ဘာဖြစ်လို့ အမှန်တရားဆိုတဲ့ လေပြင်းဒဏ်ကို မခံနိုင်မှန်း ကိုယ်နားမလည်ခဲ့ဘူး။
"အချစ်ဆိုတာ ပင်လယ်ထဲက သဲတွေပါပဲ။ ကိုယ့်စိတ်နဲ့ တယုတယ ဂရုစိုက်မယ်။ လွမ်းဆွတ်ခြင်း၊ မျက်ရည်တွေနဲ့ စွတ်စိုစေမှ သူဟာ ကိုယ့်နှလုံးသားထဲ အနယ်ထိုင်ပြီး ပုလဲဖြစ်သွားတာ"
"အချိန်" လို့ ခေါ်တဲ့အဘိုးအိုက မလှမ်းမကမ်းကနေ ကိုယ့်ကိုလှမ်းပြောတယ်။
"အချစ်ကို ခင်ဗျားခွဲထားတာ ကြာခဲ့လို့ ခင်ဗျားရဲ့အချစ်က အရင်လို ပုလဲမဟုတ်တော့ဘူး။ ဒါကြောင့် လေပြင်းရဲ့ဒဏ်ကို သူမခံနိုင်တော့ဘဲ သဲအဖြစ် လွှင့်ပါးသွားခဲ့ရပြီ"
လက်ထဲက သဲတွေကို တင်းတင်းဆုပ်ကိုင်ထားရင်း ကိုယ့်ရင်တွေ တဆစ်ဆစ်နာကျင်နေမိတယ်။ အရင်က တန်ဖိုးထားရကောင်းမှန်း မသိခဲ့ဘဲ ခုမှအဖိုးတန်မှန်း သိတဲ့အချစ်ကို ကိုယ်တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားချင်ခဲ့မိတယ်။ ဒါပေမယ့် သဲတွေက ကိုယ်လက်ညှိုးကြားထဲကနေ စီးကျသွားကုန်တယ်။ အချစ်က သဲမှုန်အဖြစ် ကိုယ့်အနား လွတ်ကျပျောက်ကွယ်သွားခဲ့ပြန်တယ်။

ငှက်နဲ့ငါးတို့ရဲ့အချစ်

ဟိုးရှေးရှေးတုန်းက ငါးတစ်ကောင်နဲ့ ငှက်တစ်ကောင် ချစ်ကြိုက်ခဲ့ကြတယ်။ ဒါပေမယ့် ဘုရားသခင်က သူတို့ကို ထာဝရချစ်သူမဖြစ်နိုင်ဘူး၊ သူငယ်ချင်းတောင် လုပ်ဖို့မသင့်ဘူးလို့ ပြောခဲ့တယ်။ ဘယ်လောက်ပဲချစ်ချစ်၊ ဘယ်လိုပဲချစ်ချစ် ဒီတစ်သက်မှာ သူတို့နှစ်ယောက် အတူပေါင်းဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ခဲ့ဘူး။

ပင်လယ်ရေနဲ့ ဝန်းရံခံထားရတာကို ငါးမနှစ်သက်ခဲ့ဘူး။ ကောင်းကင်အမြင့်ပေါ် လွတ်လွတ်လပ်လပ် နေရတဲ့ခံစားမှုမျိုးကို သူတောင့်တခဲ့တယ်။ ကျယ်ပြန့်တဲ့ ကောင်းကင်မှာ ပျံဝဲရတာကို ငှက်ကမကြိုက်ခဲ့ဘူး။ ရေထဲလမ်းလျှောက်ပြီး ပင်လယ်ရေစွတ်စိုတာကို သူလိုချင်ခဲ့တယ်။

ငါးက ကြိုးစားပြီး ရေပေါ်ခုန်တက်တယ်။ သူတောင့်တတဲ့ ကောင်းကင်ပြာထက် ခုန်တက်တယ်။ ငှက်က ပင်လယ်ထဲ အရှိန်နဲ့ထိုးဆင်းတယ်။ ရေနဲ့ပိုရင်းနှီးတဲ့ ခံစားမှုမျိုးရအောင် ထိုးဆင်းတယ်။ ငါးက တစ်ကြိမ်ပြီးတစ်ကြိမ် ခုန်တယ်။ ဒါပေမယ့် ရေပေါ်ရောက်တာနဲ့ ပြန်ပြန်ပြုတ်ကျတယ်။ တစ်ခါက ကမ်းပေါ်ပြုတ်ကျခဲ့လို့ ဒီရေကြောင့် ပင်လယ်ထဲသူပြန်ရောက်သွားခဲ့တယ်။

ငှက်က ရေနဲ့နီးအောင် အကြိမ်ကြိမ်ကြိုးစားတယ်။ ဒါပေမယ့် ငှက်မွေးတွေက ရေထိတာနဲ့ စိုခဲ့ရတယ်။ သူငယ်ချင်းရဲ့ အကူအညီကြောင့် အန္တရာယ်က သူလွတ်ခဲ့တာလည်း အကြိမ်မနည်းခဲ့ဘူး။

ငါး လက်မလွတ်ခဲ့ဘူး။ ကောင်းကင်က သူ့ကိုလက်ပြညှို့ငင်နေတယ်လို့ သူထင်တယ်။
ငှက်လည်း လက်မလွတ်ခဲ့ဘူး။ ပင်လယ်ကမှ သူရဲ့နားခိုရာလို့ ထင်နေခဲ့တယ်။
ဒီလိုနဲ့ နီးစပ်ဖို့ သူတို့မပြတ်ကြိုးစားခဲ့တယ်။
ဒါပေမယ့် သူတို့ကနီးစပ်ဖို့ ကြိုးစားလေ၊ သေဆုံးဖို့နီးလေဖြစ်ခဲ့တယ်။


ငါးက ငှက်ကိုပြောတယ်....
"ကောင်းကင်ဟာ နင့်အတွက်ပါ။ ကောင်းကင်ပေါ်မှာပဲ နင်ပျံဝဲသင့်တယ်"


ငှက်က ငါးကိုပြောတယ်...
"ပင်လယ်ဟာ နင့်အတွက်ပါ။ ပင်လယ်ထဲမှာပဲ နင်ကူးခတ်သင့်တယ်"


"တကယ်လို့ ငှက်နဲ့ငါး ချစ်လို့ရတယ်ဆိုရင် ငါတို့ရဲ့အသိုက်ကို ဘယ်မှာလုပ်မလဲ"

ငါးက မျက်ရည်အဝဲသားနဲ့ပြောတော့
ငှက်က .....
"အင်း.. နင့်ကိုငါ အဖြေပေးမယ်" ဆိုပြီး နောက်ဆုံးအကြိမ်အဖြင့် ကောင်းကင်အမြင့်ပေါ် ပျံတက်သွားလိုက်တယ်။


ပြီးတော့ ပင်လယ်ပြင်ဆီ ထိုးဆင်းလိုက်တယ်။
သြော်... ငါးရှိရာဆီ ထိုးဆင်းသွားတယ်ဆိုရင် ပိုမှန်လိမ့်မယ်။
အဲဒီတခဏ ငါးက ပင်လယ်ထက်ဆီ အရှိန်နဲ့ခုန်တက်လိုက်တယ်။
သြော်... ငှက်ကို ကြိုဆိုဖို့ဆိုရင် ပိုမှန်လိမ့်မယ်။
ငှက်နဲ့ငါး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်မိကြတဲ့တခဏ အရာအားလုံး ရပ်တန့်သွားခဲ့တယ်။

ဒီအဖြစ်အပျက်က ဘယ်နှစ်ရာစုက ဖြစ်ပျက်ခဲ့မှန်း လူတွေမသိခဲ့ကြဘူး။
ပြတိုက်တစ်ခုမှာ ငှက်နဲ့ငါး ပွေ့ဖက်နေတဲ့ ရုပ်ကြွင်းကို ချစ်သူနှစ်ဦးရပ်ကြည့်နေတယ်။
ဒီလိုရူးသွပ်တဲ့အချစ်က ငှက်နဲ့ငါးကို နာကျင်စေခဲ့တယ်။ ဒါပေမယ့် ဒီလိုနာကျင်မှုထဲမှာ ပျော်ရွှင်ခြင်း တစိတ်တဒေသပါခဲ့တယ်။

တကယ်လည်း သူတို့ပျော်ရွှင်ခဲ့ပါတယ်။
လူအများရဲ့ရင်ထဲမှာ သူတို့ဟာသိပ်ချစ်ကြသူအဖြစ် ထင်ကျန်ခဲ့လို့ပါပဲ...

* * ဥပေက္ခာအချစ် * *

သစ္စာတရားက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး လိမ်ညာခြင်းကိုရွေးပါ။
လိမ်ညာခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး တိတ်ဆိတ်ခြင်းကိုရွေးပါ။
တိတ်ဆိတ်ခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကျေးဇူးပြုပြီး ခွဲခွါခြင်းကိုရွေးပါ။
ချစ်ခြင်းက နာကျင်ခြင်းတစ်မျိုးဆိုရင်
ကောင်လေးရေ….
ကျေးဇူးပြုပြီး ငါ့အနားမကပ်ပါနဲ့။

လောင်ကျွမ်းခံဖို့…
ဆေးလိပ်က မီးခြစ်ကို ချစ်မိသလိုမျိုး
အဖျော်ခံဖို့….
သကြားက ရေကို ချစ်မိသလိုမျိုး
စွန့်ပစ်ခံဖို့….
နာကျင်ခြင်းက ပျော်ရွှင်ခြင်းကို ချစ်မိသလိုမျိုး
ငါ့အချစ်တွေ လောင်ကျွမ်း၊ အရည်ပျော်၊ စွန့်ပစ်ခံလို့….

နာကျင်ခြင်းတွေ နှလုံးအိမ်ထဲ ထာဝရခိုအောင်းမနေဖို့
ကောင်လေးရေ….
“ချစ်တယ်” ဆိုတဲ့စကားကို လွယ်လင့်တကူ မပြောပါနဲ့။

အချစ်တစ်မျိုးကို
“ဥပေက္ခာ” လို့ ငါတင်စားခဲ့ပါရစေ….


ပန်းကလေးသိတဲ့ မမနိုင်နိုင်စနေရဲ့ ကဗျာလေးပါ။ ဒီကဗျာလေးကြိုက်လို့ ................................

* * ပဲ့ကြွေသွားတဲ့ အချစ် * *

မရင့်မှည့်မီ ကြွေသွားတဲ့ အသီးလို
ငါဟာ မြေပြင်ပေါ် ခြွေချခံရသူပါ
ပလီပလာဆန်တဲ့ ကြမ္မာကောင်ကြောင့်
အတိတ်တွေ ဆူနာမီ လွှမ်းခဲ့ရတယ်။

လောကကြီးရေ.....
ငါနှစ်သက်ရာ ငါကိုးကွယ်ခွင့် မရှိဘူးလား
တိမ်တွေလို လေနှင်ရာ မရွေ့လျှားခိုင်းပါနဲ့
ငါ့ဘ၀နဲ့ငါ ရူးခွင့်တော့ရှိပါတယ်။

အချစ်တစ်ခု မရင့်မှည့်မီ
အခြွေချခံခဲ့ရပြီးပြီ။

* * တစ်ယောက်ထဲ * *

နွေးထွေးစေမယ်ဆိုလို့
ရင်ခွင်တစ်စုံထဲ ခိုဝင်ခဲ့ပါတယ်
အခုတော့.....
မိုးရေထဲမှာ ငါတစ်ယောက်ထဲ(တည်း)

လွမ်းရမှာကြောက်လို့
ချစ်တတ်အောင်သင်ခဲ့ပါတယ်
အခုတော့.....
အလွမ်းတွေကြားမှာ ငါတစ်ယောက်ထဲ

ရဲရဲလျှောက်မယ်ဆိုလို့
လက်တစ်စုံကိုတွဲခဲ့ပါတယ်
အခုတော့....
လမ်းခုလပ်မှာ ငါတစ်ယောက်ထဲ

ကောင်လေးရေ...
မင်းမရှိတဲ့ မနက်ဖြန်ကို
ဘယ်လိုဆက်ရေးရမှန်း မသိလို့
အိပ်မက်တစ်ရွက်ကို ငါဆုပ်ဖြဲလိုက်တယ်
အခုတော့...
မျှော်လင့်မီးမှိန်မှိန်အောက်မှာ ငါတစ်ယောက်ထဲ

* * ရက်ရက်စက်စက် ထားခဲ့ပါ * *

မင်းကို အရမ်းချစ်တယ်လို့ မကြာခဏပြောပါ
မင်းမရှိရင်မဖြစ်ဘူးလို့ အားရအောင်ကြွေပြပါ
ရင်ထဲမှာမင်းပဲအပြည့်လို့ ထပ်ခါထပ်ခါချွဲပါ
မင်းကြောင့်အသက်ရှင်တယ်လို့
ငါ့ယုံကြည်မူကို မကြာခဏဖဲ့စားပါ
မင်းရဲ့အလိမ်ညာကျော့ကွင်းထဲ
ငါလွတ်အောင်မရုန်းနိုင်တော့မှ
ငါ့ကိုရက်ရက်စက်စက် ထားသွားခဲ့ပါ ချစ်သူ

“မင်းကို မောင်အရမ်းချစ်တယ်”
ဒါနဲ့ပဲ ငါအကြိမ်ကြိမ်သေခဲ့ရတယ်

* * ဖူးစာရေး နတ်မင်းသို့တောင်းခံလွှာ * *

** ဖူးစာရေး နတ်မင်းကြီးရယ်
မဆုံစေချင်ရင်လည်း
မကြုံပေးပါနဲ့လား။

** ခဏတာ တွေ့ကြုံရပြီး
တစ်သက်တာ မမေ့နိုင်တဲ့ ချစ်ခြင်းတွေနဲ့
ခဏ်မခတ်လိုကပါနဲ့။

** မျက်လုံးစာ မတတ်တဲ့
ချစ်သမီးအတွက်
ဖွင့်ဟသံတွေလည်း
မပိတ်ပင်လိုက်ပါနဲ့။

** ဆိုင်သူမသိဘဲ
တိတ်တိတ်လေး လွမ်းရတာလည်း
မောလှပါတယ်။

** အတိတ်ကို မေ့ချင်ပေမယ့်
မနေ့ကလို ထင်နေတာလည်း
ခက်လှပါတယ်။

** ချစ်ခြင်းတရားက
သစ္စာမဲ့သူကို
သတိရခြင်း နောင်တ တွေနဲ့
အပြစ်ပေးသတဲ့။

**သစ္စာရှိသူအတွက်
ဆုလာဘ်က ဘာတွေလဲ
အသည်းနုတဲ့ ချစ်သမီးအတွက်
ကြမ်းတမ်းတဲ့ အချစ်ခရီးတော့
မဖန်ဆင်းလိုက်ပါနဲ့။

** ဖူးစာရေးနတ်မင်းကြီး၇ယ်
ဖူးစာမဆုံရရင်လည်း
အဖြူအမည်း သဲကွဲစေမယ့်
ရင်တွင်းစကားတွေ ဖလှယ်ရဖို့
ဘ၀တစ်ကွေ့ဝယ်
တွေ့ဆုံခွင့်လေး ရချင်သေးတယ်
တစ်ကြိမ်တစ်ခါကွယ်။

* * သံယောဇဉ် * *

သံယောဇဉ်ဆိုတဲ့
ကြိုးက တော်တော်နဲ့ ပြတ်ရခက်
ဘာကြောင့် ..........
သံယောဇဉ်ဆိုတာ ရရှိခဲ့
ခုတော့ဖြင့် မပြတ်နိုင်တဲ့
ဒို့နှလုံးသားက မင်းကိုတော့
မမြဲသတိရနေမှာ ဆိုတာကိုတော့
မင်းသိစေချင်လိုက်တာဟာ။
ဒို့အတွက်တော့ .........
မင်းကြောင့် ခံစားခဲ့ရတဲ့
ခံစားချက်တွေကိုတော့
မင်းကို ..... မပြောတော့ဘူးနော်။