Pages

19 November 2012

** ကြယ်ကြွေဆုတောင်း **


မဟူရာကောဇောသဖွယ်
ကောင်းကင်ယံမှာ
စိန်ပွင့်လေးသမျှ တလက်လက်လင်းလက်နေတဲ့
ကြယ်စင်ပွင့်ကလေးတွေရေ …
ဒို့ချစ်သူကို ပြောပေးနော်
အချစ်စစ်တို့မည်သည်


ဘယ်လိုပင် ခက်ခဲတမ်းကြမ်းမှုရှိပါစေ
တောတောင်ရေမြေမြို့တွေ ခြားနားလဲလေ
အရောက်လာခဲ့မယ်လို့..
ဒို့နှစ်ဦးရှိ နှလုံးသားဝယ်
ထာဝစဉ်တည်တံ့အချစ်တွေသာ
ရှိနေတယ်ဆိုတာ ယုံကြည်သည်
ထို့ကြောင့်
ကြယ်စင်လေးကို သက်သေတည်ကာ
ပြောလိုက်ချင်တာက
သူ့ကို သိပ်.. သိပ်ချစ်သည်…..။
ပြီးတော့လဲလေ
ကြွယ်စင်လေး ကြွေတာမြင်ရင်
ရင်ဝယ် လျှက်တပြတ်ဆုတောင်းမိ
“ချစ်သူနဲ့ အမြန်ဆုံဆည်းရပါစေလို့၏ …”
ဆုတောင်း ဆန္ဒတွေဖြင့် ရင်မှာပြည့်လို့
ထပ်ကာထပ်ကာ အလွမ်းတေးတွေ
သီဆို ဆိုငြီးနေတဲ့
ကောင်းမလေးတစ်ယောက်ရှိတယ် ဆိုတာ
ပြောပေးပါနော်..
ကျေးဇူးပါ ကြယ်စင်ပွင့်လေးရေ…..။

0 comments:

Post a Comment