Pages

19 November 2012

*** ဘ၀ကြီးရယ် ***

ဘာကြောင့် နားလည် မပေးကြတာလဲ
ဘာကြောင့် ကိုယ်ချင် မစာနာကြတာလဲ
လောကကြီးရယ် ....
ဘာကြောင့် ရက်စက်မှုတွေ ပေးရတာလဲ
နားမလည်တော့ဘူး
ဝေးရာကို

ထွက်ပြေးသွားချင်တယ်ကွာ ..... ။
ကူညီလှည့်ပါ ကံကြမ္မာရယ်
စိတ်ညစ်တာတွေ ဖြေဖျောက်ဖို့
နည်းလမ်းလေးများရှိရင်
ဖေးမ ကူညီပေးလှည့်ပါကွာ .....။
အဆင်မပြေတာတွေကများ
သောကတွေက ထပ်ခါ ထပ်ခါပွား
တစ်ယောက်တည်းရှိမဲ့ ကမ္ဘာကို
ထွက်ပြေးလိုက်ချင်မိ
ဘယ်မှာလဲ အဲ့ကမ္ဘာဆိုတာရယ်
ငြိမ်းချမ်းမဲ့ နေရာကို ရှားပေးကြပါကွာ ...။
ကြိတ်မှိတ်ခံစားရ ဒီရင်မှာ
ငိုရလွန်းသောကြောင့် မျက်လုံးတွေလဲ
မို့အစ်နေပါပီ
ငိုရလွန်းလို့ မျက်ရည်တွေလဲ
ခန်းခြောက်နေပါပီကွာ ....
အော် ဘ၀ ဘဝ
ခါးသီးလွန်လှပါတယ်
ဘာကြောင့် ဒီဘ၀ကိုမှ
လူလာဖြစ်ရတာလဲ
ဝဋ်ကြွေးတွေများ ရှိခဲ့လို့လား
ဝဋ်ကြွေးရှိသမျှ ဒီဘ၀မှာတင်
ကျေးအေးပါစေတော့
အကြိမ်ကြိမ်ဆုတောင်းမိ
ဒီရင်မှာဖြင့် ...... ။


0 comments:

Post a Comment