Pages

1 November 2009

* စာဖတ်ခြင်းဖြင့် အသိမမြင်ကျယ်ပါစေ *

* * * ပြတင်းပေါက်ကို ဖွင့်ထားပါ ............ * * *
  • စာမတတ်သူက ပြတင်းပေါက်မပါတဲ့ အိမ်နဲ့တူတယ်တဲ့။ အလင်းမ၀င်၊ လေကောင်းမရ။ စာတတ်ပြီး စာမဖတ်သူက ပြတင်းပေါက်ပါပြီး ပြင်တင်းပေါက်မဖွင့်ဘဲ ပိတ်ထားတဲ့အိမ်နဲ့ တူတယ်တဲ့။ အလင်းမ၀င် လေကောင်းမရတာ အတူတူပါပဲ။
  • စာလဲတတ် စာလဲဖတ်သူကတော့ ပြတင်းပေါက်ရှိပြီး ပြတင်းပေါက်ကို ဖွင့်ထားတဲ့အိမ်မှာ အလင်းရောင်နဲ့ လေကောင်းရသလို အသိအမြင်ပညာ လင်းရတယ်။ စာနည်းနည်းဖတ်ရင် အသိအမြင် နည်းနည်းကျယ်တယ်။ စာအများကြီးဖတ်ရင် အသိအမြင် အများကြီးကျယ်တယ်။

* * အခွင့်သာတိုင်း စာဖတ်ပါ...... * *
  • တိုးတတ်တဲ့လူတွေက အချိန်ကိုအကျိုးမဲ့ အကုန်မခံဘူး။ ရထားစောင့်ရင်း၊ ကားစောင့်ရင်း စာဖတ်တယ်။ သင်္ဘောစီးရင်း စာဖတ်တယ်။ အစည်းအဝေးမစသေးရင် စာဖတ်တယ်။ သွားလေရာလက်ဆွဲအိတ်ထဲမှာ စာအုပ်၊ စာစောင်ပါတယ်။ အခွင့်သင့်တာနဲ့ စာဖတ်တယ်။ သွားရင်လာရင်း၊ နေရင်းထိုင်ရင်း အသိပညာတိုးနေတယ်။ တော်သူတွေ တော်သည်ထက်တော်အောင် ကြိုးစားနေကြတယ်။

* * စာဖတ်ခြင်းဖြင့် မြှုင့်တင်ပါ . . .. .. . * *

  • ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ၊ ဘယ်နေရာဖြစ်ဖြစ် ရွာသိမ်ရွာငယ်လေးရဲ့ အစွန်အဖျား တဲအိမ်လေးမှာ ဖြစ်ပါစေ စာအများကြီး ဖတ်ရင် နောက်ကျမကျန်ဖူး။ ကမ္ဘာနဲ့အညီ ခေတ်မီတိုးတတ်နေပါလိမ့်မယ်။ စာဖတ်ခြင်းဖြင့် မိမိကိုယ့်ကို မြှင့်တင်ပါ။

* * စာများများဖတ်ပါ......... * *

  • စာဖတ်တာကို အကျင့်ပါနေအောင်လုပ်ပါ။ အခွင့်သာတိုင်း စာဖတ်ပါ။ စာအများကြီးဖတ်ပြီး ပညာကြီးမြင့်ပါစေ။ လူတော်လူကောင်းဖြစ်ပြီ ဘ၀အောင်မြင်တိုးတတ်ပါစေ။

0 comments:

Post a Comment