Pages

2 November 2009

* * * မဲ့ကာ ရွဲကာမပြောနဲ့ * * *

  • မဲ့ကာရွဲ့ကာပြောရင် အလှပျက်တယ်။ ဥပဓိရုပ်ပျက်တယ်။ ယောက်ျားမှာ မဲ့ကာရွဲ့ကာပြောသူနည်းပါတယ်။ မိန်းမသားတွေက ပိုများတယ်။ မဲ့ကာရွဲ့ကာပြောရင် ကြည့်မြင်ရတာ အရုပ်ဆိုးတယ်။ မှန်ထဲမှာ ကြည့်ပြီး ပြောကြည့်ပါ။ အလွန်လှတဲ့ မိန်းခလေးတောင် မဲ့ကာရွဲ့ကာပြောရင် အလှပျက်တယ်။ အကျည်းတန်သွားတယ်။ နှမျောစရာ၊ သနားစရာ ..... “မိဘ၊ အဒေါ်၊ အစ်မတို့ပြုပြင်မပေးကြလေခြင်း” လို့ စိတ်မကောင်းဖြစ်ရတယ်။ မဲ့ကာရွဲ့ကာပြောခြင်းဟာ စိတ်ရင်းမကောင်းတာကို အခြေခံတယ်။ မဲ့ကာရွဲ့ကာပြောခြင်းကြောင့် အလှမပျက်စေနဲ့။ စိတ်ကောင်းရှိအောင် ပြုပြင်ပါ။

0 comments:

Post a Comment